တရုတ်နိုင်ငံ နိုင်ငံတော် ကောင်စီဝင် နှင့် နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိ နှင့် ရုရှားနိုင်ငံခြားရေးဝန်ကြီး Sergei Lavrov တို့ တရုတ်နိုင်ငံ အရှေ့ပိုင်း အန်ဟွေးပြည်နယ် Tunxi ဒေသ၌ မတ် ၃၀ ရက်တွင် တွေ့ဆုံဆွေးနွေးစဉ်(ဆင်ဟွာ)
တရုတ်နိုင်ငံ နိုင်ငံတော် ကောင်စီဝင် နှင့် နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိသည် ရုရှားနိုင်ငံခြားရေးဝန်ကြီး Sergei Lavrov နှင့် တရုတ်နိုင်ငံ အရှေ့ပိုင်း အန်ဟွေးပြည်နယ် Tunxi ဒေသ၌ မတ် ၃၀ ရက်တွင် ဆွေးနွေးပွဲ ပြုလုပ်ခဲ့ပြီး နှစ်ဘက်စလုံးက အပြန်အလှန်ဆက်ဆံရေးအား အားကောင်းလာစေရန် ကတိပြုခဲ့ကြောင်း သိရသည်။
တရုတ်နိုင်ငံ နိုင်ငံတော် ကောင်စီဝင် နှင့် နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိ နှင့် ရုရှားနိုင်ငံခြားရေးဝန်ကြီး Sergei Lavrov တို့ တရုတ်နိုင်ငံ အရှေ့ပိုင်း အန်ဟွေးပြည်နယ် Tunxi ဒေသ၌ မတ် ၃၀ ရက်တွင် တွေ့ဆုံဆွေးနွေးစဉ်(ဆင်ဟွာ)
တရုတ်-ရုရှား ဆက်ဆံရေးသည် ပြောင်းလဲနေသည့် နိုင်ငံတကာအခင်းအကျင်းတစ်ခု၏ စမ်းသပ်မှုအသစ်ကို ကြံ့ကြံ့ခိုင်ရပ်တည်ခဲ့ကြောင်း မှတ်ချက်ပြုကာ ဝမ်ရိက ဆက်ဆံရေးသည် ၎င်းတို့၏ မှန်ကန်သော ဦးတည်ချက်အား ထိန်းသိမ်းထားခဲ့ပြီး အားကောင်းသော ဒဏ်ခံနိုင်မှုကို ထင်ရှားစေကြောင်း ပြောကြားခဲ့သည်။
“နှစ်ဘက်စလုံးက နယ်ပယ်အသီးသီးမှာ ပူးပေါင်းဆောင်ရွက်မှုတွေ တိုးတက်ဖို့ အားကောင်းတဲ့ စိတ်ချယုံကြည်မှု နဲ့ အပြန်အလှန်ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်ဖို့ ခိုင်မာတဲ့ဆန္ဒတစ်ခု ရှိပါတယ်။”ဟု ဝမ်ရိက ပြောကြားခဲ့သည်။
နိုင်ငံခေါင်းဆောင်နှစ်ဦးအကြား အရေးကြီးသော သဘောတူညီချက်ဖြင့် လမ်းညွှန်ခဲ့သည့် ခေတ်သစ်တွင် ဆက်ဆံရေးအား ပို၍မြင့်သောအဆင့်တစ်ခုသို့ တွန်းအားပေးရန် တရုတ်နိုင်ငံသည် ရုရှားနိုင်ငံနှင့်အတူ လုပ်ဆောင်ရန် ဆန္ဒရှိကြောင်း ဝမ်ရိက ပြောကြားခဲ့သည်။
ရုရှားနိုင်ငံခြားရေးဝန်ကြီး Sergei Lavrov က နိုင်ငံခေါင်းဆောင်နှစ်ဦးအကြား မဟာဗျူဟာမြောက်ဆက်သွယ်ခြင်းသည် အပြန်အလှန်ဆက်ဆံရေး၏ တည်တံ့သောဖွံ့ဖြိုးတိုးတက်မှု သေချာစေရေးအတွက် အရေးပါသောအခန်းကဏ္ဍတွင် ပါဝင်ခဲ့ပြီး ကမ္ဘာ့နိုင်ငံစုံပါဝင်ရေးဝင်ရိုးတန်းကို တိုးတက်ဖြစ်ထွန်းစေကြောင်း ပြောကြားခဲ့သည်။
