“ချစ်ကြည်ရင်းနှီးမှုမရှိသည့်နိုင်ငံများ”အား သဘာဝဓါတ်ငွေ့ရောင်းချမှု ရူဘယ်နှင့်ပြောင်းလဲတွက်ချက်ရန် ရုရှား ဆုံးဖြတ်၊ ရုရှားဈေးကွက်မှ ပြင်သစ်လုပ်ငန်းကြီးများ နုတ်ထွက်ရန် ယူကရိန်းသမ္မတ တိုက်တွန်း

2022-03-25 17:19:26 |သတင်းအရင်းအမြစ် 新华网

ရုရှားနိုင်ငံ မြို့တော်မော်စကိုတွင် ရုရှားသမ္မတ ပူတင် မိန့်ခွန့်ပြောကြားနေ့သည့် ရုပ်သံမြင်ကွင်းအား ဖေဖော်ဝါရီ ၂၄ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ရုရှားမှ ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံများ၊ အမေရိကန် စသည့် “ချစ်ကြည်ရင်းနှီးမှုမရှိသည့် နိုင်ငံများ”သို့ သဘာဝဓါတ်ငွေ့ရောင်းချသည့်အခါ ရူဘယ်နှင့်ပြောင်းလဲတွက်ချက်မည် ဖြစ်ကြောင်း ရုရှား သမ္မတ ပူတင်က မတ် ၂၃ ရက်တွင် ကြေညာခဲ့သည်။ ရုရှားဈေးကွက်မှ ပြင်သစ်လုပ်ငန်းကြီးများ နုတ်ထွက်ကြရန် ယူကရိန်းသမ္မတ ဇယ်လန်းစကီးက ယင်းနေ့ ပြင်သစ်လွှတ်တော်၌ အမှာစကားပြောကြားရာစဉ် တိုက်တွန်းပြောကြားခဲ့သည်။— အချို့အနောက်နိုင်ငံများက ပြီးခဲ့သည့် ရက်သတ္တပတ်များတွင် ရုရှား၏ပိုင်ဆိုင်မှုများကို ပိတ်ဆို့ရန် တရားမဝင် ဆုံးဖြတ်ခဲ့ရာ ရုရှားက ဥရောပသမဂ္ဂနိုင်ငံများနှင့်အမေရိကန်ကို ကုန်စည်ရောင်းချရာတွင် အမေရိကန် ဒေါ်လာ၊ ယူရိုငွေစသည်တို့ဖြင့် တွက်ချက်ခြင်းက အဓိပ္ပယ်မရှိတော့ကြောင်း ပူတင်က မတ် ၂၃ ရက်တွင် ရုရှားအစိုးရအဖွဲ့ဝင်များနှင့် ဗွီဒီယိုဆွေးနွေးစဉ် ပြောကြားခဲ့သည်ဟု ကရင်မလင်နန်းတော် ဝက်ဘ်ဆိုက်၏ သတင်းများအရ သိရသည်။

ရုရှားနိုင်ငံ မော်စကိုမြို့ ၌ ရုရှား ဗဟိုဘဏ်အား ဖေဖော်ဝါရီ ၂၅ ရက်တွင် တွေ့ရစဉ်(ဆင်ဟွာ)

ရုရှားအနေဖြင့် အချိန်တိုအတွင်း ဘက်စုံနည်းလမ်းများ အကောင်အထည်ဖော်သွားမည် ဖြစ်ပြီး ပထမအနေဖြင့် “ချစ်ကြည်ရင်းနှီးမှုမရှိသည့်နိုင်ငံများ”ကို သဘာဝဓါတ်ငွေ့ရောင်းချရတွင် ရူဘယ်နှင့်ပြောင်းလဲတွက်ချက်သွားမည်ဖြစ်ကြောင်း ဆိုသည်။ ရုရှားဘက်က စာချုပ်ပါသတ်မှတ်ထားသည့် အရေအတွက်နှင့်ဈေးနှုန်းအတိုင်း သဘာဝဓါတ်ငွေ့ဆက်လက် ရောင်းချပံ့ပိုးပေးမည်ဖြစ်ပြီး ရုရှားအစိုးရနှင့်ဗဟိုဘဏ်က ရက်သတ္တပတ်အတွင်း ရူဘယ်အသုံးပြုခြင်းဆိုင်ရာ သက်ဆိုင်ရာတွက်ချက်မှုများကို အတည်ပြုစတင်မည်ဖြစ်ကြောင်း ပူတင်က ပြောကြားခဲ့သည်။

