“Taikonauts” တရုတ်အာကာသသူရဲကောင်းများ ကမ္ဘာမြေပေါ်သို့ အောင်မြင်စွာ ပြန်လည်ရောက်ရှိပြီဖြစ်၊ ပြည်ပမှ နိုင်ငံတကာပူးပေါင်းဆောင်ရွက်ရေး မျှော်လင့်လျက်ရှိ

2022-04-19 18:34:29 |သတင်းအရင်းအမြစ် 新华网

“ကျွန်တော် သူတို့ကို အရမ်းအားကျတယ်” ၊ “လုပ်ငန်းအမိန့်အားလုံးကို သူတို့ ပြီးဆုံးအောင် ဆောင်ရွက်နိုင်တာဟာ မယုံနိုင်စရာပဲ” ဟု အမေရိကန် အငြိမ်းစားအာကာသယာဉ်မှူး Don Thomas က ဆင်ဟွာကို ပြောသည်။Shenzhou-13 လူလိုက်ပါသောအာကာသယာဉ်မစ်ရှင်များ ပြီးပြည့်စုံစွာ အောင်မြင်ခဲ့ပြီဖြစ်သည်။ တရုတ်အာကာသယာဉ်မှူးများက အာကာသစခန်းတွင် နှစ်တစ်ဝက်ကြာနေထိုင်ခဲ့ခြင်းက တရုတ်နိုင်ငံ၏နှလုံးသံစဉ်အမှတ်ရမှုဖြစ်စေသလို ပြည်ပ လုပ်ငန်းတူများ၏ အာရုံစိုက်မှုကို လည်း ရရှိခဲ့သည်။ ပြည်ပပညာရှင်များက သိပ္ပံနှင့်နည်းပညာကဏ္ဍတွင် ရရှိသည့် ဖောက်ထွက်ပြောင်းလဲတိုးတက်မှုများကို တရုတ်နိုင်ငံက မျှဝေပေးစေလိုကြောင်းနှင့် ပူးပေါင်းဆောင်ရွက်မှုများကို ဆက်လက်အားဖြည့်ဆောင်ရွက်သွားလိုကြောင်း ပြောကြားခဲ့သည်။

တရုတ်နိုင်ငံ ရှင်းကျန်းဒေသ ဝူးလူမုချီမြို့ အမှတ်(၇) အထက်တန်းကျောင်းတွင် ကျောင်းသားကျောင်းသူများက ထျန်းကုန်းအာကာသစခန်းစာသင်ခန်းတွင် ဝမ်ရာဖိန်က စမ်းသပ်သရုပ်ပြသင်ကြားမှုအား ကြည့်ရှုနေသည်ကို မတ် ၂၃ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

၁၉၉၀ ခုနှစ်များ Don Thomas သည် အာကာသပျံသန်းမှုမစ်ရှင် ၄ ကြိမ် တာဝန်ထမ်းဆောင်ခဲ့ဖူးသူဖြစ်သည်။ ယခုရက်ပိုင်း ဆင်ဟွာသတင်းဌာန၏ သီးသန့်မေးမြန်းခန်းတွင် မိမိအနေဖြင့်အာကာသယာဉ်မှူးအဖြစ်တာဝန်ထမ်းဆောင်သည့် ကာလတစ်ခုလုံးတွင် အာကာသ၌နေထိုင်သည်ကြာချိန် စုစုပေါင်း ၄၄ ရက် ရှိကြောင်း၊ သို့သော် Shenzhou-13 မစ်ရှင်တစ်ခုတည်းတွင်ပင် အာကာသယာဉ်မှူးများက နှစ်တစ်ဝက်ကျော် အာကာသထဲတွင် နေထိုင်ခဲ့ခြင်း ဖြစ်ကြောင်း ၎င်းက ဆိုသည်။

တရုတ်အာကာသစခန်းမှ အာကာသယာဉ်မှူး ဝမ်ရာဖိန် ရိုက်ကူးသည့် ကမ္ဘာဂြိုဟ်၏မြင်ကွင်းအား တွေ့ရစဉ်(ဆင်ဟွာ)

