တရုတ်-မြန်မာနယ်စပ်ဒေသရှိ မန်စီမြို့သည် အနီရောင် matsutake မှိုများ စမ်းသပ်စိုက်ပျိုးရေးအား မြှင့်တင်လျက်ရှိ

2022-04-07 18:27:46 |သတင်းအရင်းအမြစ် 芒市融媒体中心

ယခုရက်ပိုင်းတွင် တရုတ်-မြန်မာ နယ်စပ်ဒေသရှိ မန်စီမြို့၏ အနီရောင် matsutake မှိုများ စမ်းသပ်စိုက်ပျိုးရေးစခန်းတွင် ရွာသူရွာသားများသည် ခြင်းတောင်းများနှင့် ပုံးများကိုင်ဆောင်ကာ အနီရောင် matsutake မှိုများ ဂရုတစိုက် ကောက်ယူလျက်ရှိကာ အောင်သီးအောင်နှံရရှိသော ပျော်ရွှင်မှု မျှဝေနေကြပါသည်။

“ကျွန်တော်တို့ သဘာဝကပေးစွမ်းတဲ့ အားသာချက်ကို အသုံးပြုပြီး မနှစ်က မန်စီမြို့မှာ အနီရောင် matsutake မှိုများ စမ်းသပ်စိုက်ပျိုးရေး မြှင့်တင်ခဲ့ပါတယ်။ ဘေးပတ်ဝန်းကျင်မှာရှိတဲ့ ကျေးရွာက လယ်သမားတွေကို ဦးဆောင်ပြီး စမ်းသပ်ခဲ့ပါတယ်။ အခုဆိုရင် လယ်သမားအိမ်ထောင်စု ၃၀ ကျော်တို့ဟာ စိုက်ပျိုးနေပါပြီ။ သူတို့စိုက်ပျိုးတဲ့ ဧရိယာအကျယ်အဝန်းက တရုတ်ဧက ၃၀ ကျော် (တစ်တရုတ်ဧကမှာ ၆၆၆.၆၇ စတုရမ်းမီတာနှင့် ညီမျှသည်) ရှိပါတယ်”ဟု တယ်ဟုန်ပြည်နယ်ခွဲ စားသုံးမှိုထုတ်လုပ်မှုလုပ်ငန်း ကုမ္ပဏီလီမိတက်မှ အထွေထွေမန်နေဂျာ ဝိန်းဝူက ပြောသည်။ ယခုနှစ် မတ်လ လလယ်မှ ဧပြီလလကုန်အထိ ရိတ်သိမ်းချိန်တွင် နေ့စဥ်ပျမ်းမျှ မှိုရိတ်သိမ်းနှုန်းမှာ ကီလိုဂရမ် ၇၀၀ ခန့်ရှိကြောင်း သူက ဆက်လက်ပြောပြပါသည်။

မန်စီမြို့ အနီရောင် matsutake မှိုများ ရိတ်သိမ်းချိန်မှာ နွေရာသီဖြစ်ပြီး တရုတ် ပြည်တွင်းရှိ အခြားသော ဒေသများတွင် ရာသီကြောင့် လတ်ဆတ်သောစားသုံးမှို စိုက်ပျိုးရန် မလုပ်ကိုင်နိုင်သည့်အချိန်လည်း ဖြစ်ကြောင်း၊ ရာသီချိန်မဟုတ်သော မှိုများ ရောင်းချနိုင်သည့်အတွက် ရောင်းအားကောင်းလျက်ရှိကြောင်း သိရှိရပါသည်။


( အရင်းအမြစ် - မန်စီမြို့မီဒီယာအဖွဲ့။ ဘာသာပြန် - Yunnan gateway)