တရုတ်နိုင်ငံ၏ Shenzhou-13 အာကာသယာဉ်မှူးများ ဧပြီလအတွင်း ပြန်ရန် ပြင်ဆင်နေ

2022-04-02 16:22:03 |သတင်းအရင်းအမြစ် 新华网

တရုတ်နိုင်ငံ၏ အာကာစခန်း ပင်မခန်းတွင် Shenzhou-13 အာကာသယာဉ်မှူးများက Tianzhou-2 ကုန်တင်ယာဉ်နှင့် ဆုံတွေ့ခြင်းနှင့် ချိတ်ဆက်ခြင်း ဆောင်ရွက်နေသည်ကို ဇန်နဝါရီ ၈ ရက်က ပေကျင်း အာကာသစခန်း ထိန်းချုပ်မှုစင်တာရှိ ဖန်သားပြင်ဓာတ်ပုံ ရိုက်ကူးထားစဉ် (ဆင်ဟွာ)

 

Tianzhou-2 ကုန်တင်အာကာသယာဉ်က တရုတ်နိုင်ငံ၏ အာကာသစခန်းမှ မကြာသေးမီက ခွဲထွက်သွားပြီးနောက် Shenzhou-13 အာကာသယာဉ်မှူးများသည် ကမ္ဘာမြေသို့ ပြန်ရန်အတွက် ပြင်ဆင်နေကြောင်း တရုတ်နိုင်ငံ လူလိုက်ပါသောအာကာသအေဂျင်စီအရ သိရသည်။

Shenzhou-13 အာကာသယာဉ်မှူးများဖြစ်သော ကျိုက်ကျစ်ကန်း၊ ဝမ်ရာဖိန်နှင့် ယဲ့ကွမ်းဖုတို့အားလုံးသည် အခြေအနေကောင်းမွန်လျက်ရှိကြောင်း၊ ၎င်းတို့သည် ဧပြီလလယ်ပိုင်းတွင် ကမ္ဘာမြေသို့ ပြန်ရန် စီစဉ်ထားကြောင်း အေဂျင်စီက ပြောခဲ့သည်။

Shenzhou-13 မစ်ရှင်က Tiangong အာကာသစခန်းတွင် ခြောက်လကြာနေထိုင်ရန် အာကာသယာဉ်မှူး သုံးဦးကို ၂၀၂၁ ခုနှစ် အောက်တိုဘာ ၁၆ ရက်က စေလွှတ်ခဲ့ခြင်းဖြစ်ပြီး တရုတ်နိုင်ငံ၏ လူလိုက်ပါသော အာကာသအစီအစဉ်၌ အာကာသတွင် အချိန်အကြာဆုံးနေထိုင်ခြင်းလည်း ဖြစ်သည်။

အာကာသယာဉ်မှူးများသည် လွန်ခဲ့သည့် လအနည်းငယ်အတွင်း အာကာသယာဉ်ပြင်ပ လှုပ်ရှားမှု နှစ်ကြိမ်၊ သိပ္ပံပညာရပ်ဆိုင်ရာ တိုက်ရိုက်သင်ကြားပို့ချမှု နှစ်ကြိမ်နှင့် သိပ္ပံ-နည်းပညာ အတွေ့အကြုံများနှင့် application စီမံကိန်း အမြောက်အများ အပါအဝင် လုပ်ငန်းတာဝန်မြောက်များစွာ ပြီးစီးခဲ့ကြသည်။

တရုတ် အာကာသယာဉ်မှူးများသည် ပထမဆုံးအကြိမ် မန်နျူရယ် တယ်လီလုပ်ငန်းသုံး ကိရိယာများ (manual teleoperation equipment) အသုံးပြုခဲ့သလို ကုန်တင်လေယာဉ်နှင့် အာကာသစခန်းတို့ ဆုံတွေ့ခြင်းနှင့် ချိတ်ဆက်ခြင်းကိုလည်း ဆောင်ရွက်ခဲ့သည်။

တရုတ်နိုင်ငံ၏ အာကာသစခန်း ပင်မခန်းသည် လက်ရှိ တည်ငြိမ်စွာလည်ပတ်နေကြောင်း သိရသည်။ (Xinhua)