တရုတ်နိုင်ငံChina Eastern Airlines ၏ ပျက်ကျလေယာဉ် အပိုင်းအစများ ပြန့်ကျဲသည့်မျက်နှာပြင်ကြီးမားသည်

2022-03-24 21:07:25 |သတင်းအရင်းအမြစ် 央视新闻

လက်ရှိတွင် China Eastern လေကြောင်းလိုင်းမှ လေယာဉ်ပျက်ကျမှု ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ အရှိန်အဟုန်ဖြင့် ဆောင်ရွက်နေဆဲ ဖြစ်သည်။ MU5735 ပျက်ကျသည့်နေရာရှိ သစ်သီးပင်အား စိုက်ပျိုးသော ဥယာဥ်လှေခါးထစ်ခြံမြေများမှာ မြေပြန့်၊ ဗွက်အိုင်အဖြစ်သို့ ပျက်စီးခဲ့ကြောင်း၊ ဝါးပင်များ သစ်ကိုင်းများ ပြိုကျပျက်စီးခဲ့ကြောင်း သတင်းထောက်က သိရှိခဲ့ရပါသည်။ ကယ်ဆယ်‌ရေးအဓိကနေရာမှာ ဘောလုံးကွင်းတစ်ဝက်ခန့် ကျယ်ပြန့်သည်။ သို့သော် ပျက်ကျလေယာဉ်အပိုင်းအစများ ပြန့်ကျဲသည့်မျက်နှာပြင်မှာ အလွန်ကြီးမားသည်။ တောင်၏နောက်တစ်ဖက်ခြမ်းတွင် လေယာဉ်အပိုင်းအစများကို တွေ့ရှိခဲ့သည်။ ရှာဖွေရေးလုပ်ငန်းမှာ အလွန်ခက်ခဲကြောင်း သိရပါသည်။


အရင်းအမြစ်၊ CCTV၊ ဘာသာပြန်၊ Yunnan gateway)