ယမန်နှစ်က တရုတ်နှင့် မဲခေါင်မြစ်တစ်လျှောက် နိုင်ငံများကြား ကုန်သွယ်မှု ပမာဏ ဒေါ်လာ ၄၀၀ ဘီလီယံနီးပါးရှိ

2022-04-13 18:35:10 |သတင်းအရင်းအမြစ် 新华网

တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင် ၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိက ဇွန် ၈ ရက်တွင် ချုံချင့်၌ လန်ချန်း-မဲခေါင် (၆) ကြိမ်မြောက် နိုင်ငံခြားရေးဝန်ကြီး အစည်းအဝေးတွင် သဘာပတိအဖြစ် ဆောင်ရွက်နေစဉ် (ဆင်ဟွာ)

၂၀၂၁ ခုနှစ်တွင် ကိုဗစ်ကပ်ရောဂါနှင့် ကမ္ဘာ့စီးပွားရေးပြန်လည်ဦးမော့ရေးအားနည်းသည့်အခြေအနေအောက်တွင် လန်ချန်း-မဲခေါင်၆နိုင်ငံအကြား ကပ်ရောဂါတိုက်ဖျက်ရေးပူးပေါင်းဆောင်ရွက်မှု အားဖြည့်လုပ်ဆောင်ခဲ့ကြပြီး စီးပွားရေးတိုးတက်မှုအတွက် လက်တွဲဆောင်ရွက်ခဲ့ရာ တရုတ်နှင့်မဲခေါင်မြစ်တစ်လျှောက်ရှိ နိုင်ငံ၅နိုင်ငံကြားကုန်သွယ်မှုပမာဏမှာ ဒေါ်လာ ၄၀၀ ဘီလီယံနီးပါးအထိ မြင့်တက်လာစေရန်တွွန်းအားပေးလုပ်ဆောင်ခဲ့သဖြင့် ကာလတူထက် ၂၃ ရာခိုင်နှုန်းတိုးမြင့်လာခဲ့ကြောင်း ဧပြီ၇ရက်တွင်ကျင်းပသော၂၀၂၂ခုနှစ် လန်ချန်း-မဲခေါင်ပူးပေါင်းဆောင်ရွက်ရေးနှင့်နှီးနှောဖလှယ်ပွဲ ဖွင့်ပွဲအခမ်းအနားမှသိရသည်။

ယခုအကြိမ်”လန်ချန်း-မဲခေါင်သီတင်းပတ်”သည်အွန်လိုင်းနှင့်အော့ဖ်လိုင်း (offline) နှစ်မျိုးပေါင်းစပ်ကျင်းပသွားမည်ဖြစ်သည်။အစည်းအဝေးတွင်လန်ချန်း-မဲခေါင်ပူးပေါင်းဆောင်ရွက်ရေးလှုပ်ရှားမှုအစီအစဥ် ၁၄ ခုရှိပြီး ဖိုရမ်များ၊ပညာရပ်ဆိုင်ရာနှီးနှောဖလှယ်ပွဲများ၊အသက်မွေးဝမ်းကျောင်းသင်တန်းများ၊ယဉ်ကျေးမှုဖလှယ်ခြင်း၊အားကစားပြိုင်ပွဲများ၊ပညာရေးပူးပေါင်းဆောင်ရွက်မှု စသဖြင့်ပါဝင်မည်ဖြစ်ကြောင်းသိရသည်။

အစည်းအဝေးတွင် နိုင်ငံခြားရေးဝန်ကြီးဌာန အာရှရေးရာဌာန၏ အတိုင်ပင်ခံပုဂ္ဂိုလ် လျန်ကျန့်ကျွင်းက လန်ချန်း-မဲခေါင်ပူးပေါင်းဆောင်ရွက်မှုမှာ ၆နှစ်တာကာလ ဖြတ်ကျော်ခဲ့ပြီဖြစ်ကြောင်းဗီဒီယိုမိန့်ခွန်းတွင်ပြောကြားခဲ့သည်။
လွန်ခဲ့သည့်ခြောက်နှစ်ကလန်ချန်း-မဲခေါင်၆နိုင်ငံခေါင်းဆောင်များက ဘုံအကျိုးဖြစ်ထွန်းမှု၊ဘုံဖွံ့ဖြိုးတိုးတက်မှုရည်ရွယ်ချက်ဖြင့် ဤဒေသတွင်းပူးပေါင်းဆောင်ရွက်မှုယန္တရားသစ်ကိုစတင်ကာတရုတ်နှင့်မဲခေါင်မြစ်တစ်လျှောက်နိုင်ငံများအကြားဆက်ဆံရေးဖွံ့ဖြိးတိုးတက်မှုအဆင့်သစ်ကိုစတင်ခဲ့ကြောင်း ၎င်းကဆိုသည်။

