သမ္မတ ရှီက လေယာဉ်ပျက်ကျမှု အရေးပေါ်တုံ့ပြန်ရေးဆိုင်ရာ CPC ခေါင်းဆောင်ပိုင်းအစည်းအဝေးအား သဘာပတိပြုလုပ်

2022-04-01 16:31:21 |သတင်းအရင်းအမြစ် 新华网

တရုတ်နိုင်ငံ တောင်ပိုင်း ကွမ်ရှီး (ကျွမ့်လူမျိုး) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ထုန်ရှန့်ခရိုင်တွင် ဖြစ်ပွားခဲ့သော မတော်တဆမှုအတွင်း လူ ၁၃၂ ဦး သေဆုံးမှုကို ဝမ်းနည်းကြေကွဲဖွယ်အထိမ်းအမှတ် ပြုလုပ်ရန် China Eastern Airlines လေကြောင်းလိုင်းပိုင် လေယာဉ်ပျက်ကျသောနေရာ၌ မတ် ၂၇ ရက်က အောက်မေ့ဖွယ်အစီအစဉ် ပြုလုပ်နေစဉ် (ဆင်ဟွာ)

တရုတ်ကွန်မြူနစ်ပါတီ (CPC) ဗဟိုကော်မတီ၊ နိုင်ငံရေးဗျူရို အမြဲတမ်းကော်မတီက မကြာသေးမီအချိန်အတွင်း China Eastern Airlines လေကြောင်းလိုင်းပိုင် လေယာဉ်ပျက်ကျမှု အရေးပေါ်တုံ့ပြန်ရေး အစီရင်ခံစာ ကြားနာရန် အစည်းအဝေးတစ်ရပ်ကို မတ် ၃၁ ရက်က ကျင်းပခဲ့ကြောင်း သိရသည်။

CPC ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူးချုပ် ရှီကျင့်ဖိန်က ထိုအစည်းအဝေးအား သဘာပတိအဖြစ် ဆောင်ရွက်ခဲ့သည်။

လေယာဉ်ပျက်ကျပြီးနောက် အရေးပေါ်တုံ့ပြန်ရေး၊ ရှာဖွေရေးနှင့် ကယ်ဆယ်ရေး ကြိုးပမ်းဆောင်ရွက်မှုများ အစွမ်းကုန်ဆောင်ရွက်ရေးနှင့် နောက်ဆက်တွဲအခြေအနေ၌ မှန်ကန်သောအခြေကျမှု ဆောင်ရွက်ရေး ချက်ချင်းလုပ်ဆောင်ရန် ရှီက ညွှန်ကြားခဲ့ပြီး လေယာဉ်ပျက်ကျရခြင်း အကြောင်းရင်းသိရှိနိုင်ရေး ကြိုးပမ်းအားထုတ်ရန်၊ သေဆုံးသူမိသားစုဝင်များအား နှစ်သိမ့်ပေးရန်နှင့် ၎င်းတို့အား ကူညီပံ့ပိုးပေးရန် တိုက်တွန်းခဲ့ကြောင်း သိရသည်။

ဆက်စပ်သောဌာနများအနေဖြင့်လည်း ၎င်းဧရိယာအတွင်း မြို့ပြလေကြောင်းလုပ်ငန်းနှင့် ဆက်စပ်လုပ်ငန်းများ ဆောင်ရွက်ရန် အရေးပေါ်တုံ့ပြန်ရေးလုပ်ငန်း အပါအဝင် အင်အားစုများအား အလျင်အမြန်ဆော်ဩစည်းရုံးရန် ညွှန်ကြားချက်အတိုင်း ဆောင်ရွက်လျက်ရှိကြောင်း အစည်းအဝေးအရ သိရသည်။

လက်ရှိတွင် နောက်ဆက်တွဲအခြေအနေ ပြေလည်အောင်ဖြေရှင်းခြင်းနှင့် စုံစမ်းစစ်ဆေးခြင်းကိစ္စများကို အစီအစဉ်တိုင်း တိုးတက်မှုရှိကြောင်း အစည်းအဝေးက ဆိုသည်။

ပြည်သူများနှင့် ၎င်းတို့၏ အသက်အိုးအိမ်များသည် လူပေါင်း ၁၃၂ ဦး သေဆုံးခဲ့သောဖြစ်ရပ်၏ နောက်ဆက်တွဲကို ကိုင်တွယ်ရာတွင် ပထမနေရာ၌ ထားရှိကြောင်း အစည်းအဝေးက ဖော်ပြထားသည်။

သေဆုံးသူများ၏ ရုပ်အကြွင်းအကျန်များအား မည်သူမည်ဝါဖြစ်ကြောင်းခွဲခြားရေးနှင့် ပြန်လည်ပို့ဆောင်နိုင်ရေး လုပ်ငန်းစဉ်ကို ကောင်းမွန်စွာ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အစည်းအဝေးက ဆိုသည်။

ကျွမ်းကျင်ပညာရှင်များက ယင်းဖြစ်ရပ်ဖြစ်ပွားရခြင်း အကြောင်းရင်းနှင့် သဘောသဘာဝကို ရှာဖွေရန် လေယာဉ်၏ အချက်အလက်များနှင့် သက်သေအမြောက်အများကို ဘက်စုံကျယ်ကျယ်ပြန့်ပြန့် လေ့လာဆန်းစစ်နေသလို စုံစမ်းစစ်ဆေးမှုများကိုလည်း သိပ္ပံနည်းကျနှင့် အစီအစဉ်တိုင်း ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အစည်းအဝေး ဖော်ပြချက်အရ သိရသည်။

တစ်ချိန်တည်းမှာပင် အများပြည်သူများ စိုးရိမ်ပူပန်မှုများအား တုံ့ပြန်ရန် ဆက်စပ်သော အချက်အလက် ထုတ်ပြန်ချက်များကို အချိန်နှင့်တစ်ပြေးညီ၊ တိကျမှန်ကန်စွာ၊ ပွင့်လင်းစွာနှင့် ပွင့်လင်းမြင်သာမှုရှိစွာ ဖော်ပြသွားမည်ဖြစ်ကြောင်း သိရသည်။
ထို့ပြင် ဆက်စပ်အဖွဲ့အစည်းများအနေဖြင့် ယင်းဖြစ်ရပ်မှ သင်ခန်းစာယူရန်နှင့် ထုတ်လုပ်ရေး ဘေးကင်းမှုအပေါ် နိုင်ငံတစ်ဝန်း စုံစမ်းစစ်ဆေးမှုများ ဆောင်ရွက်သွားရန်လည်း တိုက်တွန်းထားကြောင်း အစည်းအဝေးက ထပ်လောင်းပြောကြားခဲ့သည်။

အကယ်၍ တာဝန်ယူမှုအားနည်းခြင်း၊ မပြည့်စုံသော ဆောင်ရွက်ချက်များ သို့မဟုတ် အပြင်ပန်းပြုပြင်ခြင်းမရှိခြင်းကြောင့် ဖြစ်ပေါ်လာသည့် မည်သည့်ဖြစ်ရပ်မျိုးမဆို တိုက်ရိုက်တာဝန်ရှိသူနှင့် ဆက်စပ်သော ခေါင်းဆောင်များ တာဝန်ခံသွားရမည်ဖြစ်ကြောင်း အစည်းအဝေးအရ သိရသည်။ (Xinhua)