တရုတ်နိုင်ငံသမ္မတက ဘိုးအောက်နှစ်ပတ်လည်ညီလာခံ ဖွင့်ပွဲအခမ်းအနား တက်ရောက်မည်

2022-04-20 18:16:09 |သတင်းအရင်းအမြစ် 新华网

တရုတ်နိုင်ငံ တောင်ပိုင်း ဟိုင်နန်ပြည်နယ်ရှိ ဘိုးအောက်မြို့ရှိ အာရှဒေသဆိုင်ရာ ဘိုးအောက်(BFA) အပြည်ပြည်ဆိုင်ရာစင်တာအား ဧပြီ ၁၉ ရက်တွင် တွေ့ရစဉ်(ဆင်ဟွာ)

တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန်သည် ဧပြီ ၂၁ ရက်တွင် ရုပ်သံလင့်ခ်မှတစ်ဆင့် အာရှဒေသဆိုင်ရာ ဘိုးအောက်(BFA) နှစ်ပတ်လည်ညီလာခံ ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်မည် ဖြစ်ပြီး အရေးပါသောမိန့်ခွန်း တစ်ရပ် ပြောကြားမည်ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဟွာချွမ်းရင်က ယနေ့(ဧပြီ ၂၀ ရက်)တွင် ကြေညာခဲ့သည်။အစ္စရေးနိုင်ငံ သမ္မတ Isaac Herzog ၊ မွန်ဂိုလီးယားနိုင်ငံ သမ္မတ Ukhnaa Khurelsukh ၊ နီပေါနိုင်ငံသမ္မတ Bidya Devi Bhandari ၊ ဖိလစ်ပိုင်နိုင်ငံ သမ္မတ Rodrigo Duterte ၊ ကာဇက်စတန်နိုင်ငံ ဝန်ကြီးချုပ် Alikhan Smailov ၊ လာအိုနိုင်ငံဝန်ကြီးချုပ် Phankham Viphavanh ၊ အပြည်ပြည်ဆိုင်ရာငွေကြေးရန်ပုံငွေအဖွဲ့ (IMF) ဦးဆောင်ညွှန်ကြားရေးမှူး Kristalina Georgieva အပါအဝင် ပြည်ပနိုင်ငံများမှ ခေါင်းဆောင်များ နှင့် နိုင်ငံတကာအဖွဲ့အစည်းများမှ အကြီးအကဲများသည် ဖိတ်ကြားချက်အရ နှစ်ပတ်လည်ညီလာခံသို့ ရုပ်သံလင့်ခ်မှတဆင့် တက်ရောက်ကြမည် ဖြစ်ကြောင်း ဟွာချွမ်းရင်၏ ပြောကြားချက်အရ သိရသည်။ (Xinhua)