တရုတ်-မြန်မာ ပူးပေါင်းထုတ်လုပ်သော ကိုဗစ် ကာကွယ်ဆေး တရားဝင်စတင်ထုတ်လုပ်

2022-03-24 21:08:44 |သတင်းအရင်းအမြစ် 央视新闻

တရုတ်-မြန်မာ ပူးပေါင်းထုတ်လုပ်သော ကိုဗစ်ကာကွယ်ဆေး စတင်ထုတ်လုပ်ခြင်းအခမ်းအနားကို မတ်လ ၂၃ ရက်နေ့တွင် ရန်ကုန်မြို့ မြန်မာဆေးဝါးထုတ်လုပ်ရေးလုပ်ငန်း၌ ကျင်းပခဲ့ကြောင်း သတင်းအရ သိရပါသည်။

သတင်းအရ၊ မြန်မာနိုင်ငံစက်မှုဝန်ကြီးဌာနနှင့် တရုတ်နိုင်ငံ Sinopharm အုပ်စုတို့သည် ၂၀၂၁ ခုနှစ် စက်တင်ဘာလ ၂၇ ရက်နေ့တွင် ကိုဗစ်-၁၉ ကာကွယ်ဆေးထုတ်လုပ်ရေး နည်းပညာသဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့ပြီး ဒီဇင်ဘာလ ၂၂ ရက်နေ့တွင် ကိုဗစ်ကာကွယ်ဆေးတပိုင်းချောကုန်တင်ပို့ခြင်း သဘောတူညီချက်ကို နှစ်ဦးနှစ်ဖက်လက်မှတ်ရေးထိုးခဲ့သည်။ ယခုနှစ် ဇန်နဝါရီလမှစတင်ပြီး Sinopharm သည် မြန်မာနိုင်ငံသို့ သက်ဆိုင်ရာဝန်ထမ်းများအား မွမ်းမံသင်တန်းပေးရန် ကျွမ်းကျင်ပညာရှင် စေလွှတ်ခဲ့ပြီး မတ်လလဆန်းတွင် စမ်းသပ်ထုတ်လုပ်ရေးသည် အကျိုးရလဒ်များ ရရှိခဲ့သည်။ မြန်မာဆေးဝါးထုတ်လုပ်ရေးလုပ်ငန်း၏ စီမံကိန်းအရ၊ လစဥ်လတိုင်း ကိုဗစ်ကာကွယ်ဆေး အလုံးရေ ၁ သန်း ထုတ်လုပ်ပြီး ၂၀၂၂ - ၂၀၂၃ ဘဏ္ဍာရေးနှစ်အတွင်း အလုံးရေ ၁၀ သန်း ထုတ်လုပ်ပြီးစီးမည် ဖြစ်ကာ ဧပြီလ လကုန်ပိုင်းမှစတင်ပြီး မြန်မာပြည်သူပြည်သားများအတွက် ကာကွယ်ဆေးထိုးနှံပေးရာတွင် အသုံးပြုနိုင်ရန် မြန်မာနိုင်ငံကျန်းမာရေးဝန်ကြီးဌာနသို့ ပံ့ပို့ပေးမည် ဖြစ်သည်။
(အရင်းအမြစ်၊ CCTV ၊ ဘာသာပြန်၊ Yunnan gateway)