ကိုဗစ်-၁၉ တိုက်ဖျက်ရေး ကူညီရန် ရှန်ဟိုင်းမြို့သို့ ကျန်းမာရေးဝန်ထမ်း ၃၈,၀၀၀ ကျော်သွားရောက်

2022-04-06 18:07:47 |သတင်းအရင်းအမြစ် 新华网

တရုတ်နိုင်ငံအရှေ့ပိုင်း Jiangxi ပြည်နယ် နန်ချန်းမြို့ရှိ နန်ချန်းရထားဘူတာရုံတွင် ရှန်ဟိုင်းမြို့သို့သွားရောက်မည့် ဆေးဘက်ဆိုင်ရာဝန်ထမ်းများအား ဧပြီ ၃ ရက်တွေ့ရစဉ်(ဆင်ဟွာ)

တရုတ်နိုင်ငံတစ်ဝှမ်းလုံးရှိ ပြည်နယ်အဆင့်ဒေသ ၁၅ ခုမှ ဆေးဘက်ဆိုင်ရာဝန်ထမ်းပေါင်း ၃၈,၀၀၀ ကျော်သည် တရုတ်နိုင်ငံ၏ ငွေကြေးလုပ်ငန်းဆိုင်ရာ အကြီးဆုံးမြို့ကြီးဖြစ်သည့် ရှန်ဟိုင်းမြို့၏ ကိုဗစ်-၁၉ ကပ်ရောဂါတိုက်ဖျက်ရေးတွင် ပါဝင်ကူညီရန် သွားရောက်နေကြပြီဖြစ်ကြောင်း တရုတ်အမျိုးသားကျန်းမာရေးကော်မရှင်(NHC) ၏ ပြောကြားချက်အရ သိရသည်။

တရုတ်နိုင်ငံအရှေ့ပိုင်း Jiangxi ပြည်နယ် နန်ချန်းမြို့ရှိ နန်ချန်းရထားဘူတာရုံတွင် ရှန်ဟိုင်းမြို့သို့သွားရောက်မည့် ဆေးဘက်ဆိုင်ရာဝန်ထမ်းများအား ဧပြီ ၃ ရက်တွေ့ရစဉ်(ဆင်ဟွာ)

ဆေးပညာရှင် ၁၁,၀၀၀ ကျော်က ရှန်ဟိုင်းမြို့ရှိ ယာယီဆေးရုံများတွင် ဝင်ရောက် တာဝန်ထမ်းဆောင်နေကြပြီး အခြားဆေးဘက်ဆိုင်ရာဝန်ထမ်းပေါင်း ၂၃,၀၀၀ ကျော်က နျူကလိစ်အက်စစ်မှု နမူနာစုဆောင်းခြင်း လုပ်ငန်းတွင် ပါဝင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း တရုတ်အမျိုးသားကျန်းမာရေးကော်မရှင်(NHC) မှ အဆင့်မြင့်အရာရှိတစ်ဦးဖြစ်သူ Jiao Yahui က ပြောကြားခဲ့သည်။ ထို့ပြင် လူပေါင်း ၄,၀၀၀ နီးပါးသည် ကိုဗစ်-၁၉ ရောဂါဆိုင်ရာဓာတ်ခွဲခန်းတွင် ဝင်ရောက်ကူညီလုပ်ကိုင်ပေးရန် သွားရောက်နေကြပြီဖြစ်ကြောင်းလည်း သိရသည်။

တရုတ်နိုင်ငံအရှေ့ပိုင်း Jiangxi ပြည်နယ် နန်ချန်းမြို့ရှိ နန်ချန်းရထားဘူတာရုံတွင် ရှန်ဟိုင်းမြို့သို့သွားရောက်မည့် ဆေးဘက်ဆိုင်ရာဝန်ထမ်းများအား ဧပြီ ၃ ရက်တွေ့ရစဉ်(ဆင်ဟွာ)

နျူကလိစ်အက်စစ် ဓာတ်ခွဲစစ်ဆေးရေးအဖွဲ့အနေဖြင့် နေ့စဉ်နျူကလိစ်အက်စစ်နမူနာပေါင်း ၂.၃၈ သန်းကို စစ်ဆေးပေးနေပြီဖြစ်ကြောင်း ကော်မရှင်၏ ပြောကြားချက်အရ သိရသည်။

ရှန်ဟိုင်းမြို့၌ ဧပြီ ၃ ရက်တွင် ပြည်တွင်း ကူးစက်မှု အတည်ပြုလူနာ ၄၂၅ ဦးစစ်ဆေးတွေ့ရှိခဲ့သည်။ အဆိုပါဧရာမမြို့ကြီးတွင် မြို့လုံးကျွတ် နျူကလိစ်အက်စစ် စစ်ဆေးခြင်းလုပ်ငန်းစဉ်ကို ဧပြီ ၄ ရက်တွင် စတင်ခဲ့ကြောင်း သိရသည်။(Xinhua)