ကမ္ဘာ့ဘဏ်အုပ်စု ဥက္ကဋ္ဌက စားနပ်ရိက္ခာအကျပ်အတည်းသည် လာမည့်နှစ်အထိ ဆက်ရှိနေနိုင်ကြောင်း သတိပေးပြောကြား

2022-04-22 11:11:00 |သတင်းအရင်းအမြစ် 新华网

အမေရိကန်နိုင်ငံ၊ ဝါရှင်တန်မြို့ရှိ ကမ္ဘာ့ဘဏ်ရုံးချုပ်ရှေ့မှ ဖြတ်လျှောက်နေသူတစ်ဦးအား ဧပြီ ၂၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ရုရှား-ယူကရိန်း ပဋိပက္ခကြောင့် ကမ္ဘာ့စားသောက်ကုန်ဈေးနှုန်းမြင့်တက်လာကာ အဆင်းရဲဆုံး လူအုပ်စုအနေဖြင့်ကြီးမားသော ထိခိုက်မှု ခံစားနေရကြောင်း ကမ္ဘာ့ဘဏ်အုပ်စု ဥက္ကဋ္ဌ David Malpass က ဧပြီ ၂၀ ရက်တွင် ပြောကြားခဲ့သည်။

လက်ရှိဖြစ်ပေါ်နေသော စားနပ်ရိက္ခာ အကျပ်အတည်းသည် လနှင့်ချီကြာရှည်နိုင်သလို လာမည်နှစ်အထိဆက်လက်ဖြစ်ပွားနိုင်ခြေလည်းရှိကြောင်း ၎င်းက သတိပေးပြောကြားခဲ့သည်။

ရုရှား-ယူကရိန်း ပဋိပက္ခကြောင့် စားသောက်ကုန်၊ စွမ်းအင်၊ ဓာတ်မြေသြဇာ ပြတ်လပ်မှု ဖြစ်ပေါ်ခဲ့ရသည်။ စွမ်းအင်နှင့် ဓာတ်မြေသြဇာသည် စိုက်ပျိုးရေးထုတ်ကုန်အတွက် အလွန်အရေးကြီးရာ သုံးမျိုးလုံးပြတ်လပ်မှုကြောင့် စားနပ်ရိက္ခာအကျပ်အတည်း ဖြစ်ပေါ်စေခဲ့ကြောင်း Malpass က အပြည်ပြည်ဆိုင်ရာငွေကြေးရန်ပုံငွေအဖွဲ့ (IMF)နှင့် ကမ္ဘာ့ဘဏ်အုပ်စုတို့၏ နွေဦးအစည်းအဝေး၌ပြုလုပ်သော အွန်လိုင်းမီဒီယာကွန်းဖရင့်တွင် ပြောကြားခဲ့သည်။

စားသောက်ကုန်ဈေးနှုန်းများသည် ယခင်နှစ် ကာလတူထက် ၃၇ ရာခိုင်နှုန်း မြင့်တက်ခဲ့ရာ စားသုံးသူများ၏ ကုန်ဈေးနှုန်းညွှန်းကိန်းထက် ပိုများလာခဲ့သည်။ ၎င်းမြင့်တက်လာမှုက နေ့စဉ်အသုံးစရိတ်တွင် စားသုံးကုန်ဝယ်ယူမှု အချိုးအစားပိုများသော ဆင်းရဲနွမ်းပါးသူလူအုပ်စုများအတွက် ပိုမိုများသော ဖိအားရင်ဆိုင်နေသည့် လက္ခဏာပင်ဖြစ်ကြောင်း ၎င်းကဆိုသည်။

ကမ္ဘာ့ဘဏ်သည် အကျပ်အတည်းကို ကိုင်တွယ်ဖြေရှင်းရန် လာမည့် ၁၅ လအတွင်း ဘဏ္ဍာငွေ အမေရိကန်ဒေါ်လာ ၁၇၀ ဘီလီယံ ပံ့ပိုးပေးရန် စီစဉ်ထားကြောင်း ၎င်းက ဆိုသည်။

စားနပ်ရိက္ခာဖူလုံမှုသည် အလွန်အရေးကြီးသော ကိစ္စရပ်ဖြစ်ပြီး စားနပ်ရိက္ခာအကျပ်အတည်း ဖြစ်ပေါ်လာပါက ဆင်းရဲသောနိုင်ငံရှိ ပြည်သူများအတွက် ထိခိုက်မှုအများဆုံးဖြစ်နိုင်ကြောင်း ဆင်ဟွာသတင်းဌာနမှ သတင်းထောက်တစ်ဦး ၏ မေးမြန်းမှုကို ဖြေကြားရာတွင် Malpass က ထည့်သွင်းပြောကြားခဲ့သည်။ သို့သော် ကောင်းသည့်အခြေအနေတစ်ခုမှာ လက်ရှိတွင် ကမ္ဘာ့စားနပ်ရိက္ခာ သိုလှောင်မှုမှာ လုံလုံလောက်လောက်ရှိပြီး သိုလှောင်မှု ထုတ်လွှတ်မှုနှင့်အတူ စားနပ်ရိက္ခာ ပြတ်လပ်မှု အကျပ်အတည်းမှာ တဖြည်းဖြည်း ကောင်းမွန်လာနိုင်မည်ဖြစ်ကြောင်း ၎င်းကဆိုသည်။

ယခုအကြိမ် နွေဦးအစည်းအဝေးတွင် နိုင်ငံအသီးသီးမှ ကိုယ်စားလှယ်များက စားနပ်ရိက္ခာဖူလုံရေးဆိုင်ရာ ကိစ္စရပ်များကို အလေးထား ဆွေးနွေးခဲ့ကြရာ နိုင်ငံအသီးသီးမှ ယင်းအကျပ်အတည်းကို ဖြေရှင်းနိုင်သော နည်းလမ်းရှာဖွေနိုင်ရန် မျှော်လင့်ကြောင်း Malpass က ဖြည့်စွက်ပြောကြားခဲ့သည်။

IMF နှင့် ကမ္ဘာ့ဘဏ်အုပ်စုတို့သည် နွေဦးနှင့် ဆောင်းဦးနှစ်ပတ်လည် အစည်းအဝေး အပါအဝင် တစ်နှစ်နှစ်ကြိမ် မျက်နှာစုံညီ အစည်းအဝေး ကျင်းပလေ့ရှိသည်။ ယခုနှစ် နွေဦးအစည်းအဝေးကို ဧပြီ ၁၈ ရက်မှ ၂၄ ရက်အထိ ဝါရှင်တန်မြို့တွင် ကျင်းပလျက်ရှိကြောင်း သိရသည်။ (Xinhua)