Don Thomas က ကမ္ဘာမြေပေါ်ရှိ ကလေးများကို တရုတ်အာကာသယာဉ်မှူး ၃ ဦးက အာကာသစခန်းမှ စာသင်ပေးနေသည်ကို တွေ့ရသည့်အခါ လုပ်ငန်းတူချင်းကြောင့်ဖြစ်ပေါ်လာသည့် ဝမ်းသာပီတိ ခံစားမှုက တားဆီးမရအောင်ပင် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

တရုတ်အာကာသယာဉ်မှူးများသည် “ကျွန်တော်တို့ရဲ့ (Taikonauts) ပါပဲ” ဟု Don Thomas က တရုတ်အာကာသယာဉ်မှူးများအတွက် သီးသန့် အင်္ဂလိပ်အခေါ်အဝေါ်ဖြင့် တင်စားခဲ့သည်။ “သူတို့နဲ့ ကျွန်တော်တို့က အတူတူပါပဲ အာကာသခရီးသွားတွေပါ၊ သူတို့ကို မြင်ရတာ၊ မိသားစုလိုပဲ ရင်းနှီးမိတယ်” ဟု ၎င်းက ဝမ်းမြောက်ဝမ်းသာ ပြောကြားသည်။

Don Thomas က ၎င်းအနေဖြင့် တရုတ်အာကာသလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးကို အစဉ် အနီးကပ်ဂရုပြုစောင့်ကြည့်နေရာ တရုတ်နိုင်ငံက အချိန်တိုအတွင်း တိုးတက်လာမှုမှာ မယုံနိုင်အောင်ပင် ဖြစ်ကြောင်း ဆိုသည်။

၂၀၁၉ ခုနှစ်တွင် တရုတ်နိုင်ငံ၏ Chang’e-4 လူသားတို့၏ စူးစမ်းလေ့လာရေးယာဉ် ပထမဆုံးအကြိမ် လကမ္ဘာ၏အနောက်ဘက်ခြမ်းသို့ ညင်သာစွာ ဆင်းသက်နိုင်ခဲ့သည်။ ၂၀၂၀ ပြည့်နှစ်တွင်မူ Chang’e-5 လကမ္ဘာစူးစမ်းလေ့လာရေးယာဉ်သည် လကမ္ဘာပေါ်ရှိမြေကြီးနမူနာအား ကမ္ဘာမြေပေါ်သို့ ယူဆောင်လာနိုင်ခဲ့သည်။ ၂၀၂၁ ခုနှစ်တွင် Tianwen-1 အင်္ဂါဂြိုဟ် စူးစမ်းလေ့လာရေးယာဉ်သည် Zhurong အင်္ဂါဂြိုဟ်ပေါ်သွားယာဉ်အား သယ်ဆောင်၍ အင်္ဂါဂြိုဟ်မြေမျက်နှာပြင်သို့ အောင်မြင်စွာ ဆင်းသက်နိုင်ခဲ့သည်။ ၂၀၂၁ ခုနှစ် အောက်တိုဘာလမှ ၂၀၂၂ ခုနှစ် ဧပြီလအထိ Shenzhou-13 အာကာသယာဉ်မှူးများက ဂြိုဟ်ပတ်လမ်းကြောင်း၌ နှစ်တစ်ဝက်ကြာနေထိုင်ခဲ့ပြီး တရုတ်အာကာသယာဉ်မှူးများအနေဖြင့် ဂြိုဟ်ပတ်လမ်းတွင် ဆက်တိုက်ပျံသန်းသည့် ကြာချိန်စံချိန်သစ်ကို ဖန်တီးနိုင်ခဲ့သည်။

“တရုတ် (အာကာသလုပ်ငန်း) ဖွံ့ဖြိုးတိုးတက်မှုကို မြင်တွေ့ရတာ စိတ်ချမ်းသာဖွယ်ခံစားမှုတစ်မျိုးပါပဲ” ဟု Don Thomas က ဆိုသည်။

