အင်္ဂလန်နိုင်ငံတွင် Omicron ၏ မျိုးဗီဇပြောင်း ရောဂါပိုး XE စွဲကပ်သူ ၆၃၇ ဦး တွေ့ရှိ

2022-04-02 16:32:05 |သတင်းအရင်းအမြစ် 中新网

ယခုရက်ပိုင်းတွင် အင်္ဂလန်နိုင်ငံ ကျန်းမာရေးနှင့်လုံခြုံရေးဌာန(UKHSA)၏သတင်းအရ အင်္ဂလန်တွင် ကိုဗစ်ရောဂါပိုး Omicron ၏ မျိုးဗီဇပြောင်းရောဂါပိုး XE စွဲကပ်သောလူဦးရေ အဆက်မပြတ် တိုးများလာပြီး ယခုအချိန်တွင် ၆၃၇ ဦး တွေ့ရှိပြီဖြစ်သည်။ ဆေးပညာရှင်များသည် XE မျိုးဗီဇပြောင်း ရောဂါပိုး၏ ပျံ့နှံ့စွဲကပ်စွမ်းအားကို အလေးထား ဂရုတစိုက် စောင့်ကြည့်လျက်ရှိသည်။
(အရင်းအမြစ် - chinanews.com ၊ ဘာသာပြန် - Yunnan gateway)