တရုတ်ရှီးအန်း၏ နောက်ဆုံးနျူကလိအက်ဆစ်အဖြေရလဒ် သက်သေပြစတစ်ကာသည် ရောဂါပျောက်ကင်းခြင်းအဓိပ္ပါယ်နှင့် အသံထွက်တူသော တရုတ်ရှေးခေတ်ဗိုလ်ချုပ်ကြီးတစ်ဦး၏ ရုပ်ပုံဖြစ်

2022-04-18 18:00:33 |သတင်းအရင်းအမြစ် 陕视新闻

ဧပြီလ ၁၅ ရက်နေ့တွင် တရုတ်နိုင်ငံ ရှန်ရှီးပြည်နယ် ရှီးအန်းမြို့တွင် မြို့နယ်နှင့်ရပ်ကွက်အချို့သည် နျူကလိအက်ဆစ်စစ်ဆေးခြင်းကို စတင်ခဲ့ပြီး ယခုအကြိမ် နျူကလိအက်ဆစ်အဖြေရလဒ် သက်သေပြစတစ်ကာသည် ရောဂါပျောက်ကင်းခြင်းအဓိပ္ပါယ်နှင့် အသံထွက်တူသော တရုတ်ရှေးခေတ်ဗိုလ်ချုပ်ကြီး Huo Qubing ၏ ရုပ်ပုံဖြစ်သည်။

Huo Qubing (ဟော့်ချို့ပင့်၊ B.C. ၁၄၀- B.C. ၁၁၇ ခုနှစ်)သည် တရုတ်နိုင်ငံ ရှီးဟန့်ခေတ်ကာလ၏ စစ်ရေးကျွမ်းကျင်ပညာရှင် ဗိုလ်ချုပ်ကြီး ဖြစ်သည်။ သူ၏ နာမည်သည် တရုတ်အသံထွက် “ဟော့၊ ရောဂါပျောက်ကင်းခြင်း”နှင့် တူညီပြီး ရှီးအန်းသည် ရှီးဟန့်မင်းဆက်၏ မြို့တော်ဖြစ်ခဲ့သည်။ ယခုအကြိမ် ဗိုလ်ချုပ်ကြီးဟောင်း၏ ရုပ်ပုံအား နျူကလိအက်ဆစ်အဖြေရလဒ် သက်သေပြစတစ်ကာအဖြစ် ဖန်တီးမှုကို ရှီးအန်း၏ ရှေးခေတ်ယဥ်ကျေးမှုကို အခြေပြုသော ဆန်းသစ်တီထွင်ခြင်းတစ်မျိုးဖြစ်သည်။ ခင်မင်ရင်းနှီးမှုကို ဖန်တီးလာသည်နှင့်အမျှ ရောဂါပျောက်ကင်းသော မျှော်လင့်ချက်ကောင်းကိုလည်း ဖော်ပြနေသည်ဟု လူမှုကွန်ရက်တွင် အင်တာနက်သုံးစွဲသူအချို့က ချီးကျူးခဲ့သည်။
(အရင်းအမြစ် - Shanshi သတင်း၊ ဘာသာပြန် - Yunnan gateway)