တရုတ်စစ်တပ်က ထူးချွန်ပြောင်မြောက်စွာ တာဝန်ထမ်းဆောင်ခဲ့သော တပ်ဖွဲ့ဝင်များကို August 1 ဆုတံဆိပ် ချီးမြှင့်မည်

2022-03-31 18:34:42 |သတင်းအရင်းအမြစ် 新华网

တရုတ်နိုင်ငံ ပေကျင်းမြို့ရှိ ပြည်သူ့ခန်းမကြီးတွင် ၁၃ ကြိမ်မြောက် အမျိုးသား ပြည်သူ့ကွန်ဂရက် (NPC) ၏ ပဉ္စမအကြိမ် အစည်းအဝေး ဖွင့်ပွဲအခမ်းအနား၌ တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်၊ စစ်တီးဝိုင်းအဖွဲ့မှဂုဏ်ပြုတီးမှုတ်နေစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံ ဗဟိုစစ်ကော်မရှင် (CMC) ဥက္ကဋ္ဌ ရှီကျင့်ဖိန်ထံမှ ခွင့်ပြုချက်ဖြင့် CMC က တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) တည်ထောင်ခြင်း ၉၅ နှစ်မြောက် အခါသမယတွင် ထူးချွန်ပြောင်မြောက်စွာ တာဝန်ထမ်းဆောင်ခဲ့သော တပ်ဖွဲ့ဝင်များအား August 1 ဆုတံဆိပ် (August 1 Medal) ပေးအပ်ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။CMC ဥက္ကဋ္ဌမှ ပေးအပ်ချီးမြှင့်သော August 1 ဆုတံဆိပ်သည် တရုတ်စစ်တပ်တွင် ဂုဏ်သိက္ခာအမြင့်ဆုံးဆုဖြစ်သည်။ အဆိုပါ ဆုတံဆိပ်ကို နိုင်ငံ၏ အချုပ်အခြာ၊ လုံခြုံရေးနှင့် ဖွံ့ဖြိုးတိုးတက်မှု အကျိုးစီးပွားကို ထိန်းသိမ်းစောင့်ရှောက်ရေးနှင့် နိုင်ငံ့ ကာကွယ်ရေးနှင့် ခေတ်နှင့်အညီ တိုးတက်မှုရှိစေရန် ဆောင်ရွက်ရေးအတွက် ထူးချွန်ပြောင်မြောက်စွာ ပံ့ပိုးကူညီပေးကြသော စစ်တပ် တပ်ဖွဲ့ဝင်များအား ပေးအပ်ချီးမြှင့်ခြင်း ဖြစ်သည်။

ဦးစားပေးအနေဖြင့် ထည့်သွင်းစဉ်းစားရာတွင် ရှီ၏ ဦးဆောင်မှုအောက်တွင် နိုင်ငံ၏ မဟာခရီးရှည်ကြီး၌ အင်အားတောင့်တင်းသောစစ်တပ် ဖြစ်ပေါ်လာစေရန် စံပြပုဂ္ဂိုလ်များအား ပေးအပ်ချီးမြှင့်သွားမည်ဖြစ်ကြောင်း စစ်တပ် အာဏာပိုင်များက ပြောခဲ့သည်။

CMC အထွေထွေရုံးအနေဖြင့် ဆုတံဆိပ်အဆိုပြုခြင်းအတွက် လမ်းညွှန်ချက်များ ထုတ်ပြန်ထားကြောင်း၊ ခေတ်သစ်တွင် ကမ္ဘာ့အဆင့်မီ စစ်တပ် တည်ဆောက်ရေး၌ စံပြပုဂ္ဂိုလ်များ ရွေးချယ်ရန် အဆင့်အားလုံးရှိ စစ်တပ်ယူနစ်များအား တိုက်တွန်းထားကြောင်း သိရသည်။
PLA တည်ထောင်ခြင်း ၉၅ နှစ်ပြည့် နှစ်ပတ်လည်နေ့ကို ယခုနှစ် ဩဂုတ် ၁ ရက်၌ ကျင်းပမည်ဖြစ်သည်။ (Xinhua)