ကိုဗစ်-၁၉ ကာလတွင် မန်စီမြို့မှ ၁၉၉၂ ခုနှစ်ဖွားလူငယ်တစ်ဦးသည် မိမိလုပ်ငန်းအဖွဲ့အတွက် “အကျပ်အတည်း” အတွင်းမှ “အခွင့်အလမ်း” သယ်ဆောင်လာ

2022-03-30 18:49:39 |သတင်းအရင်းအမြစ် 云南日报

“ကိုဗစ်-၁၉ ကပ်ရောဂါ ဖြစ်ပွားကတည်းက ကျွန်တော်တို့ ကုမ္ပဏီဟာ အခဲအခက်တွေ တော်တော်များများ ကြုံတွေ့ရခဲ့ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ တစိုက်မတ်မတ် ဖြတ်ကျော်နိုင်ခဲ့ပါတယ်။”၁၉၉၂ ခုနှစ် မွေးဖွားသော ဥက္ကဋ္ဌ ဖူရှောင်ဝိန်၏ ဦးဆောင်မှုအောက်တွင် တယ်ဟုန်စိုက်ပျိုးရေးနှင့် တိရစ္ဆာန်မွေးမြူရေး ဖွံ့ဖြိုးတိုးတက်ရေး လီမိတက်ကုမ္ပဏီသည် ကိုဗစ်-၁၉ ကပ်ရောဂါဖြစ်ပွားသည့်ကာလတွင် “အကျပ်အတည်း”များမှ “အခွင့်အလမ်း”သို့ ပြောင်းလဲလာသည်နှင့်အမျှ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်သည့် နည်းလမ်းကောင်းတစ်ခုတွင် လှမ်းချီလျက်ရှိနေပါသည်။

ကျွန်တော်တို့ ကုမ္ပဏီသည် စျေးကွက်ကို ကြိုးပမ်းအားထုတ်ပြီး တိုးချဲ့နိုင်သည့်အတွက် ဝန်ထမ်းများအား အလုပ်မှ ထုတ်ပယ်ခြင်း မရှိစေဘဲ အလုပ်ခန့်သည့် ဝန်ထမ်းအရေအတွက်သည် ယခင်က ၆၈ ဦးမှ ၉၂ ဦးထိ တိုးလာကြောင်း၊ ထို့နည်းတူ ကျွန်တော်တို့ ကုမ္ပဏီသည် စိုက်ပျိုးရေးတောင်သူ များစွာအား ကူညီပေးကာ ဟင်းသီးဟင်းရွက်ရောင်းချမှုပြဿနာကို ဖြေရှင်းပေးခဲ့ပြီး ဒေသတွင်း စားသုံးမှု ထောက်ပံ့ရန် အကျိုးပြုလျက်ရှိကြောင်း ဖူရှောင်ဝိန်က ပြောဆိုပါသည်။

တယ်ဟုန်စိုက်ပျိုးရေးနှင့် တိရစ္ဆာန်မွေးမြူရေး ဖွံ့ဖြိုးတိုးတက်ရေး လီမိတက်ကုမ္ပဏီ၏ မန်စီမြို့ပြရှိ ဖြန့်ဖြူးရေးရုံးခွဲတွင် ဝန်ထမ်းများသည် ပို့ဆောင်ရန် လိုအပ်သော စားသောက်ကုန်များအား ခွဲခြားခြင်း၊ ထုပ်ပိုးခြင်းနှင့် သယ်ပို့ခြင်းတို့ဖြင့် အလုပ်များနေကြသည်။ “ကျွန်တော်က အမြန်ချောပို့အလုပ်ကို အဓိက လုပ်ကိုင်လျက်ရှိပါတယ်။ အခု အမြန်ချော ပို့ဆောင်နေတဲ့ ဌာန ၅ ခု ရှိပါတယ်။ ကျွန်တော်ရဲ့ လစဉ်ဝင်ငွေ ယွမ် ၄၀၀၀ လောက်ရှိပါတယ်။ အိမ်နဲ့ ကုမ္ပဏီက အတော်လေး နီးပါတယ်။ ကုမ္ပဏီက ကျွန်တော်တို့အတွက် အစားအသောက်တွေလည်း ပံ့ပိုးပေးပါတယ်။ ကျွန်တော့်အတွက်တော့ ဒီအလုပ်က တော်တော်ကောင်းပြီး အဆင်ပြေပါတယ်”ဟု အဆိုပါကုမ္ပဏီမှ ပို့ဆောင်ရေးဝန်ထမ်း လီယုံလုံးက ပြောပါသည်။

တယ်ဟုန်စိုက်ပျိုးရေးနှင့် တိရစ္ဆာန်မွေးမြူရေး ဖွံ့ဖြိုးတိုးတက်ရေး လီမိတက်ကုမ္ပဏီသည် စားသောက်ကုန် ပို့ဆောင်ပေးသည့်အပြင် ထုတ်လုပ်မှုကွင်းဆက်ကို လယ်ကွင်းများနှင့် လယ်သမားများ၏ အိမ်များသို့တိုင် တက်ကြွစွာ တိုးချဲ့ဆောင်ရွက်ခဲ့ပါသည်။ “ဒီလုပ်ငန်းက လယ်ယာထွက်ကုန်များ ဝယ်ယူဖို့ လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရုံသာမက လယ်သမားများကို လယ်ယာထွက်ကုန်ရောင်းချတဲ့ ပြဿနာကို ဖြေရှင်းနိုင်ဖို့ တွန်းအားပေးတဲ့အပြင် သူတို့ရဲ့ ဝင်ငွေ တိုးလာစေမှာပါ” ဟု အဆိုပါကုမ္ပဏီမှ သက်ဆိုင်ရာတာဝန်ရှိသူက ပြောပြပါသည်။ ကျွန်တော်တို့ ပူးပေါင်းဆောင်ရွက်သော စိုက်ပျိုးမွေးမြူရေး အခြေစိုက်စခန်းများမှ ထုတ်လုပ်သည့် စိုက်ပျိုးရေးထွက်ကုန်များမှာ ကျွန်တော်တို့ကုမ္ပဏီ ဝယ်လိုအား၏ ၃၀ ရာခိုင်နှုန်းခန့်ရှိပြီး အခြားသော ၇၀ ရာခိုင်နှုန်းမှာ စျေးကွက်နှင့် စိုက်ပျိုးမွေးမြူရေး အိမ်ထောင်စု အများစုမှ ဝယ်ယူခြင်းဖြစ်ကြောင်း အဆိုပါ တာဝန်ရှိသူက ဆက်လက်ပြောပြပါသည်။

( အရင်းအမြစ်၊ မန်စီမြို့မီဒီယာစင်တာ။ ဘာသာပြန်၊ Yunnan gateway)