ကပ်ရောဂါဖြစ်ပွားသည့်ကြားမှ ရှန်ဟိုင်းမြို့သို့ တရုတ်နိုင်ငံ အရှေ့ပိုင်းစူးကျိုးမြို့က ရေကြောင်းကုန်စည်ပို့ဆောင်ရေး တိုးချဲ့

2022-04-13 18:30:04 |သတင်းအရင်းအမြစ် 新华网

တရုတ်နိုင်ငံ အရှေ့ပိုင်း ကျန်းစုပြည်နယ် Taicang ဆိပ်ကမ်းအား ၂၀၁၉ ခုနှစ် အောက်တိုဘာ ၃၀ ရက်တွင် တွေ့ရစဉ်(ဆင်ဟွာ)

ရှန်ဟိုင်းမြို့မှ ကီလိုမီတာ ၅၀ ခန့် အကွာတွင် တည်ရှိသော စူးကျိုးမြို့ရှိ Taicang ဆိပ်ကမ်းသည် COVID-19 ရောဂါ ရင်ဆိုင်နေရသည့် ရှန်ဟိုင်းမြို့နှင့် ကူးလူးသွားပြန် ကုန်စည်ပို့ဆောင်ရေး ကူညီရန် မတ်လမှစတင်ကာ ရှန်ဟိုင်းဆိပ်ကမ်းသို့ ရေကြောင်းခရီးရှည် အရေအတွက်များ တိုးမြင့်လာခဲ့ကြောင်း သိရသည်။ရှန်ဟိုင်းမြို့၌ COVID-19 ရောဂါဖြစ်ပွားမှုများကြောင့် ကုန်းလမ်းပို့ဆောင်ရေး နှေးကွေးသွားသဖြင့် ရှန်ဟိုင်းမြို့ နှင့် စူးကျိုးမြို့တို့၌ တိုးပွားလာသော လုပ်ငန်းအရေအတွက် Taicang နှင့် ရှန်ဟိုင်းဆိပ်ကမ်းများမှ ကြေညာထားသည့် အစိမ်းရောင်ရေလမ်းကြောင်းမှတစ်ဆင့် ရေကြောင်းဖြင့် ကုန်သေတ္တာများအား လွှဲပြောင်းလျက် ရှိကြောင်း သိရသည်။

ကုန်းလမ်းမှရေကြောင်းသို့ ပို့ဆောင်ရေး ကူးပြောင်းခြင်းသည် ကပ်ရောဂါပြန်လည်မြင့်တက်လာမှုများအတွင်း ရှန်ဟိုင်းဆိပ်ကမ်း၌ ဆိုက်ရောက်ထွက်ခွာရာတွင် ကုန်ပစ္စည်းများအား အချိန်တိုတိုအတွင်း ခရီးရောက်စေရန် ကူညီခဲ့ကြောင်း Taicang ဆိပ်ကမ်းတာဝန်ရှိသူများက ပြောကြားခဲ့သည်။

မတ်လမှစတင်ကာ Taicang ဆိပ်ကမ်းသည် ရှန်ဟိုင်းဆိပ်ကမ်းနှင့် ကူးလူးသွားပြန် ပြုလုပ်သည့် သင်္ဘော ၇ စင်း နှင့် ရေကြောင်းခရီးရှည် ၁၅၀ အား ထပ်တိုးခဲ့သည်။

ယင်းမှာ ၄၈ နာရီအတွင်း Taicang ဆိပ်ကမ်းမှ ရှန်ဟိုင်းမြို့၏ ဆိပ်ကမ်းသို့ ကုန်ပစ္စည်းများ လွှဲပြောင်းနိုင်ကြောင်း သေချာစေရန် နေ့ညမရွေး ကုန်စည်ဝန်ဆောင်မှုများထောက်ပံ့ပေးခြင်းလည်း ဖြစ်ကြောင်း Taicang ဆိပ်ကမ်းအုပ်ချုပ်ရေးကော်မတီထံမှ သိရသည်။

ယင်းကာလအတွင်း ရေလမ်းကြောင်းမှတစ်ဆင့် ကုန်သေတ္တာပေါင်း ၅၉,၁၃၂ TEUs အား ပို့ဆောင်ပေးခဲ့ပြီး နှစ်အလိုက် ၆၈ ရာခိုင်နှုန်း တိုးလာကြောင်း သိရသည်။

Taicang ဆိပ်ကမ်းသည် ယခုအခါတွင် near-sea သင်္ဘောလိုင်း ၃၀ နှင့် ocean-going သင်္ဘောလိုင်း ၁၆၉ လိုင်းဖြင့် လုပ်ငန်းလည်ပတ်နေကြောင်း သိရသည်။ (Xinhua)