ဧပြီလ(၁၉)ရက်နေ့ နံနက်ခင်းပိုင်းတွင် Huang Jianheသည် မိမိကိုယ်ပိုင် သိုးမွေးမြူရေးခြံသို့ ရောက်ရှိ ခဲ့ပြီး သိုးရာပေါင်းများစွာကို အစာကျွေးခဲ့သည်။ သိုးကလေးများ “ဘာ ဘာ”အော်သံ ကြားလိုက်ရသည်နှင့် Huang Jianhe ၏ စိတ်ထဲတွင် သက်တောင့်သက်တာ ရှိနေပါသည်။
Huang Jianhe သည် ကျန်းရှီးပြည်နယ် ကန်းကျိုးမြို့ ချုံရီခရိုင် ဟိန်ရွှေမြို့နယ် စမ်းခိမ်းရွာ ရွာသားတစ်ဦး ဖြစ်ပါသည်။ ဒေသတွင်း တောင်ကုန်းတောင်တန်းများပြားပြီး အပင်များစိမ်းစိုနေကာ တောင်ရှိရေရှိ သောကြောင့် သိုးမွေးမြူရန်အတွက် အလွန်သင့်လျော်ပါသည်။ အစိုးရ၏ တက်ကြွသောအားပေးပံ့ပိုးမှုနှင့် လမ်းညွှန်မှုအောက်တွင် သူသည် ဤနေရာ၌ သိုးမွေးမြူရေးလုပ်ငန်းကို ဖွံ့ဖြိုးအောင် လုပ်ဆောင်နိုင်ခဲ့သည်။
“သိုးတွေစားတာက သဘာဝအတိုင်းပေါက်ရောက်ကြီးထွားတဲ့ မြက်ချို သောက်တာက သဘာဝ တောင်ပေါ်စမ်းရေ ဖြစ်ပါတယ်” ဟု Huang Jianheက ပြောသည်။ သဘာဝအတိုင်း မွေးမြူသော သိုး၏အသားမှာ လတ်ဆတ်ပြီး အာဟာရ တန်ဖိုးမြင့်မားသောကြောင့် စားသုံးသူများက အထူးကြိုက်နှစ်သက်ကြသည်။ “ယခုနှစ် နှစ်ကုန်ပိုင်းမှာ အကောင် (၃၀၀)ကို သားသတ်ရုံကို ပို့ပေးရမှာပါ။ ခန့်မှန်းခြေ ယွမ်(၂.၄)သိန်းကျော် (သိန်း(၇၂)ကျပ်ခန့်) ဝင်ငွေ ရရှိမယ်လို့ ခန့်မှန်းထားပါတယ်” ဟု ဟွမ်ဟော်ကျန့် ကပြောပါသည်။
( အရင်းအမြစ်၊ Xinhua၊ ဘာသာပြန်၊ Yunnan gateway)