တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က ကမ္ဘာလုံးဆိုင်ရာ လုံခြုံရေးအဆိုပြုချက် ပြောကြား

2022-04-21 18:29:35 |သတင်းအရင်းအမြစ် 新华网

အာရှဒေသဆိုင်ရာ ဘိုးအောက်(BFA) ၂၀၂၂ ခုနှစ် နှစ်ပတ်လည် ဖွင့်ပွဲအခမ်းအနားကို ဧပြီ ၂၁ ရက် နံနက်ပိုင်းက ဟိုင်နန်ပြည်နယ် ဘိုးအောက်တွင် ကျင်းပခဲ့ရာ တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန်က ရုပ်သံလင့်ခ်မှတစ်ဆင့် အခမ်းနားသို့ တက်ရောက်မိန့်ခွန်းပြောကြားနေသည်ကို တွေ့ရစဉ်(ဆင်ဟွာ)

တရုတ်နိုင်ငံ သမ္မတရှီကျင့်ဖိန်သည် ဧပြီ ၂၁ ရက် နံနက်ပိုင်းက ရုပ်သံလင့်ခ်မှတစ်ဆင့် အာရှဒေသဆိုင်ရာ ဘိုးအောက်(BFA) ၂၀၂၂ ခုနှစ် နှစ်ပတ်လည် ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်၍ မိန့်ခွန်းပြောကြားခဲ့သည်။

ထိုသို့မိန့်ခွန်းပြောကြားရာတွင် သမ္မတရှီကျင့်ဖိန်က ကမ္ဘာ့လုံခြုံရေးအတူတကွတည်ရှိမှုအား မြှင့်တင်ရန်အတွက် တရုတ်နိုင်ငံ၏ကမ္ဘာလုံးဆိုင်ရာလုံခြုံရေး အဆိုပြုချက်အား ပြောကြားခဲ့သည်။

ယင်းအဆိုပြုချက်တွင် တူညီ၊ဘက်စုံ၊ ပူးပေါင်းဆောင်ရွက်မှုရှိ၍ စဉ်ဆက်မပြတ်ဖြစ်သော လုံခြုံရေးအမြင်ကို လက်ကိုင်ထားပြီ အတူတကွ ကမ္ဘာ့ငြိမ်းချမ်းရေးနှင့်လုံခြုံရေးကို ထိန်းသိမ်းရမည် ဖြစ်ကြောင်း ၊ နိုင်ငံအသီးသီး၏အချုပ်အခြာအာဏာ၊ နယ်မြေပိုင်နက်ပြည့်စုံမှုကို လေးစားရမည်ဖြစ်ပြီး တစ်ခြားနိုင်ငံ၏ပြည်တွင်းရေးကို မစွက်ဖက်ဘဲ နိုင်ငံအသီးသီးပြည်သူများ၏ မိမိသဘောဆန္ဒအလျောက်ရွေးချယ်သော ဖွံ့ဖြိုးရေးလမ်းစဉ်နှင့်လူမှုစနစ်ကို လေးစားရမည် ဖြစ်ကြောင်း၊ ကုလသမဂ္ဂပဋိညာဉ်စာတမ်းပါ ရည်ရွယ်ချက်နှင့်အခြေခံမူများအား လေးစားလိုက်နာရမည် ဖြစ်ပြီး စစ်အေးခေတ်အတွေးအခေါ် ကို စွန့်ပယ်၊ တစ်ဖက်သတ်ဝါဒကို ဆန့်ကျင်ကာ အစုဖွဲ့နိုင်ငံရေးနှင့်အုပ်စုလိုက် ထိပ်တိုက်ရင်ဆိုင်မှုများကို ပြုလုပ်ရမည် မဟုတ်ကြောင်း၊ နိုင်ငံအသီးသီး၏ သင့်လျော်မှုရှိသော လုံခြုံရေးဂရုပြုချက်ကို အလေးထားရမည် ဖြစ်ရာ လုံခြုံရေးကဏ္ဍ ခွဲခြားမရဟူသောမူကို လက်ကိုင်ထားကာ မျှတ၊ ထိရောက်၍ စဉ်ဆက်မပြတ်ရှိသည့် လုံခြုံရေးမူဘောင်ကို တည်ဆောက်ရမည်ဖြစ်ပြီး မိမိနိုင်ငံ၏လုံခြုံရေးသည် အခြားနိုင်ငံ၏မလုံခြုံမှုပေါ်တွင် အခြေခံ၍တည်ဆောက်ခြင်းအား ဆန့်ကျင်ရမည်ဖြစ်ကြောင်း ၊ တွေ့ဆုံစေ့စပ်ဆွေးနွေးညှိနှိုင်းသည့် ငြိမ်းချမ်းရေးနည်းလမ်းဖြင့် နိုင်ငံများအကြား ကွဲလွဲမှုနှင့်အငြင်းပွားမှုကို ဖြေရှင်းရမည်ဖြစ်ရာ ငြိမ်းချမ်းရေးဖြင့် အကျပ်အတည်းဖြေရှင်းရန် ကြိုးပမ်းမှုအား အကျိုးဖြစ်စေမည့် အားထုတ်မှုအားလုံးကို ထောက်ခံအားပေးရမည်ဖြစ်ကြောင်း ၊ တစ်ဖက်သတ်ပိတ်ဆို့အရေးယူမှုရှေ့မှာ “စံနှုန်းနှစ်မျိုးထားရှိခြင်း” နှင့် လက်တံရှည်လှမ်းစီမံခြင်းအား ဆန့်ကျင်ရမည် ဖြစ်ကြောင်း၊ သမာရိုးကျကဏ္ဍနှင့် သမာရိုးကျမဟုတ်သောကဏ္ဍ လုံခြုံရေးအား စုစည်းစီမံထိန်းသိမ်းရမည်ဖြစ်ပြီး ဒေသတွင်း အငြင်းပွားမှုနှင့်အကြမ်းဖက်ဝါဒ၊ ဥတုရာသီပြောင်းလဲမှု၊ ဆိုက်ဘာလုံခြုံရေး၊ ဇီဝလုံခြုံရေးစသည့် ကမ္ဘာလုံးဆိုင်ရာကိစ္စရပ်များအား အတူရင်ဆိုင်သွားကြရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ (Xinhua)