လန်ချန်း-မဲခေါင်ပူးပေါင်းဆောင်ရွက်ရေးပူးတွဲအလှည့်ကျနိုင်ငံနှင့် မြန်မာနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးကျော်မျိုးထွန်းက လန်ချန်း-မဲခေါင်ပူးပေါင်းဆောင်ရွက်ရေးသည်အရှိန်အဟုန်နှင့် ဖွံ့ဖြိုးတိုးတက်မှုအလားအလာအရှိဆုံးသောဒေသခွဲပူးပေါင်းဆောင်ရွက်မှုယန္တရားဖြစ်လာရာမြစ်ဝှမ်းရှိပြည်သူများအပေါ် ယုံကြည်စိတ်ချရပြီးလက်တွေ့ကျသောအကူအညီများပေးအပ်လျက်ရှိကြောင်းပြောကြားခဲ့သည်။

လက်ရှိတွင်စီးပွားရေးကျဆင်းမှု၊လက်နက်ကိုင်ပဋိပက္ခများနှင့်ကပ်ရောဂါဖြစ်ပွားမှုများကြောင့်ကမ္ဘာ့အခြေအနေများမှာပိုမိုရှုပ်ထွေးလာခဲ့သည်။ ဤနာကျင်ဖွယ်အတွေ့အကြုံများက ဒေသတွင်းငြိမ်းချမ်းရေးနှင့်တည်ငြိမ်ရေးကိုထိန်းသိမ်းရန်အရေးကြီးကြောင်းပြသခဲ့သည်။ လန်ချန်း-မဲခေါင်ပူးပေါင်းဆောင်ရွက်မှုသည်အနာဂတ်တွင်ပိုမိုကြီးမားသောအောင်မြင်မှုရရှိမည်ဟုမျှော်လင့်ပါကြောင်း ၎င်းက ပြောကြားခဲ့သည်။

လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု ယန္တရားကို ၂၀၁၆ ခုနှစ် မတ်လတွင် တရားဝင်တည်ထောင်ခဲ့သည်။ လန်ချန်း-မဲခေါင် ၆ နိုင်ငံသည် အောင်မြင်သော လန်ချန်း-မဲခေါင် ပုံစံ ဖန်တီးခဲ့သည့်အပြင် ဒေသခွဲ ပူးပေါင်းဆောင်ရွက်မှုအတွက် “ရွှေရောင်ဆိုင်းဘုတ်” ဖန်တီးကာ ဒေသတွင်း ဖွံ့ဖြိုးတိုးတက်မှုအတွက် စဉ်ဆက်မပြတ် တွန်းအား ဖြည့်တင်းပေးခဲ့သည်။ ယခုနှစ်တွင် တရုတ်နိုင်ငံ ဗဟိုကော်မတီအဖွဲ့ ၂၀ ကျော်နှင့် ဒေသဆိုင်ရာ ပြည်နယ်နှင့် မြို့ကြီး ၁၀ ခုကျော်တို့ မှ လူငယ် ဖလှယ်ပွဲများ၊ ပညာရှင်ဖိုရမ်များ၊ ရုပ်ရှင်နှင့် ရုပ်မြင်သံကြား ပြပွဲများစသည့် လှုပ်ရှားမှု ၈၀ ကျော် ကျင်းပကာ မဲခေါင်မြစ်တစ်လျှောက် ၅ နိုင်ငံ နှင့်အတူ လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု ၆ နှစ်ပြည့် နှစ်ပတ်လည်ကို ကြိုဆိုဆင်နွှဲမည်ဖြစ်ကြောင်း သိရသည်။ (Xinhua)