ထိုင်းနိုင်ငံမှ သစ်သီးများ တရုတ်-လာအိုမီးရထားလမ်းမှတစ်ဆင့် တရုတ်သို့ ပထမဆုံးအကြိမ် တင်ပို့ရောင်းချ

2022-04-08 19:11:36 |သတင်းအရင်းအမြစ် 新华网

ယခုရက်ပိုင်းတွင် ထိုင်းနိုင်ငံမှထွက်သော ဒူးရင်းသီး တန်ချိန်(၄၀)နှင့် အုန်းသီးတန်ချိန်(၂၀)အား ထိုင်းနိုင်ငံမှ လာအိုနိုင်ငံ ဗီယင်ကျန်းမြို့သို့ ပို့ဆောင်ပြီးနောက် တရုတ်-လာအိုမီးရထားလမ်းမှတစ်ဆင့် တရုတ်နိုင်ငံ ကူမင်းမြို့ ကို တင်ပို့ရောင်းချခဲ့သည်။

ယခုအကြိမ် ထိုင်းနိုင်ငံထွက်သစ်သီးများ တရုတ်နိုင်ငံသို့ တင်ပို့ခြင်းသည် တရုတ်-လာအို မီးရထားလမ်းမှတစ်ဆင့် ပထမဆုံးအကြိမ် တင်ပို့ခြင်းဖြစ်သည်။ နောင်တွင် ပိုများသော ထိုင်းနိုင်ငံလယ်ယာထွက်ကုန်များအား တရုတ်-လာအိုမီးရထားလမ်းမှတစ်ဆင့် တရုတ် သို့မဟုတ် ဥရောပနိုင်ငံများသို့ တင်ပို့နိုင်မည်ဟု ယုံကြည်ကြောင်း တရုတ်-လာအိုမီးရထားလမ်း လာအိုလမ်းပိုင်းဆိုင်ရာ တာဝန်ခံမှ ဆိုသည်။
(အရင်းအမြစ်၊ Xinhua ၊ ဘာသာပြန်၊ Yunnan gateway)