တရုတ်နိုင်ငံပေကျင်းမြို့ရှိ ရုပ်ရှင်ရုံတစ်ရုံမြင်ကွင်းအား ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁၇ ရက်က တွေ့ရစဉ်(ဆင်ဟွာ)
၁၂ ကြိမ်မြောက် ပေကျင်းနိုင်ငံတကာရုပ်ရှင်ပွဲတော်ကို ဩဂုတ် ၁၃ ရက်တွင် စတင်ဖွင့်လှစ်ကျင်းပသွားမည်ဖြစ်ကြောင်း ပွဲစီစဉ်သူများက ဧပြီ ၉ ရက်တွင် ပြောကြားခဲ့သည်။ယခုနှစ်အတွက် ပေကျင်းနိုင်ငံတကာရုပ်ရှင်ပွဲတော်ကို ဩဂုတ် ၂၀ ရက်အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
၂၀၁၁ ခုနှစ်မှ စတင်ကာ ကျင်းပပြုလုပ်ခဲ့သည့် ယင်းရုပ်ရှင်ပွဲတော်၏ ရည်ရွယ်ချက်မှာ ကမ္ဘာလုံးဆိုင်ရာရုပ်ရှင်ထုတ်လုပ်သူများအကြား အပြန်အလှန်ဖလှယ်မှုတွန်းအားပေးရန် နှင့် တရုတ်နိုင်ငံ၏ ထွန်းတောက်လာသော ရုပ်ရှင်ဈေးကွက်အပေါ် နိုင်ငံတကာအလေးထားမှု တိုးမြှင့် စွဲဆောင်ရန် ဖြစ်ကြောင်း သိရသည်။(Xinhua)