မန်စီသူမန်စီသားများ ကြိုက်နှစ်သက်လာသော စွမ်းအင်သုံး မော်တော်ယာဉ်အသစ်များ

2022-03-31 18:37:40 |သတင်းအရင်းအမြစ် 云南日报

တယ်ဟုန်တိုင်၊ ဂျိမ်းဖောတိုင်းရင်းသားကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြည်နယ်ခွဲ မန်စီမြို့တွင် ပို၍များပြားသော အစိမ်းရောင်လိုင်စင် နံပါတ်ပြားပါသည့် မော်တော်ယာဥ်များသည် လမ်းမများပေါ်တွင် ပြေးဆွဲလျက် ရှိနေပါသည်။“၂၀၁၇ ခုနှစ် ဒီဇင်ဘာလ ၂၆ ရက်နေ့မှာ ကျွန်တော်တို့ ပြည်နယ်ခွဲက စွမ်းအင်သုံး မော်တော်ယာဥ်အသစ်တွေရဲ့ အထူးလိုင်စင်ကားနံပါတ်ပြားကို တရားဝင် အသုံးပြုခဲ့ပါတယ်”ဟု တယ်ဟုန်ပြည်နယ်ခွဲ မော်တော်ယာဥ်စီမံခန့်ခွဲရေးဌာနမှ သက်ဆိုင်ရာ တာဝန်ရှိသူက ပြောသည်။ လက်ရှိအချိန်အထိ တယ်ဟုန်ပြည်နယ်ခွဲတွင် မှတ်ပုံတင်ထားသော စွမ်းအင်သုံး မော်တော်ယာဥ်အသစ်၏ အရေအတွက်မှာ ၂၄၄၈ စီးရှိပြီဖြစ်ကြောင်း သူက ဆက်လက်ပြောပါသည်။

ကိုယ်ပိုင်ကားများအပြင် အွန်လိုင်းမှမှာယူသောမော်တော်ယာဥ်နှင့် မြို့ပြဘတ်စ်ကားတို့သည် စွမ်းအင်သုံး မော်တော်ယာဥ်အသစ်များကို ပိုမိုရွေးချယ် အသုံးပြုလျက်ရှိနေသည်။ “စွမ်းအင်သုံး မော်တော်ယာဥ်အသစ်တွေဟာ ပတ်ဝန်းကျင်နှင့် လိုက်လျောညီထွေရှိပြီး စျေးလည်း သက်သာပါတယ်။ ပျမ်းမျှအားဖြင့် တစ်ကီလိုမီတာကို တရုတ်ငွေ ၀.၁ ယွမ်ပဲ ကုန်ကျပါတယ်။ အိမ်မှာ အားသွင်းရ အဆင်ပြေရင် ပျမ်းမျှအားဖြင့် တစ်ကီလိုမီတာကို တရုတ်ငွေ ၀.၀၅ ယွမ်ပဲ ကျသင့်မှာပါ”ဟု တယ်ဟုန်ဝမ်ရွှမ် မော်တော်ကားအွန်လိုင်းဝန်ဆောင်မှုကုမ္ပဏီမှ တာဝန်ရှိသူ လျူအန်လွန်က ပြောဆိုပါသည်။

မန်စီမြို့သည် အစိမ်းရောင်စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု စံပြမြို့တည်ဆောက်ရေးတွင် အများပြည်သူသုံး အားသွင်းစက် စနစ်တကျ ခင်းကျင်းထားပြီး စွမ်းအင်ချွေတာခြင်းနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းကာကွယ်ခြင်းနှင့် သဟဇာတဖြစ်သည့် စွမ်းအင်သုံး မော်တော်ယာဥ်အသစ်များ ဖြန့်ဖြူးအသုံးပြုမည်ဖြစ်ကြောင်း၊ မြို့ပြအများပြည်သူသယ်ယူပို့ဆောင်ရေးတွင် အားကြိုးမာန်တက် ဖွံ့ဖြိုးတိုးတက်စေပြီး အစိမ်းရောင်ခရီးသွားလာရေး ဖက်ရှင်အသစ်ဖြစ်လာစေမည်ဖြစ်ကြောင်း သိရပါသည်။

( အရင်းအမြစ် - မန်စီမြို့မီဒီယာစင်တာ။ ဘာသာပြန် - Yunnan gateway)