တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ချုံချင့်မြို့ရှိ 5G အခြေစိုက်စခန်း တည်ဆောက်မှုလုပ်ငန်းခွင် တစ်နေရာအား ၂၀၂၀ ပြည့်နှစ် ဧပြီ ၁၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
တရုတ်နိုင်ငံ 5G ချိတ်ဆက်မှု အရေအတွက်သည် ၂၀၂၅ ခုနှစ်မကုန်မီအထိ ၈၉၂ သန်းအထိ ရောက်ရှိလာမည်ဖြစ်ကြောင်း နိုင်ငံတကာ မိုဘိုင်းအော်ပရေတာ အသင်းတစ်ခုဖြစ်သော GSMA ၏ မကြာသေးခင်က လေ့လာမှုအရ သိရသည်။လက်ရှိတွင် တရုတ်နိုင်ငံရှိ ပြည်နယ်အချို့နှင့် မြို့အချို့၌ ကိုဗစ်-၁၉ ရောဂါ တိုက်ဖျက်နေရသော်ငြားလည်း ကမ္ဘာ့အင်တာနက် ကွန်ဖရင့် ဝူကျန့်ထိပ်သီးအစည်းအဝေး၌ လွန်ခဲ့သောနှစ်ဝက်ခန့်က GSMA ၏ ခန့်မှန်းချက်ထက် ပိုမိုမြင့်မားနေကြောင်း သိရသည်။
တရုတ်ပြည်မကြီးတွင် လိုင်းဆွဲအားကောင်းသော 5G တောင်းဆိုမှုက ကမ္ဘာပေါ်တွင် အကြီးမားဆုံး တစ်ခုတည်းသော 5G ဈေးကွက်ကို ဆောင်ရွက်ထားခဲ့ပြီး 5G ချိတ်ဆက်မှုများမှာ ၂၀၂၁ ခုနှစ် နှစ်ကုန်ပိုင်း၌ ကမ္ဘာ့စုစုပေါင်း၏ ၇၅ ရာခိုင်နှုန်းရှိကြောင်း အသင်း၏ နောက်ဆုံးအစီရင်ခံစာဖြစ်သော “၂၀၂၂ ခုနှစ် တရုတ် မိုဘိုင်း စီပွားရေး” အရ သိရသည်။
“တရုတ်နိုင်ငံက 5G အတွက် ဦးဆောင်ဈေးကွက်တစ်ခုဖြစ်ပြီးတော့ ဒစ်ဂျစ်တယ် အသွင်ကူးပြောင်းမှု စက်မှုလုပ်ငန်း အရှိန်မြှင့်တင်ရာမှာ အရေးပါတဲ့ အခန်းကဏ္ဍကပါဝင်လျက် ရှိတယ် “ ဟု GSMA ဆိုင်ရာ တရုတ်နိုင်ငံ အကြီးအကဲ Sihan Bo Chen က ပြောကြာခဲ့သည်။
မတ်လအစောပိုင်းမတိုင်မီ တရုတ်နိုင်ငံတွင် 5G အခြေစိုက်စခန်း ၁.၄၃ သန်းခန့်ရှိပြီဖြစ်ကာ 5G အသုံးပြုသူ သန်း ၅၀၀ ကျော် ရှိပြီဖြစ်သည်။ တရုတ်နိုင်ငံအနေဖြင့် ယခုနှစ်အတွင်း 5G အခြေစိုက်စခန်း အရေအတွက် ၂ သန်းအထိ ရောက်ရှိလာစေရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း တရားဝင်အချက်အလက်များ၌ ဖော်ပြထားသည်။ (Xinhua)