___ ရုရှားသမ္မတ ပူတင်နှင့် အစ္စရေးဝန်ကြီးချုပ် နာ့ဖ်တာလီ ဘန်းနက် တို့သည် မတ် ၂၃ ရက်က ဆက်သွယ်ဆွေးခဲ့ရာ ရုရှား-ယူကရိန်း စေ့စပ်ဆွေးနွေးမှုနှင့် ရုရှားအထူးစစ်ဆင်ရေးအခြေအနေများကို ပူတင်က ရှင်းလင်းပြောကြားခဲ့ကြောင်း ကရင်မလင်နန်းတော်ဝက်ဘ်ဆိုက်၏သတင်းများအရ သိရသည်။

ရုရှားနိုင်ငံ မော်စကိုမြို့ လမ်းမတွင် ဖြတ်သန်းသွားလာသူများအား မတ် ၉ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

___ ဂျာမနီဝန်ကြီးချုပ် Olaf Scholzသည် မတ် ၂၃ ရက်တွင် ရုရှားသမ္မတ ပူတင်၊ ယူကရိန်းသမ္မတ ဇယ်လန်းစကီးတို့နှင့် ဖုန်းဖြင့် ဆက်သွယ်ဆွေးနွေးခဲ့သည်။ ဂျာမနီဖက်ဒရယ်အစိုးရ ထုတ်ပြန်သည့် ကြေညာချက်တွင် Olaf Scholzက ရုရှားဘက်ကို အမြန်ဆုံးအပစ်ခတ်ရပ်စဲရန် တိုက်တွန်းခဲ့ပြီး လူသားချင်းစာထောက်ထားမှုဆိုင်ရာအခြေအနေအား တွန်းအားပေးဆောင်ရွက်ရန် တိုက်တွန်းခဲ့ကြောင်း၊ ဇယ်လန်းစကီးနှင့်ဆက်သွယ်ရာတွင် ယူကရိန်း-ရုရှား စေ့စပ်ဆွေးနွေးမှုအခြေအနေအကြောင်းပြောကြားခဲ့ပြီး ဆက်သွယ်မှုများ ဆက်လက်ထားရှိရန် သဘောတူညီခဲ့ကြောင်း သိရသည်။

___ ပြင်သစ်နိုင်ငံ ဥရောပသမဂ္ဂတွင် အလှည့်ကျဥက္ကဋ္ဌနိုင်ငံတာဝန်ထမ်းဆောင်သည့် ကာလအတွင်း ဥရောပသမဂ္ဂသို့ ယူကရိန်းပါဝင်နိုင်ရေး အကျိုးရှိစေရန် ဆောင်ရွက်စေလိုကြောင်း ဇယ်လန်းစကီးက မတ် ၂၃ ရက် ဗီဒီယိုဖြင့် ပြင်သစ်လွတ်တော်တွင် ပြောကြားခဲ့သည်။တစ်ချိန်တည်းမှာပင် ၎င်းက ရုရှားဈေးကွက်မှ ပြင်သစ်လုပ်ငန်းကြီးများ နုတ်ထွက်ကြရန် တိုက်တွန်းခဲ့သည်။

ဗြိတိန်နိုင်ငံ မန်ချက်စတာမြို့ နေအိမ်တစ်ခုတွင် သဘာဝဓါတ်ငွေ့သုံး မီးဖိုတစ်ခုအား မတ် ၁၇ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

