ယူနန်ထွက် blueberry သီးများ ရေပန်းစားနေ

2022-04-19 19:23:49 |သတင်းအရင်းအမြစ် 云南发布

ယခုရက်ပိုင်းတွင် “တရုတ်ပြည်တွင်း blueberry ၁၀ လုံးအနက် ၇ လုံးသည် ယူနန်မှ ထွက်သည်”ဟူသော ဆွေးနွေးချက်သည် တရုတ်လူမှုကွန်ရက် Weibo တွင် ဂရုစိုက်သူ များပြားနေပြီး ရေပန်းစားလျက်ရှိသည်။

ယူနန်ပြည်နယ်တွင် တောင်တန်းဒေသသည် ပြည်နယ်တစ်ခုလုံး စုစုပေါင်းအကျယ်အဝန်း၏ ၉၄% ရှိပြီး တစ်နှစ်တာကာလအတွင်း အပူချိန်ကွာဟမှုနည်းပါးခြင်း၊ နေ့နှင့်ညပိုင်းအပူချိန်ကွာဟမှုများခြင်း၊ အေးခဲပျက်စီးမှုမရှိခြင်း၊ အပင်များ အညှောက်ထွက်ရန် လိုအပ်သော အပူရှိန်နိမ့်ခြင်းကို ဖြည့်ဆည်းပေးနိုင်ခြင်း၊ နေရောင်ခြည်ကျရောက်မှုကာလ ကြာရှည်ခြင်းစသည့် ထူးခြားချက်အခြေအနေများ ရှိသည်။ ထိုအခြေအနေသည် blueberry သီး၏ ကြီးထွားမှုအတွက် အလွန်ကောင်းမွန်ပြီး တရုတ်ပြည်တွင်း blueberry သီး စိုက်ပျိုးရန် ပထဝီအားသာချက်အရှိ ဆုံးသောနေရာဖြစ်သည်။

၂၀၂၁ ခုနှစ်တွင် ယူနန်တစ်ပြည်နယ်လုံး၌ blueberry သီး စိုက်ပျိုးမှုအကျယ်အဝန်းသည် ၁၆၄၇၃.၇ ဧကခန့် ရောက်ရှိပြီး အထွက်နှုန်းတန်ချိန် ၄၅၀၀၀ ခန့်ရှိသည်။ ယူနန်ပြည်နယ်၏ blueberry သီး စိုက်ပျိုးခြင်းအကျယ်အဝန်းသည် တရုတ်နိုင်ငံတွင် ဆဌမနေရာတွင် ရှိနေသည်။


(အရင်းအမြစ် - ယူနန်သတင်းထုတ်ပြန်ရေး wechat အကောင့်၊ ဘာသာပြန် - Yunnan gateway,ပုံ၊ Chen Yunfen, He Kai, Huang Peng, Luo Lilong, Wu Xiaoyang, Yang Jing, Duan Zixiang, He Xiaohan)