ယနေ့ ဧပြီလ ၂၂ ရက်နေ့သည် ၅၃ ကြိမ်မြောက် ကမ္ဘာမြေနေ့ ဖြစ်ပါသည်။ ဧပြီလ ၁၈ ရက်နေ့မှ ၂၄ ရက်နေ့အထိ ကမ္ဘာမြေနေ့၏ဆောင်ပုဒ်ဖြင့် ရက်သတ္တပတ်လှုပ်ရှားမှုကို ကျင်းပလေ့ရှိကြပါသည်။ ယခုနှစ်၏ အဓိကဆောင်ပုဒ်မှာ “ကမ္ဘာမြေကြီးကို မြတ်နိုးပြီး လူသားနှင့်သဘာဝအကြား အတူယှဥ်တွဲ နေထိုင်ကြပါစို့” ဖြစ်ပါသည်။
ဤထူးခြားသောနေ့ထူးတွင် “ရောင်စုံယူနန်၊ သာယာလှပသော တယ်ဟုန်” နိုင်ငံတကာဓာတ်ပုံပြိုင်ပွဲ၏ ဆုရွေးချယ်ရေး ကျွမ်းကျင်ပညာရှင် ချန်ကျန့်ဝိန်သည် ဓာတ်ပုံတစ်ပုံဖြင့် သဘာဝပတ်ဝန်းကျင်ရိုက်ကူးခြင်းအား ဖော်ပြလိုက်ပါသည်။ သူသည် ယူနန်ပြည်နယ်တွင် တယ်ဟုန်ပြည်နယ်ခွဲ ရင်ကျန်းခရိုင်တွင် တရုတ်နိုင်ငံအမျိုးသား ပထမအဆင့် သဘာဝဘေးမဲ့ ကာကွယ်ထားသော တောရိုင်းတိရစ္ဆာန် ဖြစ်သည့် Great Hornbill အောက်ချင်းငှက်ကို ရိုက်ကူးခဲ့ပါသည်။ ဤဓာတ်ပုံကို “ရှားပါးသည့် ဖြစ်ရပ်ဆန်း”ဟု အမည်ပေးထားပါသည်။
ချန်ကျန့်ဝိန်သည် “ရှားပါးသည့် ဖြစ်ရပ်ဆန်း”ရိုက်ကူးသည့် နောက်ခံအကြောင်းအရာ များကို ဖော်ပြခဲ့ပါသည်။ ငှက်မကြီးသည် သစ်ပင်တွင်း၌ နှစ်လကျော်ကြာ ဥဖေါက်ရာမှ ငှက်ကလေး မွေးဖွားခဲ့ပါသည်။ သစ်ပင်ပေါက်အတွင်းရှိ ငှက်မကြီးနှင့် ငှက်ကလေးတို့ အာဟာရဓာတ်များ ပို၍ လိုအပ်ပြီး ဘယ်ရီသီးတွေ များစွာ ကျွေးမွေးသည့်အပြင် ပရိုတင်းဓာတ် ဖြည့်စွက်ရန်လည်း လိုအပ်ပါသည်။ သူရိုက်ကူးသည့် မြင်ကွင်းမှာမူ ငှက်အထီးသည် အစာရှာဖွေပြီး သစ်ပင်ပေါက်ဝသို့ ပြန်ရောက်လာကာ ငှက်မကြီးနှင့် ငှက်ကလေးတို့အား ကျွေးမွေးရန် ပြင်ဆင်နေသည့်မြင်ကွင်းပင် ဖြစ်ပေသည်။
သဘာဝပတ်ဝန်းကျင်ရိုက်ကူးရေးမှာ သဘာဝတရား၏ အလှတရားကို ဖော်ပြနိုင်ပြီး လူနှင့်သဘာဝအကြား သဟဇာတဖြစ်မှုသဘောတရားကိုလည်း မြှင့်တင်နိုင်မည်ဖြစ်ကြောင်း ချန်ကျန့်ဝိန်က ပြောပြပါသည်။
(အရင်းအမြစ် - တယ်ဟုန်ပြည်နယ်ခွဲ ပါတီကော်မတီပြန်ကြားရေးဌာန။ ဘာသာပြန် - Yunnan gateway)