ဧပြီလ ၈ ရက်နေ့တွင် တရုတ်နိုင်ငံ ယူနန်ပြည်နယ်၏ ပထမဆုံး အရေးပေါ်ရွှေ့ပြောင်းဆေးရုံသည် တယ်ဟုန်တိုင်၊ ဂျင်းဖောတိုင်းရင်းသား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြည်နယ်ခွဲ ရွှေလီမြို့တွင် စတင်အသုံးပြုခဲ့ကြောင်း သတင်းအရ သိရပါသည်။ ထိုနေ့တွင် ကိုဗစ်-၁၉ အတည်ပြုလူနာ ၅ ဦးကို ၎င်းဆေးရုံတွင် ဆေးကုသပေးခဲ့သည်။
၎င်းရွှေ့ပြောင်းဆေးရုံ၏ အကျယ်အဝန်းသည် ၃၆၅၄ စတုရမ်းမီတာရှိပြီး လူနာ ၁၀၀ ဆံ့ဆေးရုံဖြစ်ကာ ဆရာဝန်၊ သူနာပြုစသောဆေးဘက်ဆိုင်ရာဝန်ထမ်း ၁၀၅ ဦး စီစဥ်ထားရှိသည်။ အဝေးမှ ဆေးကုသပေးခြင်း၊ ပိုအဆင်ပြေစွာ ဆေးကုသပေးရန် အခြားသော ဆေးရုံသို့ လွှဲပြောင်းပေးခြင်း၊ သာမန်ခွဲစိတ်ခြင်း စသည်တို့ကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်ပြီး အနီးပတ်ဝန်းကျင်၏ ကိုဗစ်-၁၉ ထိန်းချုပ်ကာကွယ်ရေးနှင့် ဆေးကုစွမ်းအားကို မြှင့်တင်စေနိုင်ကြောင်း သိရပါသည်။
(အရင်းအမြစ် - ပြည်သူ့နေ့စဥ်သတင်းစာယူနန်သတင်းဌာနခွဲ၊ CCTV ၊ ဘာသာပြန် - Yunnan gateway)