မတ်လ ၂၃ ရက်နေ့ ညနေပိုင်းတွင် မီးသတ်တပ်ဖွဲ့ဝင် ၃၀၀ ကျော်သည် လေယာဥ်ပျက်ကျသော အဓိကနေရာ၏ အရှေ့ပိုင်း သစ်တောသို့ ဝင်ရောက် ရှာဖွေခဲ့သည်။ ၎င်းနေရာတွင် မြက်ရိုင်းပေါင်းပင်များ ထူထပ်နေပြီး မြေမျက်နှာသွင်ပြင်မှာ မတ်စောင့်သည်။ ထို့ကြောင့် ရှာဖွေခြင်းလုပ်ငန်းမှာ အခက်အခဲများနှင့် ကြုံတွေ့နေရသည်။ ည ၇ နာရီအထိ၊ မီးသတ်တပ်ဖွဲ့ဝင်များသည် စုစုပေါင်း အကျယ် စတုရန်းမီတာ ၄၆၀၀၀ ကို ရှာဖွေခဲ့ပြီး ကြွင်းကျန်သည့်လေယာဥ်အစိတ်အပိုင်းများနှင့် လူ့ခန္ဓာကိုယ်အပိုင်းအစအချို့ကို ရှာဖွေတွေ့ရှိခဲ့ကြောင်း သိရသည်။
(အရင်းအမြစ်၊ People's Daily၊ ဘာသာပြန်၊ Yunnan gateway)