ချမ်းသာကြွယ်ဝသောနိုင်ငံများကို သက်တမ်းလွန် ကိုဗစ်-၁၉ ကာကွယ်ဆေးများ လှူဒါန်းခြင်းမပြုရန် အင်ဒိုနီးရှားနိုင်ငံ တိုက်တွန်း

2022-04-02 16:28:21 |သတင်းအရင်းအမြစ် 新华网

ယခုနှစ်အတွင်း ကိုဗစ်-၁၉ ကာကွယ်ဆေး အလုံးရေ ၁၉ သန်းကျော်သည် သက်တမ်းကုန်ဆုံးရက်ထက် ကျော်လွန်နေသောကြောင့် အသုံးချ၍မရဖြစ်နေပြီး အလုံးရေ ၁.၅ သန်းသည်လည်း ဧပြီလတွင် သက်တမ်းကုန်လွန်မည်ဖြစ်ကြောင်း၊ ၎င်း ကိုဗစ်-၁၉ ကာကွယ်ဆေးသည် များသောအားဖြင့် အမေရိကန်၊ သြစတြေးလျစသည့် ဖွံ့ဖြိုးပြီးနိုင်ငံများမှ လှူဒါန်းခြင်းဖြစ်ပြီး သက်တမ်းကုန်ဆုံးရက်နှင့် နီးကပ်နေသောကြောင့် အလှူလက်ခံရရှိသောနိုင်ငံများသည် ပြည်သူပြည်သားများအား ထိုးနှံပေးရန် အချိန်မမီဖြစ်ရကြောင်း အင်ဒိုနီးရှားကျန်းမာရေးဝန်ကြီးဌာနမှ သက်ဆိုင်ရာအရာရှိက မတ်လ ၃၀ ရက်နေ့တွင် ပြောဆိုခဲ့သည်။

အင်ဒိုနီးရှား အပါအဝင် ဖွံ့ဖြိုးဆဲနိုင်ငံအချို့သည် ယခုအချိန်တွင် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံခြင်းကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်နေပြီး သူတို့၏ ကိုဗစ်-၁၉ ကာကွယ်ဆေးသည် များသောအားဖြင့် သက်ဆိုင်ရာစီမံကိန်းနှင့် အခြားသောနိုင်ငံများ၏လှူဒါန်းမှုမှ ရရှိခြင်းဖြစ်သည်။ အလှူရှင်နိုင်ငံသည် သက်တမ်းကုန်ဆုံးရက်နှင့်နီးကပ်နေသော ကာကွယ်ဆေးများကို လှူဒါန်းခြင်းမပြုရန် ကာကွယ်ဆေးလက်ခံသည့် နိုင်ငံများက ကြိမ်ဖန်များစွာ တိုက်တွန်းခဲ့သည်။ သက်ဆိုင်ရာသတင်းအရ၊ အင်ဒိုနီးရှားတစ်နိုင်ငံလုံးတွင် ကိုဗစ်-၁၉ ကာကွယ်ဆေးအလုံးရေ ၁၉.၃၀ သန်းသည် သက်တမ်းကုန်လွန်သဖြင့် စွန့်ပစ်ခဲ့ရပြီး ၎င်းအနက် ၉၇% သည် အလှူခံရရှိသည့် ကာကွယ်ဆေးများ ဖြစ်သည်။

အင်ဒိုနီးရှားမှ သံသမန်အရာရှိ ရှ်ဝါကျာယျသည် Hearing အစည်းအဝေးတစ်ခုတွင် အင်ဒိုနီးရှားက ယခုရက်ပိုင်းအတွင်း ကိုဗစ်-၁၉ ကာကွယ်ဆေးလှူဒါန်းခြင်းကို ထပ်မံလက်ခံတော့မည်မဟုတ်ကြောင်း ပြောခဲ့သည်။ ထို့ပြင် အလှူရှင်များကို ကိုဗစ်-၁၉ ကာကွယ်ဆေး လှူဒါန်းပါက သက်တမ်းကုန်ဆုံးရက်၏ အနည်းဆုံး ၃ ပုံ ၂ ပုံခန့် ရှိရန်လိုအပ်ကြောင်း ပြောဆိုခဲ့သည်။
(အရင်းအမြစ် - Xinhua ၊ ဘာသာပြန် - Yunnan gateway)