တရုတ်နိုင်ငံမှ ကူညီတည်ဆောက်ပေးသည့် မော်လ်တာသင်္ဘောကျင်း လုပ်ငန်းလည်ပတ်လျက်ရှိ

2022-04-25 17:20:38 |သတင်းအရင်းအမြစ် 新华网

မော်လ်တာနိုင်ငံ၊ ဗယ်လက်တာဆိပ်ကမ်းရှိ တန်ချိန် ၃၀၀,၀၀၀ ရှိသည့် အမှတ် ၆ သင်္ဘောကျင်းကို ၁၉၇၅ ခုနှစ်မှ ၁၉၈၀ ပြည့်နှစ်အတွင်း တရုတ်နိုင်ငံက ကူညီတည်တည်ဆောက်ပေးခဲ့ခြင်းဖြစ်သည်။ ၎င်းမှာ ထိုစဉ်က မြေထဲပင်လယ်ဒေသ၏ အကြီးဆုံး သင်္ဘောတည်ဆောက်ရေးနှင့် ပြုပြင်ရေးစခန်းဖြစ်ကြောင်း သိရသည်။

သင်္ဘောကျင်း တရားဝင်လည်ပတ်ချိန် ၁၉၈၁ ခုနှစ် ဇန်နဝါရီမှစ၍ အမှတ် ၆ သင်္ဘောကျင်းသည် လုပ်ငန်းလည်ပတ်မှု ဆက်တိုက်ဆောင်ရွက်လျက်ရှိပြီး မော်လ်တာ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် အထူးသဖြင့် သင်္ဘောပြုပြင်ရေးလုပ်ငန်းတွင် အရေးကြီးသော အခန်းကဏ္ဍမှ ပါဝင်ခဲ့သည်။(Xinhua)