ကုလသမဂ္ဂပဋိညာဉ် စာတမ်း၏ ရည်ရွယ်ချက် နှင့် စည်းမျဉ်းစည်းကမ်းများအား ထိန်းသိမ်းကာ ဗိုလ်ကျဩဇာလွှမ်းခြင်း နှင့် အာဏာနိုင်ငံရေးကို ဆန့်ကျင်ပြီး ကမ္ဘာ့နိုင်ငံစုံပူပေါင်းပါဝင်မှုလုပ်ငန်းစဉ်အား တိုးတက်ဖြစ်ထွန်းစေရန် နိုင်ငံတကာ နှင့် ဘက်ပေါင်းစုံပါဝင်သော နယ်ပယ်ပေါ်တွင် ရုရှားနိုင်ငံသည် တရုတ်နိုင်ငံနှင့်အတူ လုပ်ဆောင်ရန် ဆန္ဒရှိကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီးက ပြောကြားခဲ့သည်။
ရုရှားနိုင်ငံခြားရေးဝန်ကြီးက ရုရှားနိုင်ငံသည် တင်းမာမှုများအား လျော့ပါးစေရန် ၊ ယူကရိန်းနိုင်ငံနှင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲများ ဆက်လက်လုပ်ဆောင်သွားရန် နှင့် နိုင်ငံတကာအသိုင်းအဝိုင်းနှင့် ဆက်ဆံရေးအား ထိန်းသိမ်းသွားရန် ကတိပြုထားကြောင်း ပြောကြားကာ ရုရှား – ယူကရိန်းဆွေးနွေးမှုများကို တရုတ်ဘက်အား အသိပေးပြောကြားခဲ့သည်။
ယူကရိန်းအရေးကိစ္စသည် ခက်ခဲရှုပ်ထွေးသောသမိုင်းကြောင်းရှိသည်ကို မှတ်ချက်ပြုကာ ဝမ်ရိက တရုတ်နိုင်ငံသည် ၎င်းတို့၏ ငြိမ်းချမ်းရေးဆွေးနွေးပွဲ ဆက်လက်ပြုလုပ်ရေး အခက်အခဲများအား ကျော်လွှားရာတွင် ရုရှားနိုင်ငံ နှင့် ယူကရိန်းနိုင်ငံအား ထောက်ခံအားပေးကြောင်း ၊ ယခုအထိ စေ့စပ်ညှိနှိုင်းမှုများတွင် ရရှိခဲ့သည့် အပြုသဘောဆောင်သည့် ရလဒ်များအား ထောက်ခံအားပေးကြောင်း နှင့် ကျယ်ကျယ်ပြန့်ပြန့်ဖြစ်သော လူသားချင်းစာနာမှု အကျပ်အတည်းအား ရှောင်ရှားရန် ရုရှားနိုင်ငံ နှင့် အခြားသက်ဆိုင်သူများ၏ ကြိုးပမ်းအားထုတ်မှုများ နှင့် တတ်နိုင်သမျှအမြန်ဆုံး တင်းမာမှုအရှိန်အဟုန်လျှော့ချခြင်းအား ထောက်ခံအားပေးကြောင်း ပြောကြားခဲ့သည်။
ရေရှည်ရှုထောင့်တစ်ခုမှ ယူကရိန်းအကျပ်အတည်းကနေ သင်ခန်းစာများ ယူသင့်ကြောင်း နှင့် အဖွဲ့အစည်းများအားလုံး၏ တရားဝင်လုံခြုံရေးစိုးရိမ်ပူပန်မှုများသည် အပြန်အလှန်လေးစားမှု နှင့် ခွဲခြမ်း၍မရနိုင်သော လုံခြုံရေးအပေါ်တွင် အပြန်အလှန် တုံ့ပြန်သင့်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
ဥရောပတွင် ခိုင်မာသောငြိမ်းချမ်းရေး ဖြစ်ပေါ်လာရေးအတွက် အပြန်အလှန် ဆွေးနွေးခြင်း နှင့် စေ့စပ်ညှိနှိုင်းခြင်းတို့မှတစ်ဆင့် မျှတပြီး ထိရောက်သည့် ရေရှည်တည်တံ့သော ဥရောပလုံခြုံရေးဖွဲ့စည်းပုံအား ထူထောင်ရေးအတွက် ဝမ်ရိက ပြောကြားခဲ့သည်။
တရုတ်နိုင်ငံခြားရေးဝန်ကြီး နှင့် ရုရှားနိုင်ငံခြားရေးဝန်ကြီးတို့ နှစ်ဘက်လုံးက အာရှ-ပစိဖိတ် အခြေအနေ နှင့် BRICS ယန္တရား ကဲ့သို့သော အခြားဘက်ပေါင်းစုံပါဝင်သောရေးရာကိစ္စများအပေါ်တွင် အမြင်များ ဖလှယ်ခဲ့ကြောင်းလည်း သိရသည်။ (Xinhua)