“တစ်မြစ်တည်းရေ တူစုံသောက်သုံး ”ဖလှယ်ရေးလှုပ်ရှားမှု စတင်သည့် ၉ ရက်တွင် လူပေါင်း ၂၄ သန်း ဂရုတစိုက် ကြည့်ရှုခဲ့

2022-04-19 18:47:03 |သတင်းအရင်းအမြစ် 德宏州委宣传部

ဧပြီလ ၁၈ ရက်နေ့အထိ တယ်ဟုန်ပြည်နယ်ခွဲ ၂၀၂၂ ခုနှစ် “တစ်မြစ်တည်းရေ တူစုံသောက်သုံး”ဖလှယ်ရေးလှုပ်ရှားမှု စတင်ကျင်းပပြီးနောက် စာဖတ်ပရိသတ်ပေါင်း ၂၄ သန်းကျော် အားပေးကြည့်ရှုခဲ့ပါသည်။

၎င်းတို့အနက် မွန်ပါနရှီ တေးဂီတအဖွဲ့မှ ရိုက်ကူးသော “လရောင်အောက်ဝယ် စည်းရိုးဝါး”MV ၏ ပရိသတ် စုစုပေါင်းကြည့်ရှုမှုနှုန်းမှာ ၁၈ သန်း ကျော်ရှိရာ Baidu ၏ကြည့်ရှုမှုအများဆုံးစာရင်းတွင် ရပ်တည်လျက်ရှိပါသည်။ “တေးဂီတ တယ်ဟုန်” တေးဂီတအဖွဲ့မှ ရိုက်ကူးသော “အကျိုးဆောင်”MV မှာ ဧပြီလ ၁၈ ရက်နေ့တွင် ထုတ်လွှင့်ပြီးနောက် တစ်နေ့တာအတွင်း ပရိသတ် စုစုပေါင်းကြည့်ရှုမှုနှုန်းမှာ ၇ သောင်းကျော် ရှိပါသည်။ #"လရောင်အောက်ဝယ် စည်းရိုးဝါး”သီချင်း အားလုံးအတူ သီဆိုကြပါစို့ ၂၀၂၂ ခုနှစ် တရုတ်-မြန်မာ TikTok သီချင်းသီဆိုခြင်း ဖိတ်ခေါ်ပြိုင်ပွဲတွင် တရုတ်နိုင်ငံ ပေကျင်း၊ ရှန်ဟိုင်း၊ ကွမ်ကျိုး၊ ယူနန် စသည့်ဒေသများနှင့် မြန်မာနိုင်ငံမှ ပါဝင်ယှဥ်ပြိုင်သော လက်ရာ ၉၂ ခုရှိပြီး ပရိသတ် စုစုပေါင်းကြည့်ရှုမှုနှုန်းမှာ ၁၆.၉ သိန်း ကျော် ပါသည်။ “ရောင်စုံယူနန်၊ သာယာလှပသော တယ်ဟုန်” နိုင်ငံတကာ ဓာတ်ပုံပြိုင်ပွဲ ဧပြီလ ၁၅ ရက်နေ့တွင် စတင်ကျင်းပခဲ့ပြီး တိုင်းရင်းသား စည်းလုံးညီညွတ်ရေး၊ နယ်စပ်ဒေသတံခါးဖွင့်လှစ်မှု၊ စက်မှုလုပ်ငန်းဖွံ့ဖြိုးတိုးတက်မှု၊ သဘာဝပတ်ဝန်းကျင်၊ ဒြပ်မဲ့ယဥ်ကျေးမှုအမွေအနှစ်၊ လူမှုဓလေ့ထုံးစံနှင့် ရှုခင်းအလှတရားနှင့် ဆွေမျိုးပေါက်ဖော်ချစ်ကြည်ရေး နက်ရှိုင်းမှု၊ ကိုဗစ်-၁၉ ကပ်ရောဂါ ကာကွယ်ထိန်းချုပ်ရေး စသည့် ခေါင်းစဥ် ၉ ခုဖြင့် ပါဝင်ယှဥ်ပြိုင်သော ဓာတ်ပုံလက်ရာ ၂၈၄ ခု ရှိပြီ ဖြစ်ပါသည်။

( အရင်းအမြစ် - တယ်ဟုန်ပြည်နယ်ခွဲ ပါတီကော်မတီပြန်ကြားရေးဌာန။ ဘာသာပြန် - Yunnan gateway)