မြန်မာနိုင်ငံ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနသည် အွန်လိုင်းမှ အီးဗီဇာ(e-visa) လျှောက်လွှာတင်ခြင်း ပြန်လည်ဆောင်ရွက်မည်

2022-03-30 18:59:09 |သတင်းအရင်းအမြစ် 央视网

ဧပြီလ ၁ ရက်နေ့မှ စတင်ပြီး အွန်လိုင်းမှတစ်ဆင့် အီးဗီဇာ(e-visa)လျှောက်လွှာတင်ခြင်းကို ပြန်လည်ဆောင်ရွက်ပေးမည်ဖြစ်သည်ဟု မြန်မာနိုင်ငံ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနက မတ်လ ၃၀ ရက်နေ့တွင် ထုတ်ပြန်ခဲ့ကြောင်း သတင်းအရ သိရပါသည်။

မြန်မာနိုင်ငံသည် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရန် ၂၀၂၀ ပြည့်နှစ် မတ်လ ၂၀ ရက်နေ့မှစတင်ပြီး အွန်လိုင်းမှတစ်ဆင့် အီးဗီဇာ(e-visa) လျှောက်လွှာတင်ခြင်းကို ရပ်ဆိုင်းခဲ့ပြီး ထိုအချိန်မှစ၍ နှစ် နှစ်ကျော်ကြာခဲ့ပြီဖြစ်ကြောင်း သိရသည်။

ယခုရက်ပိုင်း မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ကပ်ရောဂါကာကွယ်ရေး ထိရောက် ကောင်းမွန်စွာ ထိန်းချုပ်နိုင်ပြီဖြစ်သောကြောင့် ဧပြီလ ၁၇ ရက်နေ့မှစတင်ပြီး နိုင်ငံတကာလေကြောင်းလိုင်းများအား မြန်မာနိုင်ငံသို့ ဝင်ရောက်ခွင့် ပြန်လည်ပေးမည်ဖြစ်ကာ မြန်မာနိုင်ငံသို့ ဝင်ရောက်လာသူများအား ကာလတင်း သီးသန့်ထားရှိခြင်းအချိန်ကိုလည်း လျော့ချပေးမည်ဟု ထုတ်ပြန်ထားသည်။


(အရင်းအမြစ်၊ CCTV၊ ဘာသာပြန်၊ Yunnan gateway)