မတ်လ ၂၉ ရက်နေ့တွင် ကိုဗစ်-၁၉ အတည်ပြုလူနာအသစ် ၁၅၆၅ ဦး၊ ရောဂါလက္ခဏာမပြသောလူနာ ၇၀၉၀ ဦး အသစ်တိုး

2022-03-30 18:54:54 |သတင်းအရင်းအမြစ် 中新网、新华网

မတ်လ ၂၉ ရက်နေ့တွင် တရုတ်နိုင်ငံ၏ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသနှင့် ဗဟိုအစိုးရ တိုက်ရိုက်စီမံအုပ်ချုပ်သည့် မြို့ပြ အပါအဝင် ပြည်နယ် ၃၁ ခုနှင့် ရှင်းကျန်းထုတ်လုပ်ရေးနှင့် တည်ဆောက်ရေး တပ်ဖွဲ့တွင် ကိုဗစ်-၁၉ အတည်ပြုလူနာအသစ် ၁၅၆၅ ဦး၊ ရောဂါလက္ခဏာမပြသောလူနာ ၇၀၉၀ ဦး အသီးသီး အသစ်တိုးခဲ့ကြောင်း သတင်းအရ သိရပါသည်။ ၎င်းအနက် တရုတ်နိုင်ငံ နိုင်ငံတကာစီးပွားရေး၊ ငွေရေးကြေးရေး၊ ကုန်သွယ်ရေး၊ ရေကြောင်းသယ်ယူပို့ဆောင်ရေး၊ သိပ္ပံနှင့်နည်းပညာ ဆန်းသစ်တီထွင်မှုစင်တာနှင့် အမျိုးသားကုန်စည်စီးဆင်းမှု ဗဟိုနေရာဖြစ်သည့် ရှန်ဟိုင်းမြို့သည် ကိုဗစ်-၁၉ ရောဂါအခြေအနေအား လူအများက ဂရုစိုက်မှု များစွာ ရှိနေသည်။ မတ်လ ၂၉ ရက်နေ့တွင် ရှန်ဟိုင်းမြို့အတွင်း ကိုဗစ်-၁၉ အတည်ပြုလူနာနှင့် ရောဂါလက္ခဏာမပြသောလူနာ ၃၂၆ ဦး၊ ၅၆၅၆ ဦး အသီးသီးအသစ်တိုးခဲ့ပြီး မတ်လ ၂၈ ရက်နေ့ ၁၇း၀၀ နာရီမှစတင်၍ Huangpu မြစ်အား နယ်ခြားမျဥ်းကြောင်းအနေဖြင့် ရပ်ကွက်အလိုက် အသုတ်အလိုက် နျူကလီအက်ဆစ်နမူနာ စစ်ဆေးစမ်းသပ်ခြင်းကို စတင်ဆောင်ရွက်ခဲ့သည်။ လက်ရှိတွင် ရှန်ဟိုင်းတွင် အရံဆေးရုံ ၆ ခုကို စီစဥ်ထားသကဲ့သို့ အားကစားရုံ ၂ ခု၊ တည်းခိုခန်း ၁ ခန်း၊ ပြခန်းကြီးတစ်ခုကိုလည်း ဆေးကုရာနေရာအဖြစ် ပြုပြင်အသုံးချနေပြီဖြစ်သည်။ ထို့ပြင်၊ သီးသန့်စုစည်းထားရှိသည့်နေရာ တစ်ခုကိုလည်း စီစဉ်ပေးထားသည်။ ကိုဗစ်-၁၉ ထိန်းချုပ်ရေးကာလတွင် ရှန်ဟိုင်းမြို့သည် အရေးပေါ်ဆေးကုသခြင်း အာမခံပေးရန် ကိုယ်ပူဖျာနာကုသပေးခြင်း၊ Hemodialysis ဆေးကုပေးခြင်း၊ ရောဂါလက္ခဏာပြင်းထန်သော ရောဂါ၊ ကလေးများ ဆေးကုသပေးခြင်း၊ radiation therapy နှင့် chemotherapy ဆေးကုပေးခြင်း စသည်တို့အတွက် အစိမ်းရောင်ဆေးကုလမ်းကြောင်း ဖွင့်လှစ်ပေးထားကြောင်း သတင်းအရ သိရပါသည်။


(သတင်းအရင်းအမြစ်၊ Chinanews.com နှင့် Xinhua ၊ ဘာသာပြန်၊ Yunnan gateway)