တရုတ်နိုင်ငံ၏ အကြီးစား ကမ်းလွန် လေအားလျှပ်စစ်ထုတ်လုပ်မှုပမာဏ ကီလိုဝပ်နာရီ ၁ ဘီလီယံရှိ

2022-03-29 18:48:17 |သတင်းအရင်းအမြစ် 新华网

China Three Gorges Renewables (Group) Co., Ltdပေးပို့သည့်ဓါတ်ပုံမှတစ်ဆင့် ကမ်းလွန် လေအားလျှပ်စစ်စီမံကိန်းအား တွေ့ရစဉ်(ဓါတ်ပုံ-China Three Gorges Renewables (Group) Co., Ltd)

တရုတ်နိုင်ငံ တောင်ပိုင်း ကွမ်တုန်းပြည်နယ် ဆားပါး မြို့နယ် ကမ်းရိုးတန်းဒေသ ကမ်းလွန် လေအားလျှပ်စစ်စက်ရုံသည် ယခုနှစ် မတ် ၂၅ ရက်ထိဆိုလျှင် လျှပ်စစ်ဓါတ်အား ကီလိုဝပ်နာရီ ၁ ဘီလီယံကျော် ထုတ်လုပ်ပြီးဖြစ်ကြောင်း သိပ္ပံနှင့်နည်းပညာနေ့စဉ်သတင်းစာက တနင်္လာနေ့တွင် ဖော်ပြခဲ့သည်။

ယင်းထုတ်လုပ်သည့် လျှပ်စစ်ဓါတ်အားပမာဏသည် ကျောက်မီးသွေး တန်ချိန် ၃၀၇,၆၀၀ ကို အစားထိုးနိုင်ရာ ကာဗွန်ဒိုင်အောက်ဆိုက် တန်ချိန် ၈၄၀,၀၀၀ ကို လျော့နည်းစေပြီး သစ်တော ၃,၃၀၉ ဟက်တာ စိုက်ပျိုးခြင်းနှင့်ညီမျှကြောင်း ဖော်ပြထားသည်။

အဆိုပါလေအားလျှပ်စစ်စက်ရုံသည် ကွမ်တုန်း-ဟောင်ကောင်-မကာအို ပင်လယ်အော်ဧရိယာတွင် အစိမ်းရောင်စွမ်းအင်ဖွံ့ဖြိုးရေး အထောက်အပံ့အတွက် China Three Gorges Renewables (Group) Co., Ltd၏ ရန်ပုံငွေဖြင့် စုစုပေါင်း တပ်ဆင်အား ကီလိုဝပ်နှစ်သန်းဖြင့် တည်ဆောက်ထားခြင်း ဖြစ်သည်။

၎င်းတွင် ကမ်းလွန်လေအားတာဘိုင် ၃၁၅ ခု၊ ကမ်းလွန်လေအားမြှင့်တင်ရေးစခန်း ၄ ခု၊ ရေအောက်ကေဘယ်ကြိုး ၁,၀၀၀ ကီလိုမီတာ ပါဝင်သည်။

ကွမ်တုန်း-ဟောင်ကောင်-မကာအို ပင်လယ်အော်ဧရိယာတွင် နှစ်စဉ်လေအားလျှပ်စစ်စွမ်းအင် ကီလိုဝပ်နာရီ ၅.၆ ဘီလီယံ ရရှိနိုင်ပြီး နှစ်စဉ် အိမ်ထောင်စုပေါင်း ၂.၄ သန်း၏ လျှပ်စစ်ဓါတ်အားအသုံးပြုမှုကို ဖြည့်ဆည်းပေးနိုင်ကြောင်း သိရသည်။(Xinhua)