2022-03-25 18:09:53 |သတင်းအရင်းအမြစ် 云桥网
မတ်လ ၂၄ ရက်နေ့တွင် တယ်ဟုန်ဆရာအတတ်သင်အဆင့်မြင့်ကောလိပ် “တရုတ်ဘာသာစကား ပေါင်းကူးတံတား ။ ။ ယူနန်အနောက်ပိုင်းဒေသ၏ ဒြပ်မဲ့ယဥ်ကျေးမှု သိမြင်ခံစားခြင်း” အွန်လိုင်း ဖလှယ်ရေးလှုပ်ရှားမှုကို ယူနန်ပြည်နယ် တယ်ဟုန် တိုင်၊ ဂျိမ်းဖောတိုင်းရင်းသား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ပြည်နယ်ခွဲ မန်စီမြို့၌ စတင်ကျင်းပခဲ့ပါသည်။ မြန်မာနိုင်ငံမှ သင်တန်းသူသင်တန်းသား ၁၅၀ ကျော်တို့သည် အွန်လိုင်းမှတစ်ဆင့် အဆိုပါဖွင့်ပွဲအခမ်းအနားကို တက်ရောက်ခဲ့ကြပါသည်။
အဆိုပါဖလှယ်ရေးလှုပ်ရှားမှုသည် “တရုတ်ဘာသာစကားသင်ကြားခြင်း”နှင့်“ယဥ်ကျေးမှုလေ့လာခြင်း အထူးကဏ္ဍ ”စသဖြင့် ကဏ္ဍနှစ်ခု ဖွဲ့စည်းထားရာ တယ်ဟုန်ပြည်နယ်ခွဲ၏ သဘာဝရှုခင်းအလှတရားနှင့် ပေါများကြွယ်ဝသော ဒြပ်မဲ့ယဥ်ကျေးမှုအမွေအနှစ် တို့ကို မိတ်ဆက်ဖော်ပြထားပါသည်။ အဆိုပါသင်တန်းသူ သင်တန်းသားများသည် ဗီဒီယိုသင်တန်းများ၊ အွန်လိုင်းခရီးစဉ်များမှတစ်ဆင့် ဟူလူစ်ပြွေလေမှုတ်တူရိယာ၊ တိုင်တိုင်းရင်းသားတို့၏ စက္ကူဖြတ်ခြင်းပညာ၊ ဂျိမ်းဖောတိုင်းရင်းသားတို့ မနောအက၊ တိုင်တိုင်းရင်းသားတို့အော်ပရာနှင့် ရက်ကန်းလက်မှုပညာစသည့် ယူနန်အနောက်ပိုင်းဒေသ၏ ဒြပ်မဲ့ယဥ်ကျေးမှုကို လက်တွေ့ကျကျ တွေ့ကြုံခံစားကာ အွန်လိုင်းတွင် တယ်ဟုန်ပြည်နယ်ခွဲပြတိုက်နှင့် ယဥ်ကျေးမှုပြတိုက်တို့ကိုလည်း လေ့လာကြမည်ဖြစ်ပါသည်။
“ဒီလှုပ်ရှားမှုက စိတ်ဝင်စားဖို့ ကောင်းပါတယ်။ အနာဂတ်မှာ ကျွန်တော်တို့ တရုတ်နိုင်ငံကို သွားရောက်လေ့လာပြီး ချစ်ကြည်ရေးလှုပ်ရှားမှုမှာ ပါဝင်နိုင်ဖို့ မျှော်လင့်ထားပါတယ်။” အဆိုပါလှုပ်ရှားမှုမှာ စတင်ကျင်းပချိန်မှစပြီး မြန်မာနိုင်ငံမှ သင်တန်းသူသင်တန်းသားများသည် မိမိ၏ တရုတ်ဘာသာစကားအသုံးချမှုစွမ်းရည်ကို တိုးမြှင့်နိုင်သည့်အပြင် တရုတ်ရိုးရာယဉ်ကျေးမှုကိုလည်း ပိုမိုသိရှိနားလည်နိုင်မည် ဖြစ်သည်။
( အရင်းအမြစ်နှင့် ဘာသာပြန်၊ Yunnan gateway)