အာကာသကဏ္ဍ နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုအပေါ် Don Thomas က နိုင်ငံများအကြား နိုင်ငံရေးကွဲလွဲမှုများရှိနေသော်လည်း နိုင်ငံအသီးသီး၏ အာကာသယာဉ်မှူးများတွင် ကမ္ဘာမြေ၏သံတမန်များဟူသော တူညီသည့်ကိုယ်စားပြုမှုတစ်ခုရှိကြောင်း၊ လူသားမျိုးနွယ်တစ်ရပ်လုံးကို ကိုယ်စားပြုပြီး အာကာသစူးစမ်းလေ့လာရေးလှုပ်ရှားမှုကို အတူပါဝင်ဆောင်ရွက်သင့်ကြောင်း ပြောကြားခဲ့သည်။
လကမ္ဘာတွင် ပူးတွဲသိပ္ပံစခန်းတည်ဆောက်မှုနှင့် လူသားများ အင်္ဂါဂြိုဟ်တက်ရောက်နိုင်ရေး စသည့် ရည်မှန်းချက်များကို နိုင်ငံအသီးသီးက ပူးပေါင်းဆောင်ရွက်ပြီး တူစုံလက်ညီ အကောင်အထည်ဖော်သင့်ကြောင်း ၎င်းက ယူဆသည်။

ကင်ညာ နိုင်ငံတကာလေ့လာရေးပညာရှင် Cavens Adhill ကလည်း Shenzhou-13 လူလိုက်ပါအာကာသယာဉ်မစ်ရှင်များ ပြီးပြည်စုံစွာ အောင်မြင်ခဲ့ခြင်းသည် တရုတ် အာကာသ စူးစမ်းလေ့လာရေးအစီအစဉ်၏ ကြီးမားသော အောင်မြင်မှုဖြစ်ကြောင်း ပြောကြားခဲ့သည်။ ဖွံ့ဖြိုးဆဲနိုင်ငံကြီးတစ်ခုအနေဖြင့် တရုတ်နိုင်ငံ၏အာကာသသိပ္ပံကဏ္ဍတိုးတက်မှုက ကျယ်ပြန့်များပြားလှသည့် ဖွံ့ဖြိုးဆဲနိုင်ငံများအတွက် အားတက်စရာဖြစ်ကြောင်း ဆိုသည်။

နမီးဘီးယား သိပ္ပံနှင့်နည်းပညာ တက္ကသိုလ် စီးပွားရေးဌာန Lameck Odada က အာကာသစခန်းတည်ဆောက်မှုနှင့် အာကာသစူးစမ်းလေ့လာရေးကဏ္ဍတွင် တရုတ်နိုင်ငံ၏ အောင်မြင်မှုက နှိုင်းယှဉ်၍မရကြောင်း၊ လူသားတို့ စကြာဝဋ္ဌာအာကာသစူးစမ်းမှုတွင် တရုတ်၏စွမ်းအားဖြင့် အကျိုးဆောင်ခဲ့ကြောင်း ဆိုသည်။

တရုတ်နိုင်ငံက သိပ္ပံသုတေသနနှင့်နည်းပညာကဏ္ဍ၌ ရရှိသော ထိုးဖောက်မှုအပြောင်းအလဲ တိုးတက်မှုများကို မျှဝေပေးစေလိုကြောင်းနှင့် ပူးပေါင်းဆောင်ရွက်မှုများကို ဆက်လက်မြှင့်တင်သွားစေလိုကြောင်း ၊ “ကျွန်တော်တို့လည်း မိမိ၏အာကာသ၊အာကာသလူရည်ချွန်တွေ ပျိုးထောင်ပေးရာမှာ ကူညီပေးဖို့၊ မဝေးတော့တဲ့အနာဂတ်ကာလမှာ ကျွန်တော်တို့ နမီးဘီးယားရဲ့ အာကာသယာဉ်မှူးတွေကလည်း တရုတ်အာကာသစခန်းကို တက်ရောက်နိုင်ဖို့ မျှော်လင့်တယ်”ဟု ပြောကြားခဲ့သည်။

