“တေးဂီတဖြင့် တယ်ဟုန်ပြည်နယ်ခွဲကို မှတ်တမ်းတင် ဖော်ပြဖို့နဲ့ တေးသီချင်းဖြင့် တယ်ဟုန် အကြောင်းအရာတွေကို ပြောပြဖို့ ကျွန်တော်တို့ လမ်းမပေါ်မှာရှိနေပါတယ်။”ယခုရက်ပိုင်းတွင် ယူနန်ပြည်နယ် တယ်ဟုန် တိုင်၊ ဂျိမ်းဖောတိုင်းရင်းသား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြည်နယ်ခွဲမှ “တေးဂီတ တယ်ဟုန်” တေးဂီတအဖွဲ့မှ ရေးဖွဲ့သီကုံးထားသည့် “အကျိုးဆောင်”သီချင်းသည် လူမှုကွန်ရက်တွင် ကျယ်ပြန့်စွာ ပျံ့နှံ့လျက်ရှိနေပါသည်။
“အချိန်နှင့်အမျှ ပြောင်းလဲမှု ရှိပေမယ့် အကျိုးဆောင် ပရဟိတစိတ်ဓာတ်ဟာ ဘယ်တော့မှ ပြောင်းလဲမှာ မဟုတ်ဘူး။” “အကျိုးဆောင်”သီချင်း ရေးဖွဲ့သည့် ရည်ရွယ်ချက်အား “တေးဂီတ တယ်ဟုန်” တေးဂီတအဖွဲ့ဝင်များက ဤကဲ့သို့ ပြောကြပါသည်။ ရုတ်တရက် ဖြစ်ပွားလာသည့် ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် တည်ငြိမ်သော ဘဝအား အနှောင့်အယှက်ဖြစ်စေကြောင်း၊ သို့သော်လည်း ကိုဗစ်-၁၉ ကပ်ရောဂါ ဖြစ်ပွားသည့်အချိန်တွင် တယ်ဟုန်ပြည်နယ်ခွဲမှ ဆေးဘက်ဆိုင်ရာဝန်ထမ်းများ၊ စေတနာ့ ဝန်ထမ်းများနှင့် သာမန်ပြည်သူပြည်သားများသည် သူတို့၏ “စေတနာ၊ အကျိုးဆောင်မှု၊ တာဝန်”ဖြင့် ပရဟိတစွမ်းအားများကို စုစည်းနိုင်ရန်အတွက် “တေးဂီတ တယ်ဟုန်”တေးဂီတအဖွဲ့အနေနှင့် ဤသီချင်းကို ကိုယ်ကျိုးမဖက်ဘဲ ပေးကမ်းသူတိုင်းအတွက် သီဆိုပေးချင်ကြောင်း ၎င်းသည် ဆက်လက်ပြောပြပါသည်။
အနာဂတ်တွင် “တေးဂီတ တယ်ဟုန်”ဂီတအဖွဲ့သည် တီထွင်မှုကို ဗဟိုပြုကာ ပိုမို ထူးချွန်ထက်မြက်သော ဂီတပညာရှင်များ၊ အဆိုတော်များ၊ သံစုံတီးဝိုင်းများနှင့် ပူးပေါင်းဆောင်ရွက်ကာ တယ်ဟုန်ပြည်နယ်ခွဲ၏ ဓလေ့ထုံးစံ၊ ကိုဗစ်-၁၉ ကပ်ရောဂါ ကာကွယ်ထိန်းချုပ်ရေး၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး၊ ရိုးရာယဉ်ကျေးမှု၊ သဘာဝပတ်ဝန်းကျင်နှင့် လူမှုရေးဖွံ့ဖြိုးတိုးတက်မှုကို ထင်ဟပ် သည့် ကွဲပြားသော တီးမှုတ်ခြင်းနှင့်တေးဂီတလက်ရာများ ဆက်လက် ဖော်ဆောင်သွားမည်ဖြစ်ပါသည်။
( အရင်းအမြစ် - တယ်ဟုန်ပြည်နယ်ခွဲ ပါတီကော်မတီပြန်ကြားရေးဌာန။ ဘာသာပြန် - Yunnan gateway)