တရုတ်နိုင်ငံ၏ နေရောင်ခြည်စွမ်းအင်သုံးလျှပ်စစ်ဓာတ်အား ရင်းနှီးမြှုပ်နှံမှု ပထမနှစ်လအတွင်း မြင့်တက်

2022-03-29 18:49:59 |သတင်းအရင်းအမြစ် 新华网

တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ယူနန်ပြည်နယ် Chuxiong Yi ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရစီရင်စု Yongren ခရိုင်အတွင်း နေရောင်ခြည်စွမ်းအင်သုံး ဓာတ်အားပေးစက်ရုံတစ်ရုံ၌ ရွာသားများက ဆိုလာပြားများအား သန့်ရှင်းရေး ပြုလုပ်နေသည်ကို ဖေဖော်ဝါရီ ၂၆ ရက်တွင် တွေ့ရစဉ်(ဆင်ဟွာ)

တရုတ်နိုင်ငံ၏ အဓိက လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်းများသည် ယခုနှစ်ပထမ နှစ်လအတွင်း နေရောင်ခြည်စွမ်းအင်သုံးလျှပ်စစ်ဓာတ်အား စီမံကိန်းများတွင် ရင်းနှီးမြှုပ်နှံမှုများ မြင့်တက်လာသည်ကို တွေ့မြင်ရကြောင်း တရားဝင်အချက်အလက်များတွင် ဖော်ပြထားသည်။

ဇန်နဝါရီလမှ ဖေဖော်ဝါရီလအထိကာလအတွင်း ရင်းနှီးမြှုပ်နှံမှုများသည် ယွမ် ၉ ဒသမ ၄ ဘီလီယံ(အမေရိကန်ဒေါ်လာ ၁ ဒသမ ၄၇ ဘီလီယံ)အထိ ယခင်နှစ်ကထက် ၁၅၃ ဒသမ ၇ ရာခိုင်နှုန်း တစ်ဟုန်ထိုးမြင့်တက်သွားခဲ့ကြောင်း အမျိုးသားစွမ်းအင်စီမံခန့်ခွဲမှုအဖွဲ့က ပြောကြားခဲ့သည်။

ယခုနှစ်ပထမ နှစ်လအတွင်း လျှပ်စစ်ဓာတ်အား တည်ဆောက်မှုစီမံကိန်းများတွင် ယင်းကုမ္ပဏီများ၏ စုစုပေါင်းရင်းနှီးမြှုပ်နှံမှုမှာ ယွမ် ၄၇ ဒသမ ၁ ဘီလီယံ ရှိခဲ့ရာ ၁ ဒသမ ၉ ရာခိုင်နှုန်း ကျဆင်းသွားကြောင်း သိရသည်။

ရေအားလျှပ်စစ်တွင် ရင်းနှီးမြှုပ်နှံမှုသည် ယွမ် ၁၂ ဒသမ ၃ ဘီလီယံ ဝင်ရောက်လာခဲ့ပြီး ယခင်နှစ်အလားတူကာလထက် ၁၉ ဒသမ ၆ ရာခိုင်နှုန်း ကျဆင်းသွားခဲ့ကြောင်း ၊ မဟာဓာတ်အားလိုင်းစီမံကိန်းများတွင် ယွမ် ၃၁ ဒသမ ၃ ဘီလီယံအထိ ၃၇ ဒသမ ၆ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း သိရသည်။ (Xinhua)