တရုတ်-မော်လ်ဒိုက် ချစ်ကြည်ရေးတံတားနှင့်အတူ လွန်ခဲ့သောနှစ်အနည်းငယ်အကြာက အရာအားလုံးစတင်လာခဲ့သည်။ တရုတ်နိုင်ငံမှ ပံ့ပိုးမှုဖြင့် တည်ဆောက်ထားသော တံတားဖွင့်လှစ်ခြင်းသည် ပထမဆုံးအကြိမ် မြို့တော် မာလီမှ အနီးဝန်းကျင် Hulhumale ကျွန်းသို့ လမ်းလျှောက်သွားလာနိုင်ပြီဟု ဆိုလိုခြင်းလည်းဖြစ်ပေသည်။
ယနေ့တွင် China State Construction Engineering Corporation (CSCEC) မှ တည်ဆောက်ထားသော လှပသည့် တံတား ၅ စင်းသည် အပူပိုင်း သုခဘုံကျွန်းလေးတွင် ဆက်သွယ်မှုများကို အသွင်ပြောင်းလဲပေးခဲ့သည်။ ချစ်ကြည်ရေး တံတားက မော်လ်ဒိုက်ပြည်သူများ၏ ပင်လယ်ဖြတ်ကျော် တံတားအိပ်မက်ကို အမှန်တကယ် အကောင်အထည်ပေါ်လာစေခဲ့သလို Hulhumale ကျွန်းရှိ တံတား ၅ စင်းက “မြို့၏ ကဏ္ဍသစ် ဖွင့်လှစ်ခြင်း” အဖြစ် ဒေသခံမီဒီယာက ဖော်ပြထားခဲ့သည်။
မော်လ်ဒိုက်နိုင်ငံ Hulhumale ကျွန်းတွင် China State Construction Engineering Corporation (CSCEC) က တည်ဆောက်ထားသော တံတားများအား မတ် ၂၄ ရက်က တွေ့ရစဉ် (ဓာတ်ပုံ- CSCEC/Handout via Xinhua)
“အသစ်ဖွင့်လှစ်လိုက်တဲ့ ချစ်ကြည်ရေးတံတား ၅ စင်းဟာ Hulhumale ကျွန်းရှိ အဆင့် ၁ နဲ့ ၂ နေရာကြား သွားလာရေးပြဿနာကို ဖြေရှင်းပေးလိုက်တာဖြစ်သလို တရုတ်-မော်လ်ဒိုက် ချစ်ကြည်ရေးတံတားက မာလီမြို့မှ Hulhumale ကျွန်းထံ လှေဖြင့်ခရီးသွားလာရခြင်း သမိုင်းကြောင်းကိုလည်း အဆုံးသတ်ပေးလိုက်တာဖြစ်ပါတယ်” ဟု ဖက်ရှင်ဒီဇိုင်နာတစ်ဦးဖြစ်သော Uzair Abdulla Uwais က ပြောခဲ့သည်။
မော်လ်ဒိုက်နိုင်ငံ Hulhumale ကျွန်းတွင် China State Construction Engineering Corporation (CSCEC) က တည်ဆောက်ထားသော တံတားတစ်စင်းအား မတ် ၂၄ ရက်က တွေ့ရစဉ် (ဓာတ်ပုံ- CSCEC/Handout via Xinhua)
“သေးငယ်ပေမဲ့ လှပတဲ့ ဒီစီမံကိန်းအသေးလေးဟာ ဒေသခံပြည်သူတွေဆီကို ပျော်ရွှင်မှုတွေ အများကြီး ဆောင်ကြဉ်ပေးတယ်ဆိုတာကို မြင်တွေ့ရတာ အလွန်ပဲ ဝမ်းမြောက်ဝမ်းသာဖြစ်မိပါတယ်။ ဒီတံတားတွေဟာ အနီးဝန်းကျင်က စီးပွားရေးလုပ်ငန်း၊ ယဉ်ကျေးမှု၊ ခရီးသွားလုပ်ငန်းနဲ့ စီးပွားရေး ဖွံ့ဖြိုးတက်မှု ကြွယ်ဝစေမယ်လို့ မျှော်လင့်ပါတယ်” ဟု မော်လ်ဒိုက်နိုင်ငံရှိ CSCEC ရုံးခွဲ အထွေထွေမန်နေဂျာ Zhang Tao က ပြောခဲ့သည်။
မော်လ်ဒိုက်နိုင်ငံ Hulhumale ကျွန်းတွင် China State Construction Engineering Corporation (CSCEC) က တည်ဆောက်ထားသော တံတားတစ်စင်းပေါ်မှ ဖြတ်သန်းသွားလာနေသူများအား ဇန်နဝါရီ ၇ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
မာလီမြို့ အရှေ့မြောက်ဘက်ရှိ Hulhumale သည် ပင်လယ်ကြမ်းပြင်မှ သဲများကို စုပ်တင်ကာ ဆောက်လုပ်ထားခြင်းဖြစ်ပြီး ပင်လယ်ရေလယ်ဗယ်မြင့်တက်မှုကို တုံ့ပြန်သည့်အနေဖြင့် တစ်စိတ်တစ်ပိုင်း တည်ဆောက်ထားသော လူလုပ်ကျွန်းတစ်ကျွန်း ဖြစ်သည်။ ကျွန်းပေါ်၌ ပထမဆုံးအခြေချမှုကို ၂၀၀၄ ခုနှစ်တွင် စတင်ပြုလုပ်ခဲ့သည်။
