ရုရှားကာကွယ်ရေးကဏ္ဍအပေါ် ကနေဒါနိုင်ငံက ပိတ်ဆို့အရေးယူမှုသစ် ချမှတ်

2022-04-16 17:05:15 |သတင်းအရင်းအမြစ် 新华网

 

ကနေဒါနိုင်ငံအနေဖြင့် ရုရှားကာကွယ်ရေးကဏ္ဍအပေါ် ပိတ်ဆို့အရေးယူမှုအသစ် ချမှတ်လိုက်ကြောင်း ဧပြီ ၁၁ ရက်တွင် ကနေဒါနိုင်ငံခြားရေးဝန်ကြီး Melanie Joly က ကြေညာခဲ့သည်။နိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အသစ်တစ်ရပ်အရ ယင်းအစီအမံသစ်များသည် ရုရှားကာကွယ်ရေးကဏ္ဍရှိ အဖွဲ့အစည်း ၃၃ ဖွဲ့အပေါ် ကန့်သတ်ချက်များ ချမှတ်သွားမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါအဖွဲ့အစည်းများသည် ရုရှားစစ်တပ်အား သွယ်ဝိုက်ဖြစ်စေ သို့မဟုတ် တိုက်ရိုက်ဖြစ်စေ ထောက်ပံ့မှုများ ပေးအပ်ခဲ့ကြောင်း ထုတ်ပြန်ချက်အသစ်တွင် ဖော်ပြထားသည်။

ရုရှား-ယူကရိန်း ပဋိပက္ခ စတင်သည့် ဖေဖော်ဝါရီ ၂၄ ရက်မှစတင်ကာ ကနေဒါနိုင်ငံသည် ရုရှား ၊ ယူကရိန်း နှင့် ဘီလာရုဇ်နိုင်ငံတို့မှ လူပုဂ္ဂိုလ် တစ်ဦးချင်း နှင့် အဖွဲ့အစည်း စုစုပေါင်း ၇၀၀ ကျော်အပေါ် ပိတ်ဆို့အရေးယူမှုများ ချမှတ်ခဲ့သည်။ကနေဒါနိုင်ငံ၏ နောက်ဆုံးပိတ်ဆို့အရေးယူမှုများသည် စာရင်းဝင်အဖွဲ့အစည်းများအပေါ် ပိုင်ဆိုင်သည့် ပစ္စည်းအား ထိန်းချုပ်ကန့်သတ်ခြင်း နှင့် တားမြစ်ချက်များအား ချမှတ်သွားမည် ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။ (Xinhua)