__ ဇယ်လန်းစကီးနှင့် ဗြိတိန်ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင် မတ် ၂၃ ရက်က ဖုန်းဖြင့် ဆက်သွယ်ခဲ့ကြောင်း ယူကရိန်း Interfax သတင်းဌာန၏ဖော်ပြချက်များအရ သိရသည်။ မတ် ၂၄ ရက်တွင် ကျင်းပမည့် G7နှင့် နေတိုးအစည်းအဝေးတွင် နိုင်ငံအသီးသီး ယူကရိန်းသို့ စစ်ရေးအကူအညီ ပိုမိုပေးရန်နှင့် ရုရှားအပေါ် ဖိအားပိုပေးရန် တိုက်တွန်းသွားမည် ဖြစ်ကြောင်း ဘောရစ်ဂျွန်ဆင်က ဆိုသည်။

__ လစ်သူယေးနီးယား ကာကွယ်ရေးဝန်ကြီး Anushoskasက မတ် ၂၃ ရက်တွင် ယူကရိန်းနိုင်ငံ မြို့တော် ကိဗ်သို့ လာရောက်လည်ပတ်ခဲ့ကြောင်း ယူကရိန်း Interfax သတင်းဌာန၏ဖော်ပြချက်များအရ သိရသည်။ ယူကရိန်းကာကွယ်ရေးဝန်ကြီး Oleksiy Reznikovနှင့် Anushoskasတို့ ယူကရိန်းအရေးဆွေးနွေးရာတွင် Anushoskasက လစ်သူယေးနီးယားနှင့်ယူကရိန်း ပူးပေါင်းဆောင်ရွက်မှုများ ဆက်လက်ပြုလုပ်သွားမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

__ ရုရှားနိုင်ငံဆိုင်ရာ အမေရိကန် သံတမန်အဖွဲ့အား သတိပေးစာလွှာပေးပို့နှင့် နာမည်စာရင်းတစ်ခုကို မတ် ၂၃ ရက်တွင် ရုရှားဘက်က ပေးပို့ခဲ့ကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာန ဝက်ဘ်ဆိုက်က ယင်းနေ့တွင် ကြေညာချက် ထုတ်ပြန်ခဲ့သည်။ ရုရှားဘက်က “မကြိုဆိုထိုက်သူများ”အဖြစ် စာရင်းသွင်းထားသည့် အမေရိကန်သံတမန်များကို နှင်ထုတ်မည်ဖြစ်ပြီး ၎င်းမှာ အမေရိကန်၏ ထိုမတိုင်မီ ရုရှားကုလသမဂ္ဂကိုယ်စားလှယ်အဖွဲ့ သံတမန်အရာရှိများ၊ ကုလသမဂ္ဂအတွင်းရေးမှူးရုံးမှ ရုရှားဝန်ထမ်းများကို နှင်ထုတ်ခြင်းအပေါ် တုံ့ပြန်ခြင်း ဖြစ်ကြောင်း ဆိုသည်။ အမေရိကန်က ရုရှားအပေါ်ဆောင်ရွက်သည့် ရန်မူလှုပ်ရှားမှုအားလုံး ပြတ်သားစွာအပြည့်အဝ တုံ့ပြန်ခြင်း ခံရမည်ဖြစ်ကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။

__ ပိုလန်က ပိုလန်နိုင်ငံဆိုင်ရာ ရုရှားသံရုံး၏အကောင့်ကို ပိတ်ဆို့လိုက်ခြင်းက ဗီယင်နာသဘောတူညီချက်ကို ချိုးဖောက်ခြင်း ဖြစ်သည်ဟု ပိုလန်နိုင်ငံဆိုင်ရာ ရုရှား သံအမတ်ကြီးAndreyevက Channel One တိုက်ရိုက်ထုတ်လွှင့်မှုအစီအစဉ်တွင် ပြောကြားကြားခဲ့ကြောင်း TASS၏ မတ် ၂၃ ရက် သတင်းများအရ သိရသည်။

