၂၀၂၂ ခုနှစ်သည် ဘွဲ့ရများအတွက် အလုပ်အကိုင်ရရှိရန် အခက်အခဲဆုံးသော နှစ်တစ်နှစ်ဖြစ်နိုင်

2022-04-18 17:59:26 |သတင်းအရင်းအမြစ် 中国新闻周刊

၂၀၂၂ ခုနှစ်တွင် တရုတ်နိုင်ငံ၌ အလုပ်လုပ်ကိုင်လိုသော မြို့ပြ အလုပ်သမားအင်အား လူဦးရေသည် ၁၆ သန်းခန့် အသစ် တိုးလာခဲ့ပြီး လွန်ခဲ့သောနှစ်များစွာအတွင်း ဦးရေအများဆုံးသော နှစ်တစ်နှစ်ဖြစ်သည်။ ၎င်းအနက် တက္ကသိုလ်များမှ ဘွဲ့ရသော ကျောင်းသူကျောင်းသားသည် ၁၀.၇၆ သန်း ပါဝင်ပြီး လွန်ခဲ့သောနှစ်နှင့်နှိုင်းယှဥ်ပါကလည်း ဦးရေအများဆုံးသောနှစ်ဖြစ်သည်။

၂၀၂၀ ပြည့်နှစ် ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ပိုမို များပြားသော ဘွဲ့ရ ကျောင်းသူကျောင်းသားသည် အေးဆေးစွာ အလုပ်ရှာခြင်းကို ရွေးချယ်ခဲ့ကြောင်း၊ သူတို့သည် မိမိ၏ ဆန္ဒအလျောက် အလုပ်သမား အင်အားစျေးကွက်မှ ထွက်ခွာခဲ့ကြောင်း၊ အချို့သော စီးပွားရေးအဆင်ပြေသည့်မိသားစုမှ ကျောင်းသူ ကျောင်းသားများသည် ဘွဲ့လွန်စာမေးပွဲ၊ အစိုးရဝန်ထမ်းစာမေးပွဲအတွက် ပြင်ဆင်ကြကြောင်း၊ ဘွဲ့လွန် ကျောင်းသူကျောင်းသားဦးရေ တိုးများလာသည်နှင့်အမျှ အလုပ်အကိုင်အခွင့်အလမ်းများ အခက်အခဲနှင့် ကြုံတွေ့ရကြောင်း ကျွမ်းကျင်ပညာရှင်အချို့က သုံးသပ်ပြောကြားခဲ့သည်။
(အရင်းအမြစ် - China Newsweek မှ ကောက်နုတ်တင်ပြခြင်း၊ ဘာသာပြန် - Yunnan gateway)