ခေတ်သစ် တရုတ်လူငယ်များသည် ကြီးလေးသောတာဝန်များကို ရဲဝံ့စွာထမ်းဆောင်နိုင်ကြကြောင်း စာက္ကူဖြူစာတမ်းတွင်ဖော်ပြထား

2022-04-21 18:34:53 |သတင်းအရင်းအမြစ် 新华网

တရုတ်နိုင်ငံ ကွန်မြူနစ်ပါတီ ထူထောင်ခြင်း နှစ် (၁၀၀) ပြည့် အထိမ်းအမှတ်ဂုဏ်ပြုအခမ်းအနားကျင်းပနေသည်ကို ဇူလိုင် ၁ ရက်တွင် ထျန်းအန်းမင် မျှော်စင်ပေါ်၌ မြင်တွေ့ရစဉ်(ဆင်ဟွာ)

ခေတ်သစ်တရုတ်လူငယ်များသည် သာမန်လုပ်ငန်းခွင်မှ ကြိုးပမ်းအကျိုးဆောင်ခြင်း၊ ခက်ခဲပြီးအန္တရာယ်ရှိသော အလုပ်များကို ရှေ့မှဦးဆောင်ခြင်း၊ အောက်ခြေအဆင့်မှလေ့ကျင့်ခြင်း ၊ ဆန်းသစ်တီထွင်မှုနှင့် အလုပ်အကိုင်ဖန်တီးမှုတွင် ရှေ့တန်းမှနေခြင်း၊ လူမှုယဉ်ကျေးမှုတည်ဆောက်ရာတွင် ရှေ့မှလမ်းပြခြင်း စသည့်ကဏ္ဍ ၅ ခုမှ ကြီးလေးသော တာဝန်များကို ရဲဝန့်စွာထမ်းဆောင်နိုင်ကြောင်း တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီ သတင်းနှင့်ပြန်ကြားရေးရုံးမှ ဧပြီ ၂၁ ရက်က ထုတ်ပြန်သော 《ခေတ်သစ်တရုတ်လူငယ်များ》စက္ကူဖြူစာတမ်းတွင် ဖော်ပြထားသည်။

ခေတ်သစ် တရုတ်လူငယ်များသည် အခက်အခဲများကို မကြောက်မရွံ့ကြောင်း၊ အထူးသဖြင့် အကျပ်အတည်းကာလနှင့် အရေးကြီးသောအခိုက်အတန့်တွင် ယင်းစိတ်ဓာတ်ပေါ်လွင်ကြောင်း စက္ကူစာတန်းတွင် ဖော်ပြထားသည်။ ကိုဗစ်ကပ်ရောဂါ ဖြစ်ပွားချိန်ကတည်းက လူငယ်များသည် အခက်အခဲများနှင့် အန္တရာယ်များကို မကြောက်ကြဘဲ ရှေ့တန်းမှနေ၍ အသက်ကို စတေးကြသော ကပ်ရောဂါတိုက်ဖျက်ရေးတိုက်ပွဲဝင်ရှေ့တန်းအဖွဲ့ဝင် ၃၂၀,၀၀၀ ခန့်နှင့် လူငယ် ၅.၅ သန်းခန့်သည် ဆေးဘက်ဆိုင်ရာ ကယ်ဆယ်ရေး၊ သယ်ယူပို့ဆောင်ရေးနှင့် ထောက်ပံ့ပို့ဆောင်ရေး၊ စီမံကိန်းများတည်ဆောက်ရေး စသည့်လုပ်ငန်းများတွင် ရှေ့တန်းမှနေကာ ပြည်သူလူထုတစ်ရပ်လုံးနှင့် သက်ဆိုင်သော ကပ်ရောဂါတိုက်ဖျက်ရေး အတွက် အရေးကြီးသော အကျိုးဆောင်မှုများ ပံ့ပိုးခဲ့သည်။ ၂၀၂၁ ခုနှစ်အထိ ကျေးရွာဖွံ့ဖြိုးရေးကူညီမှု အဖွဲ့ဝင် ၄၇၀,၀၀၀ ခန့်သည် အောက်ခြေပညာရေး၊ စိုက်ပျိုးရေး၊ ကျေးလက်ဖွံ့ဖြိုးတိုးတက်ရေး(ဆင်းရဲနွမ်းပါးမှု လျှော့ချခြင်း) စသည့်လုပ်ငန်းစဉ်များတွင် ပါဝင်ကြပြီး သန်ပေါင်းများစွာသော ကျောင်းသားလူငယ်များသည်လည်း ကျေးလက်သို့သွားရောက်ကာ ဆင်းရဲနွမ်းပါးမှု လျှော့ချခြင်း နှင့် ကျေးလက်ဖွံ့ဖြိုးရေးအတွက် လက်တွေ့ကျသော လူမှုရေးလုပ်ဆောင်ချက်များနှင့် အထောက်အပံ့သစ်များပေးဆောင်နေကြောင်း စက္ကူဖြူစာတမ်းတွင် ဖော်ပြထားသည်။

