ကိုဗစ်-၁၉ ကပ်ရောဂါအား တစ်ခုတွေ့လျှင် တစ်ခုတိုက်ဖျက်ခြင်းကို တရုတ်ခိုင်မာစွာဆောင်ရွက်

2022-03-31 18:53:11 |သတင်းအရင်းအမြစ် 新华网、中国新闻周刊

မတ်လ ၁၇ ရက်နေ့တွင် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူး ရှီကျင့်ဖျင်သည် CPC Central Committee Political Bureau အမြဲတမ်းကော်မတီ အစည်းအဝေးတွင် “ပြည်သူပြည်သားများနှင့် အသက်ကို ပထမဆုံးနေရာတွင် အမြဲ ထားရှိသင့်ကြောင်း၊ နည်းပညာနှင့် တိကျမှန်ကန်သည့်နည်းလမ်းဖြင့် ကိုဗစ်-၁၉ ကပ်ရောဂါအား တစ်ခုတွေ့လျှင် တစ်ခုတိုက်ဖျက်ခြင်းအား ခိုင်မာစွာ ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ကိုဗစ်-၁၉ ကပ်ရောဂါ၏ ပျံ့နှံ့ခြင်းကို အမြန်ဆုံး ထိန်းချုပ်ဟန့်တားရမည်ဖြစ်ကြောင်း ”အလေးထား လမ်းညွှန်ခဲ့သည်။


လက်ရှိ၌ ကမ္ဘာတစ်ဝန်းတွင် ကိုဗစ်-၁၉ ကပ်ရောဂါသည် ဆက်လက်ပျံ့နှံ့နေပြီး ယခုရက်ပိုင်းတွင် တရုတ်ပြည်၏ နေရာအချို့သည်လည်း ကိုဗစ်-၁၉ ကပ်ရောဂါအခြေအနေ ဖြစ်ပေါ်လျက် ရှိသည်။ သက်ဆိုင်ရာသတင်းအရ၊ မတ်လဆန်းကစတင်ပြီး တရုတ်နိုင်ငံ၏ ပြည်နယ်နဲ့မြို့ပြများအနက် ပြည်နယ် ၂၈ ခုတွင် ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိသူ ၅၆၀၀၀ ရှိ‌ကြောင်း သိရသည်။

(အရင်းအမြစ်၊ China Newsweek ၊ ဘာသာပြန်၊ Yunnan gateway)