အမှန်စင်စစ်တွင်မူ တရုတ်နိုင်ငံသည် အာကာသကဏ္ဍတွင် ကမ္ဘာ့အခြားနိုင်ငံနှင့်ဒေသများ အတူပူးပေါင်းဆောင်ရွက်ရန် အစဉ်တစ်စိုက် အထူးအလေးထားခဲ့သည်။

၂၀၁၆ ခုနှစ်မှစပြီး တရုတ်နိုင်ငံသည် နိုင်ငံနှင့်ဒေသပေါင်း ၁၉ ခု၊ နိုင်ငံတကာအဖွဲ့အစည်း ၄ ခုနှင့်အတူ အာကာသပူးပေါင်းဆောင်ရွက်ရေးသဘောတူညီချက် သို့မဟုတ် နားလည်မှုစာချွန်လွှာ ၄၆ ခုကို လက်မှတ်ရေးထိုးခဲ့သလို ပြင်ပ အာကာသ ကမ္ဘာလုံးဆိုင်ရာ စီမံခန့်ခွဲရေးအား တက်ကြွစွာ တွန်းအားပေးဆောင်ရွက်လျက်ရှိပြီး နည်းလမ်းအသွယ်သွယ်ဖြင့် ကျယ်ပြန့်များပြားလှသော ဖွံ့ဖြိုးဆဲနိုင်ငံများ၏ အာကာသစွမ်းရည်တည်ဆောက်မှုကို အားပေးဆောင်ရွက်ကာ တရုတ်အာကာသဏ္ဍ ဖွံ့ဖြိုးရေးအသီးအပွင့်များကို မျှဝေပေးခဲ့သည်။

အာဖရိကတိုက်တွင် တရုတ်နိုင်ငံက နမီးဘီးယား၌ အာကာသတိုင်းတာထိန်းချုပ်ရေးစခန်း တည်ဆောက်ပေးခဲ့ရာ ၎င်းမှာ တရုတ်နိုင်ငံ၏ ပြည်ပ၌ရှိသော ပမာဏအကြီးဆုံးနှင့် စွမ်းရည် အပြည့်စုံဆုံးသော အာကာသတိုင်းတာထိန်းချုပ်ရေးစခန်းတစ်ခု ဖြစ်သည်။ လက်တင်အမေရိကတွင် တရုတ်နိုင်ငံက ဘိုလီးဗီးယားနိုင်ငံ၏ ပထမဆုံး ဆက်သွယ်ရေးဂြိုဟ်တု “Tupac Katari” လွှတ်တင်ရာတွင် ကူညီဆောင်ရွက်ပေးခဲ့သည်။

ယခုနှစ် ဇန်နဝါရီလတွင် တရုတ်နိုင်ငံ 《၂၀၂၁ ခုနှစ် တရုတ်နိုင်ငံ၏အာကာသ》စက္ကူဖြူစာတမ်း ထုတ်ပြန်ခဲ့ရာ ပထမဆုံးအကြိမ်အဖြစ် ပြင်ပ အာကာသကဏ္ဍ၌ လူသားမျိုးနွယ် အေးအတူပူအမျှ အသိုက်ဝန်းတည်ဆောက်ရေး တွန်းအားပေးရန် အဆိုပြုခဲ့သည်။ ထိုမှတစ်ဆင့်အနာဂတ်ကိုလှမ်းမျှော်ကြည့်မည်ဆိုလျှင် အနာဂတ် ၅ နှစ်တာကာလနှင့် ပို၍ဝေးလံသော အနာဂတ်ကာလများကို မျက်နှာမူသည့် တရုတ်အာကာသကဏ္ဍသည် ပို၍အပြုသဘောဆောင် တံခါးဖွင့်ပွင့်လင်းစွာဖြင့် နိုင်ငံတကာပူးပေါင်းဖလှယ်ရေးများ ပို၍ တိုးလာမည်ဖြစ်ရာ အရည်အသွေးမြင့် ဖွံ့ဖြိုးတိုးတက်ရေး၊ စဉ်ဆက်မပြတ် အကျိုးဖြစ်ထွန်းတိုးပွားစေရေး အာကာသလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်သွားမည်ဖြစ်ပေသည်။ (Xinhua)