“ရောင်စုံယူနန်၊ သာယာလှပသော တယ်ဟုန်” နိုင်ငံတကာ ဓာတ်ပုံပြိုင်ပွဲ၏ ဆုရွေးချယ်ရေး ကျွမ်းကျင်ပညာရှင်အဖွဲ့ကို အတူ လေ့လာကြစို့

2022-04-20 18:54:03 |သတင်းအရင်းအမြစ် 德宏州新冠肺炎疫情防控工作指挥部

ဧပြီလ ၁၅ ရက်နေ့တွင် “ရောင်စုံယူနန်၊ သာယာလှပသော တယ်ဟုန်” နိုင်ငံတကာ ဓာတ်ပုံပြိုင်ပွဲအား တရားဝင် စတင်ကျင်းပခဲ့ပါသည်။

ယခုအကြိမ် ကျင်းပသည့် ဓာတ်ပုံပြိုင်ပွဲ၏ ဆုရွေးချယ်ရေး ကျွမ်းကျင်ပညာရှင်အဖွဲ့ကို တရုတ်နိုင်ငံ၊ အမေရိကန်နိုင်ငံနှင့် ဗြိတိန်နိုင်ငံတို့မှ ဓာတ်ပုံပညာရှင် (၅)ဦးဖြင့် ဖွဲ့စည်းထားသည်။ ဆုရွေးချယ်ရေးလုပ်ငန်းစဉ်တစ်ခုလုံး စာရွက်အသုံးမပြုဘဲ အကဲဖြတ်မည် ဖြစ်ပါသည်။ အဆိုပါ ဆုရွေးချယ်ရေး ကျွမ်းကျင်ပညာရှင်အဖွဲ့ကို အတူ လေ့လာကြစို့ ။

ရန်တာ့ကျိုး ။ ။ နာမည်ကျော်ဓာတ်ပုံဆရာ၊ ပြပွဲခင်းကျင်းစီစဥ်သူ၊ ပညာရှင်၊ စာရေးဆရာ ဖြစ်ပါသည်။ တရုတ်နိုင်ငံ၏ ဓာတ်ပုံရိုက်ကူးရေးအမြင့်ဆုံးရွှေတံဆိပ်ဆုနှင့် ပြည်တွင်းနှင့်နိုင်ငံတကာ ဓာတ်ပုံပြိုင်ပွဲများ၏ ဂျူရီအဖွဲ့ဝင်တစ်ဦးဖြစ်ပါသည်။

ချန်ကျန့်ဝိန် ။ ။ ပေကျင်းသစ်တောတက္ကသိုလ်၏ ပါမောက္ခဖြစ်ပြီး တရုတ်နိုင်ငံ သဘာဝပတ်ဝန်းကျင်ရိုက်ကူးရေးထူထောင်သူနှင့် “ရှုဖွယ်စုံလင် တယ်ဟုန်တစ်ခွင်မိတ်ဆက်သံတမန်”ဖြစ်ပါသည်။

ဖုန်ရှောက်ဟေ ။ ။ဖန်တီးမှု ဓာတ်ပုံဆရာမဖြစ်ပါသည်။ ၂၀၀၄ ခုနှစ်ကစတင်ပြီး ဖန်တီးမှုပုံတူများနှင့် မျိုးစုံသော ထိတွေ့မှုနည်းပညာများကို လေ့လာသူဖြစ်ပါသည်။ အထူးသဖြင့် တရုတ်ဒြပ်စင်များ၏ အမြင်အာရုံဖော်ပြမှုကို စူးစမ်းလေ့လာခဲ့သည်။

Jade Xia ။ ။ ဗြိတိန်နိုင်ငံရောက် တရုတ်လူမျိုးဖြစ်ပြီး “ရှုဖွယ်စုံလင် တယ်ဟုန်တစ်ခွင် မိတ်ဆက်သံတမန်”ဟု ချီးမြှင့်ခြင်း ခံရသူလည်း ဖြစ်ပါသည်။ တရုတ်ယဉ်ကျေးမှု အနုပညာ၏ ရတနာများ၊ တိရစ္ဆာန်နှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ်ရေး အောင်သီးအောင်နှံများကို ကမ္ဘာ့ပရိသတ်များအား မိတ်ဆက်ပေးသူဖြစ်ပါသည်။

Adam Crase ။ ။ အမေရိကန်နိုင်ငံမှ ဓာတ်ပုံဆရာနှင့် Kung Fu Imaging ၏ ထူထောင်သူ ဖြစ်ပါသည်။ အနောက်တိုင်းနိုင်ငံများသို့ တရုတ်နိုင်ငံ၏ ကြီးကျယ်ခမ်းနားသော ရုပ်ပုံများကို ရုပ်တုများဖြင့် ပြသရန်နှင့် တရုတ်ပုံပြင်များကို မှန်ဘီလူးမှတစ်ဆင့် ဖော်ပြရန် ကြိုးပမ်းအားထုတ် ဆောင်ရွက်လျက် ရှိပါသည်။

 

( အရင်းအမြစ် - တယ်ဟုန်ပြည်နယ်ခွဲ ပါတီကော်မတီပြန်ကြားရေးဌာန။ ဘာသာပြန် - Yunnan gateway)