အင်ဂျင်နီယာနည်းပညာဆန်းသစ်တီထွင်မှုတွင် နှစ်စဉ်နှစ်တိုင်း သိပ္ပံနှင့် အင်ဂျင်နီယာတက္ကသိုလ် ကောလိပ်များမှ ဘွဲ့ရ ၃ သန်းကျော်သည် တရုတ်အင်ဂျင်နီယာအဖွဲ့သို့ ဝင်ရောက်ကာ အားအင်သစ်များအဆက်မပြတ် ဖြည့်တင်းပေးနေကြောင်း စက္ကူဖြူစာတမ်းတွင် ထောက်ပြထားသည်။ ၂၀၁၄ ခုနှစ်မှစတင်၍ အသစ်မှတ်ပုံတင်ထားသော ဈေးကွက်အဖွဲ့အစည်းတွင် ကိုယ်ပိုင်လုပ်ငန်းတည်ထောင်သူ တက္ကသိုလ်ကျောင်းသား ၅ သန်းခန့်ပါဝင်ကြောင်း သိရသည်။ Beidou ဂြိုလ်တုအဖွဲ့၏ အဓိကအဖွဲ့ဝင်များ၏ ပျမ်းမျှအသက်မှာ ၃၆ နှစ်၊ ကွမ်တမ်သိပ္ပံအဖွဲ့၏ ပျမ်းမျှအသက်မှာ ၃၅ နှစ်ဖြစ်ပြီး၊ China Tianyan FAST R&D အဖွဲ့၏ ပျမ်းမျှအသက်မှာ ၃၀ နှစ်သာဖြစ်ကြောင်း သိရသည်။

မြို့ရွာများတွင် သာမက စီးပွားရေးလုပ်ငန်းတွင်ဖြစ်စေ ကျောင်းများတွင်ဖြစ်စေ လူငယ်များသည် တိုးတက်ပြီး အပြုသဘောဆောင်သော လူမှုအသိုက်အဝန်းဖြစ်စေရန် ရှေ့မှနေ၍ တွန်းအားပေးလုပ်ဆောင်နေကြောင်းနှင့် လူမှုယဉ်ကျေးမှု လမ်းကြောင်းသစ်ကို ပုံဖော်နေကြောင်း စက္ကူဖြူစာတမ်းတွင် ထောက်ပြထားသည်။ ၂၀၂၁ ခုနှစ် နှစ်ကုန်ပိုင်းအထိ တရုတ်နိုင်ငံစေတနာ့ဝန်ထမ်းဝန်ဆောင်မှုသတင်းအချက်အလက်စနစ်တွင် စားရင်းသွင်းထားသော အသက် ၁၄ နှစ်မှ ၃၅ နှစ်ကြားလူအုပ်စုသည် သန်း ၉၀ ကျော်ရှိကြောင်း သိရသည်။ (Xinhua)