ယူနန်ပြည်နယ် ချုံရွှင်-တာ့လီအဝေးပြေးလမ်းမသစ် မတ်လ ၃၁ ရက်နေ့တွင် စတင်ဖွင့်လှစ်ပြေးဆွဲ

2022-04-02 16:35:01 |သတင်းအရင်းအမြစ် 新华网

ယူနန်ပြည်နယ် ချုံရွှင်(ကွမ်ထုံး)-တာ့လီအဝေးပြေးလမ်းမသစ်သည် မတ်လ ၃၁ ရက်နေ့မှ စတင်ပြီး ဖွင့်လှစ်ပြေးဆွဲခဲ့ကြောင်း သတင်းအရ သိရပါသည်။ ၎င်းအဝေးပြေးလမ်းမ၏ စုစုပေါင်းအရှည်သည် ၂၀၁ ကီလိုမီတာရှိပြီး ၆ လမ်းသွားဖြစ်ကာ လမ်းကြောင်းတစ်ခုလုံးတွင် ဥမင်လိုဏ်ခေါင်းသည် ၆၂.၆% ရှိသည်။ ၎င်းအဝေးပြေးလမ်းမသစ်ပြေးဆွဲပြီးနောက် ကူမင်းမှ တာ့လီသို့ ယခင်က ၅ နာရီကျော် ကားမောင်းခဲ့ရာမှ ယခုအခါ ၂ နာရီခွဲခန့်အထိ လျှော့ချနိုင်ခဲ့သည်။ တာ့လီမြို့ဖြတ်ကျော်ပြီးနောက် ၎င်းအဝေးပြေးလမ်းမသည် တရုတ်-မြန်မာနယ်စပ်ဖြစ်သော ရွှေလီမြို့သို့ တိုက်ရိုက်ရောက်ရှိနိုင်ပြီး တရုတ်-မြန်မာနှစ်ဦးနှစ်ဖက်အကြား သယ်ယူပို့ဆောင်ရေးကို ပိုမိုအဆင်ပြေစေမည်ဖြစ်ကြောင်း သတင်းအရ သိရပါသည်။

 


(အရင်းအမြစ် - Xinhua၊ ဘာသာပြန် -Yunnan gateway)