ပေကျင်းမြို့တွင် nucleic acid စစ်ဆေးသော နေရာများ ပိုမိုတိုးချဲ့မည်

2022-04-26 20:13:58 |သတင်းအရင်းအမြစ် 新华网

တရုတ်နိုင်ငံ ပေကျင်းမြို့တော်၊ Fengtai ခရိုင်ရှိ ယာယီ nucleic acid စစ်ဆေးသည့်နေရာ၌ စစ်ဆေးမှုခံယူရန် တန်းစီစောင့်ဆိုင်းနေသူများအား ၂၀၂၀ ပြည့်နှစ် ဇွန် ၁၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံ ပေကျင်းမြို့တွင် ကိုဗစ်-၁၉ ရောဂါ တိုက်ဖျက်ရေး ကြိုးပမ်းအားထုတ်မှုများအဖြစ် ဧပြီ ၂၆ ရက်မှ ၃၀ ရက်အထိ နေရာ ၁၁ ခု၌ တတိယအကြိမ် nucleic acid စစ်‌ဆေးမှု ပြုလုပ်သွားမည်ဖြစ်ကြောင်း ဒေသခံအာဏာပိုင်များက ဧပြီ ၂၅ ရက် သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။အဆိုပါ ရောဂါစစ်ဆေးခြင်းတွင် Xicheng, Dongcheng, Haidian, Fengtai, Shijingshan, Fangshan, Tongzhou, Shunyi, Changping, Daxing စသည့် ခရိုင်များနှင့် ပေကျင်း စီးပွားရေး-နည်းပညာ ဖွံ့ဖြိုးတိုးတက်မှုဧရိယာ၌ နေထိုင်သူများအား လွှမ်းခြုံမည်ဖြစ်ကြောင်း ပေကျင်း မြူနီစီပယ်အစိုးရက ပြောရေးဆိုခွင့်ရှိသူ Xu Hejian က ပြောခဲ့သည်။

ပေကျင်းမြို့၌ ချောင်ယန်ခရိုင်တွင် ဒေသတွင်း ရောဂါကူးစက်မှုအသစ် တွေ့ရှိခဲ့ပြီးနောက် ခရိုင်တစ်ခွင် nucleic acid စစ်ဆေးခြင်းကို ဧပြီ ၂၅ ရက်က စတင်ခဲ့ကြောင်း၊ ယင်းခရိုင်အတွင်း နောက်ထပ်နှစ်ကြိမ်စစ်ဆေးမှုများကို ဧပြီ ၂၇ ရက်နှင့် ဧပြီ ၂၉ ရက်တို့၌ ပြုလုပ်ရန် စီစဉ်ထားကြောင်း သိရသည်။

ဧပြီ ၂၅ ရက် ည ၈ နာရီအထိ အဆိုပါ ခရိုင်ရှိ ပြည်သူ ၃.၆၉ သန်းကျော်ထံမှ ရောဂါစစ်ဆေးမှုနမူနာများ ရရှိပြီးဖြစ်ကြောင်း၊ ၅၂၆,၄၅၇ ဦး၌ ရောဂါပိုးမတွေ့ရှိခဲ့ကြောင်း၊ ကျန်ရှိသူများ၏ ရောဂါစစ်ဆေးမှု အဖြေများမှာမူ မရရှိသေးပေ။

ပေကျင်းမြို့တော်၌ ပြဇာတ်တင်ဆက်ဖျော်ဖြေမှုများ၊ အားကစားပွဲအပြင် ကုန်စည်ပြပွဲများနှင့် အရောင်းမြှင့်တင်ပွဲများ စသဖြင့် လူများစွာပါဝင်စုဝေးခြင်းများကို တားမြစ်ထားသလို လေ့ကျင့်ရေးသင်တန်းကျောင်းများပြီးနောက် လူကိုယ်တိုင်တက်ရောက်ရသော သင်တန်းများနှင့် လှုပ်ရှားမှုများအပြင် နေအိမ်ပြုပြင်ထိန်းသိမ်းခြင်းနှင့် ဆောက်လုပ်ရေးစီမံကိန်းများကို ရပ်နားထားကြောင်း Xu က ပြောခဲ့သည်။

ပေကျင်းမြို့ရှိ နေ့စဉ်သုံးမရှိမဖြစ်ပစ္စည်းများ ပံ့ပိုးခြင်းမှာလည်း ယခုအခါ ထိရောက်၍ တည်ငြိမ်မှုရှိကြောင်း ၎င်းက ဖြည့်စွက်ပြောခဲ့သည်။

ပေကျင်းမြို့တွင် ဧပြီ ၂၄ ရက် ညနေ ၄ နာရီမှ ဧပြီ ၂၆ ရက် ညနေ ၄ နာရီကြား ဒေသတွင်း ကိုဗစ်-၁၉ ရောဂါအတည်ပြုလူနာ ၂၉ ဦးရှိခဲ့ကြောင်း သတင်းဖော်ပြခဲ့သည်။ ဧပြီ ၂၂ ရက်မှစ၍ ဒေသတွင်း ရောဂါကူးစက်မှု စုစုပေါင်း ၇၀ ဦးရှိပြီပြီဖြစ်ကြောင်း ပေကျင်း မြူနီစီပယ် ရောဂါကာကွယ်၊ ထိန်းချုပ်ရေးစင်တာ လက်ထောက်အကြီးအကဲ Pang Xinghuo က ပြောခဲ့သည်။ (Xinhua)