တရုတ် ပြည်နယ်နှင့်မြို့ပြ ၃၁ ခုနှင့် ရှင်းကျန်းထုတ်လုပ်ရေးတပ်ဖွဲ့တို့တွင် ကိုဗစ်-၁၉ အတည်ပြုလူနာ ၁၅၀၀၊ ရောဂါလက္ခဏာမပြသောလူနာ ၂၆၄၂၀ တိုးလာပြီး ကိုဗစ်ကာကွယ်ဆေးထိုးနှံသူများသည် မထိုးနှံခဲ့သောသူများထက် အသက်ဆုံးရှုံးမှုအန္တရာယ် ၉၅ ဆ ကွာခြား

2022-04-13 18:36:33 |သတင်းအရင်းအမြစ် 央视网、央视新闻快看

ဧပြီလ ၁၂ ရက်နေ့တွင် တရုတ်နိုင်ငံ ပြည်နယ်နှင့်မြို့ပြ ၃၁ ခု (ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသနှင့် ဗဟိုအစိုးရ တိုက်ရိုက်စီမံအုပ်ချုပ်သော မြို့ပြအပါအဝင်)နှင့် ရှင်းကျန်းထုတ်လုပ်ရေးတပ်ဖွဲ့တွင် ကိုဗစ်-၁၉ အတည်ပြုဒေသခံလူနာ ၁၅၀၀ ဦး တိုးလာပြီး တရုတ်နိုင်ငံ ပြည်နယ်နှင့်မြို့ပြများအနက် ၁၉ ခု အတွင်း ပျံ့နှံ့လျက်ရှိသည်။ ၎င်းတို့အနက် ၁၅၂ ဦးသည် ရောဂါလက္ခဏာမပြသောလူနာမှ ပြောင်းလာသောလူနာ ဖြစ်သည်။

ထို့ပြင် အဆိုပါနေ့တွင် ရောဂါလက္ခဏာမပြသောလူနာ ၂၆၄၂၀ ဦးတိုးလာပြီး တရုတ် ပြည်နယ်နှင့်မြို့ပြများအနက် ၂၁ ခုတွင် ပျံ့နှံ့နေကြောင်း သတင်းအရ သိရပါသည်။

 

Omicron ဗီဇပြောင်းရောဂါပိုးသည် အမှန်တကယ် ခုခံအားစနစ်မှလွတ်မြောက်ခြင်း (immune escape) အခြေအနေ ဖြစ်ပွားသော်လည်း ကိုဗစ်ကာကွယ်ဆေးသည် ရောဂါလက္ခဏာပြင်းထန်သူနှင့် အသက်ဆုံးရှုံးခြင်းအား ကြိုတင်ကာကွယ်မှုတွင် များစွာ အထောက်အကူပြုကြောင်း ယခုရက်ပိုင်းတွင် တရုတ်ရောဂါကာကွယ်ထိန်းချုပ်ရေးစင်တာ (Chinese Center for Disease Control and Prevention) ကျွမ်းကျင်ပညာရှင်ကြီး မစ္စတာဝမ်ဟွာချင့်မှ ဆိုခဲ့သည်။ တရုတ် ဟောင်ကောင်၏ နောက်ဆုံးသုတေသန ရလဒ်တစ်ရပ်အရ ကိုဗစ်ကာကွယ်ဆေး ၃ ကြိမ် ထိုးနှံခြင်းသည် ပြင်းထန်သော ရောဂါလက္ခဏာဖြစ်ပွား ခြင်းနှင့် အသက်ဆုံးရှုံးခြင်း ဘေးအန္တရာယ်ကို ၉၀% အထက် လျှော့ချနိုင်သည်ဟုဆိုသည်။ တရုတ် ဟောင်ကောင်ဒေသ ကျန်းမာရေးဌာန၏ အချက်အလက်အရ၊ ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံခြင်း မရှိသောသူသည် ကိုဗစ်ရောဂါဖြစ်ပါက အသက်ဆုံးရှုံးမှုနှုန်းသည် ၂.၈၇% ဖြစ်ပြီး ကာကွယ်ဆေး ၂ ကြိမ်နှင့် ၃ ကြိမ် ထိုးနှံလျှင် အသက်ဆုံးရှုံးမှုနှုန်းသည် ၀.၁၄% နှင့် ၀.၀၃% အထိ အသီးသီး လျှော့ချနိုင်ပြီး အဆ ၂၀ နှင့် ၉၅ ဆ အသီးသီး ကွာခြားလျက်ရှိသည်။
(အရင်းအမြစ်၊ CCTV ၊ ဘာသာပြန်၊ Yunnan gateway)