တရုတ်နိုင်ငံ၏ ရထားကုန်စည်ပမာဏက ပထမသုံးလပတ်အတွင်း ၂.၈ ရာခိုင်နှုန်း မြင့်တက်

2022-04-07 18:24:51 |သတင်းအရင်းအမြစ် 新华网

တရုတ်နိုင်ငံ မြောက်ပိုင်း အတွင်းမွန်ဂိုးလီးယား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ Erdos မြို့ရှိ ကျောက်မီးသွေးတွင်း ကုန်တင်စခန်းတစ်ခုတွင် ကုန်စည်တင်ဆောင်ထားသော ရထားတစ်စင်းအား ၂၀၂၁ ခုနှစ် နိုဝင်ဘာ ၂၃ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

 

တရုတ်နိုင်ငံ စီးပွားရေး လှုပ်ရှားဆောင်ရွက်မှု၏ အဓိကအညွှန်းကိန်းတစ်ခုဖြစ်သော ရထားကုန်စည်ပမာဏသည် ယခုနှစ် ပထမသုံးလပတ်တွင် ယမန်နှစ်ကထက် ၂.၈ ရာခိုင်နှုန်း မြင့်တက်လာခဲ့ကြောင်း တရုတ် နိုင်ငံပိုင်ရထားလုပ်ငန်းအုပ်စုကုမ္ပဏီလီမိတက် (China Railway) မှ အချက်အလက်၌ ဖော်ပြထားသည်။

အဆိုပါ ကာလအတွင်း တရုတ်နိုင်ငံ၏ ရထားလမ်းများပေါ်၌ ကုန်စည်တန်ချိန် စုစုပေါင်း ၉၄၈ သန်း သယ်ယူပို့ဆောင်ခဲ့ကြောင်း၊ ယမန်နှစ် အလားတူကာလကထက် တန်ချိန် ၂၅.၈၇ သန်း ကျော်လွန်ခဲ့ကြောင်း ကုမ္ပဏီ၏ ဖော်ပြချက်အရ သိရသည်။

ပထမသုံးလပတ်အတွင်း ရထားလုပ်ငန်းကုန်စည် သယ်ယူပို့ဆောင်မှုအတွက် အားကောင်းသော ဈေးကွက်ဝယ်လိုအားကို မှတ်ချက်ပြုလျက် တရုတ် ရထားလမ်းများက ကိုဗစ်-၁၉ ရောဂါတိုက်ဖျက်ရေး ထောက်ပံ့ပစ္စည်းများ၊ စက်မှုလုပ်ငန်းကုန်ကြမ်းပစ္စည်းများနှင့် ထုတ်ကုန်များ၊ လယ်ယာစိုက်ပျိုးရေးလုပ်ငန်းသုံး ကိရိယာများနှင့် ကျောက်မီးသွေး စသည်တို့ သယ်ယူပို့ဆောင်ရေးအတွက် ပံ့ပိုးမှု အားကောင်းလျက်ရှိကြောင်း တရုတ်နိုင်ငံ ရထားလုပ်ငန်း တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

ယင်းကာလ၌ မျိုးစေ့များနှင့် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းသုံး ကိရိယာ တန်ချိန် ၄၃.၇၉ သန်းအား တင်ပို့နိုင်ခဲ့ပြီး ယမန်နှစ်ကထက် ၈.၈ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း၊ လျှပ်စစ်စွမ်းအင်ထုတ်လုပ်မှုအတွက် ကျောက်မီးသွေး သယ်ဆောင်မှုမှာလည်း စုစုပေါင်း တန်ချိန် သန်း ၃၅၀ ရှိခဲ့သလို ယမန်နှစ်ကထက် ၆.၅ ရာခိုင်နှုန်း တိုးလာခဲ့ခြင်းဖြစ်ကြောင်းနှင့် လျှပ်စစ်ဓာတ်အားပေးစက်ရုံ ၃၆၃ ရုံအား ရက်ပေါင်း ၂၁.၇ ရက်အတွက် ကျောက်မီးသွေးသိုလှောင်ရေးလုံလောက်မှုရှိကြောင်း သိရသည်။

နိုင်ငံတကာ ကုန်း-ရေ ကုန်သွယ်ရေးစင်္ကြံသစ်မှတစ်ဆင့် ရထားလမ်းကုန်စည် သယ်ဆောင်မှုမှာ ၅၆.၅ ရာခိုင်နှုန်းမှ ၁၇၀,၀၀၀ twenty-foot equivalent unit ကွန်တိန်နာများအထိ တစ်ဟုန်ထိုးမြင့်တက်လာခဲ့ကြောင်းနှင့် တရုတ်-လာအို ရထားလမ်းမှလည်း သွင်းကုန်နှင့် ပို့ကုန်အတွက် ကုန်စည် ၂၆၀,၀၀၀ တန် သယ်ဆောင်နိုင်ခဲ့ကြောင်း သိရသည်။ (Xinhua)