__ ပြီးခဲ့သည့် ရက်က ရုရှားစစ်တပ် ဖျက်ဆီးခဲ့သည့် ယူကရိန်း စစ်ဘက်ဆိုင်ရာ ပစ်မှတ် ၈၆ ခု ရှိကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Igor Konashenkovက မတ် ၂၃ ရက်တွင် ပြောကြားခဲ့သည်။ အထူးစစ်ဆင်ရေးလုပ်ဆောင်ပြီးနောက်ပိုင်း ရုရှားစစ်တပ်က ဖျက်ဆီးခဲ့သော ယူကရိန်းဘက် မောင်းသူမဲ့လေယာဉ် ၂၅၅ စီး၊ လေကြောင်းရန်ကာကွယ်ရေး ဒုံးကျည်စနစ် ၁၈၉ စုံ၊ တင့်ကားနှင့်အခြားသံချပ်ကာယာဉ် ၁,၅၆၄ စီး ၊ ဘဇူကာဒုံးလောင်ချာ ၁၅၈ လက်၊ အမြောက်နှင့်စိန်ပြောင်း ၆၂၇ လက်၊ စစ်သုံးယာဉ် ၁,၃၆၇ စီး ရှိကြောင်း ဆိုသည်။

__ ယူကရိန်းနိုင်ငံ မြောက်ပိုင်း ဆူးမီမြို့တွင် အရေးပေါ်ကယ်ဆယ်ရေးယာဉ်တစ်စီး မတ် ၂၂ ရက်တွင် ယူကရိန်းဘက်က အမြောက်ဖြင့် တိုက်ခိုက်ခံရရာ ဆေးဝန်ထမ်း ၄ ဦး သေဆုံးခဲ့ကြောင်း ရုရှားအမျိုးသားကာကွယ်ရေးကွပ်ကဲမှုဗဟို အကြီးအကဲ Mizhantsevက မတ် ၂၃ ရက် ညပိုင်းတွင် ပြောကြားခဲ့သည်။ ကိဗ်၊ ချာနီးကော့ဖ်၊ ဆူးမီ၊ ခါကိဗ်ဘက်သို့ ဦးတည်သည့် လူသားချင်းစာနာထောက်ထားရေးလမ်းကြောင်းကို မတ် ၂၃ ရက်တွင် ရုရှားဘက်က ဆက်လက် ဖွင့်ထားကြောင်း ဆိုသည်။ မတ် ၂ ရက်မှစပြီး ရုရှားမှ ယူကရိန်းသို့ ပို့ဆောင်ပြီးဖြစ်သည့် လူသားချင်းစာနာထောက်ထားမှုအထောက်အပံ့ပစ္စည်း ၄,၅၅၄ တန် ရှိကြောင်း ၊ လူသားချင်းစာနာထောက်ထားရေးလှုပ်ရှားမှု ၅၆၁ ကြိမ် လုပ်ဆောင်ပြီဖြစ်ကြောင်း ပြောကြားခဲ့သည်။

__ ယူကရိန်း-ရုရှား လူသားချင်းစာနာထောက်ထားမှုလမ်းကြောင်း ၉ ခု ဖွင့်လှစ်ခြင်း သဘောတူညီမှုကို မတ် ၂၃ ရက်တွင် ရရှိခဲ့ပြီး လမ်းကြောင်း ၇ ခုကို အောင်မြင်စွာ ဖွင့်လှစ်နိုင်ခဲ့ကြောင်း ယူကရိန်း ဒုတိယဝန်ကြီးချုပ် Iryna Vereshchukက ယင်းနေ့ သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။ ယင်းနေ့တွင် ယူကရိန်းဘက်က လူသားချင်းစာနာထောက်ထားမှုလမ်းကြောင်းမှ ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးခဲ့သူ ၄,၅၀၀ ကျော် ရှိကြောင်း ယူကရိန်း သမ္မတရုံး လက်ထောက်ညွှန်ကြားရေးမှူး Tymoshenkoက ပြောကြားခဲ့သည်။။ (Xinhua)