မော်လ်ဒိုက်နိုင်ငံ Hulhumale ကျွန်းတွင် China State Construction Engineering Corporation (CSCEC) က တည်ဆောက်ထားသော တံတားတစ်စင်းအား မတ် ၂၄ ရက်က တွေ့ရစဉ် (ဓာတ်ပုံ- CSCEC/Handout via Xinhua)
တံတား ၅ စင်းသည် Hulhumale အဆင့် ၁ နှင့် ၂ နေရာကြား ရေလမ်းကြောင်းပေါ်တွင် တည်ရှိသည်။ တံတား ၄ စင်းမှာ မြို့၏ သွားလာမှုအများဆုံး အစိတ်အပိုင်းနှစ်ခုကို ချိတ်ဆက်ထားသည့် လှိုင်းများအထက် သက်တန့်သဖွယ် ပေါ်ထွက်နေသလို ငါးစင်းမြောက် တံတားမှာမူ အဆင့် ၂ နေရာ၏ ခရီးသွားလုပ်ငန်းကဏ္ဍကို အခြားဧရိယာနှင့် ချိတ်ဆက်ထားသော ရှုခင်းကြည့်နေရာများစွာ ရှိကြောင်း သိရသည်။
Hulhumale သည် မော်လ်ဒိုက်နိုင်ငံအတွင်း အရေးပါဆုံး ထွန်းသစ်စမြို့တစ်မြို့လည်းဖြစ်ပြီး အဆင့် ၂ နေရာတွင် လူနေအိမ်ခြေ ၇,၀၀၀ တည်ဆောက်ထားသည်။
Hulhumale အဆင့် ၁ နေရာတွင် နှစ်ပေါင်းများစွာ အလုပ်လုပ်ကိုင်လျက်ရှိသော Saeed Ahmed ဆိုသူသည် ယမန်နှစ် အိမ်ရာစီမံကိန်း၏ ဒေသခံတစ်ဦးဖြစ်လာရန်မှာ ကံကောင်းမှုဖြစ်ပြီး ၎င်း၏ နေအိမ်မှာလည်း ကြီးမားစွာ တိုးတက်လျက်ရှိသည်။
“Saeed Ahmed အဆင့် ၁ နဲ့ အဆင့် ၂ ကြား သွားလာရေးက ခက်ခဲလေ့ရှိတယ်။ ကျွန်တော် နေ့တိုင်း အလုပ်လုပ်ဖို့နဲ့ ပုံမှန်ဈေးဝယ်ဖို့ ပြေးလွှားနေရတယ်။ ကုန်သည်တွေကလည်း နေအိမ်အရောက်ဝန်ဆောင်မှုတွေပေးဖို့ ဆန္ဒမရှိကြဘူးလေ”
“အဆင့် ၁ ကနေ အဆင့် ၂ နေရာကို ပြန်ရောက်ဖို့ ခက်ခဲခဲ့တာပေါ့။ အနည်းဆုံး အချိန်တစ်ရက် ခရီးလောက်ကိုကြာတာပါ” ဟု Ahmed က ဆိုသည်။ တံတားများ မဖွင့်လှစ်မီက ၎င်းသည် နေ့စဉ်နေ့တိုင်း သစ်သားပျဉ်ချပ်များပေါ်မှ ဖြတ်သန်းသွားလာနေရပြီး မိုးရွာသောနေ့များ၌ ချော်ကျမှုများပင် ကြုံတွေ့ခဲ့သည်ဟု ဆိုသည်။
ဒေသန္တရာသွားလာရေး ဖြစ်နိုင်သမျှ မြန်မြန် တိုးတက်လာစေရန် CSCEC အနေဖြင့် စီမံကိန်း ပြီးစီးရန်နှင့် စီစဉ်ထားသည့်အတိုင်း လွှဲပြောင်းပေးအပ်ရန် အပူချိန်မြင့်မားမှု၊ စိုထိုင်းဆမြင့်မားမှုနှင့် ကိုဗစ်-၁၉ ကပ်ရောဂါ စသည့် အခက်အခဲများကို ကျော်လွှားခဲ့ရသည်။ အဆိုပါ တံတား ၅ စင်းအား ယမန်နှစ်ကုန်ပိုင်းမှစ၍ တစ်စင်းပြီးတစ်စင်းဖွင့်လှစ်ခဲ့ပြီးဖြစ်ကာ ဒေသခံပြည်သူများ၏ ခရီးသွားလာရေးအတွက် ကြီးမားစွာ အဆင်ပြေချောမွေ့စေခဲ့သည်။
တံတားများသည် မင်္ဂလာမောင်နှံများ ဓာတ်ပုံရိုက်ကူးရေးအတွက် နာမည်ကျော်ကြားသည့်နေရာတစ်ခု ဖြစ်နေပြီးဖြစ်သည်။ “ပျော်ရွှင်ဖွယ် အိပ်မက်တံတားလေးများ” ဟု ဒေသတွင်း လူသိများလာပြီး ခရီးသွားဧည့်သည်များအတွက် တံတားများက ကျွန်းများပေါ်တွင် စူးစမ်းလေ့လာမှုအသစ်များကို ပံ့ပိုးပေးထားခြင်းလည်း ဖြစ်သည်။ “ဒီတံတား ၅ စင်းနဲ့အတူ အဆင့် ၂ နေရာလေးက ပိုပြီးလူသိများလာမှာပါ” ဟု ဖက်ရှင်ဒီဇိုင်နာ Uwais က ဆိုသည်။ (Xinhua)