နိုင်ငံများစွာတွင် ကလေးများသည် အကြောင်းရင်း ရှင်းလင်းစွာမသိရသေးသော အသည်းရောင်ရောဂါ ကြုံတွေ့နေ

2022-04-26 20:18:36 |သတင်းအရင်းအမြစ် 光明日报

မကြာသေးမီက ကမ္ဘာ့တစ်ဝန်းတွင် လက်ရှိ အကြောင်းရင်းရှင်းလင်းစွာမသိရသေးသော အသည်းရောင်အသားဝါကလေးလူနာ ၁၆၉ ဦး တွေ့ရှိလျက်ရှိပြီး ၎င်းတို့အနက် တစ်ဦးသည် အသက်ဆုံးရှုံးခဲ့ကြောင်း၊ အင်္ဂလန်နိုင်ငံ တစ်ခုတည်းတွင် ကလေးလူနာ ၁၁၄ ဦးတွေ့ရှိပြီး ၎င်းတို့အနက် ၁၀ ဦးသည် အသည်းအစားထိုးကုသမှု လိုအပ်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးမှ ယခုရက်ပိုင်းတွင် ကြေညာခဲ့သည်။

သက်ဆိုင်ရာ၏မိတ်ဆက်ချက်အရ ယခုနှစ် ဧပြီလကစတင်ကာ အင်္ဂလန်နိုင်ငံတွင် ပထမဆုံးအကြိမ် အဆိုပါအကြောင်းရင်းမသိရသေးသော အသည်းရောင်ရောဂါကို စတင်ကြုံတွေ့ခဲ့ရပြီး ကူးစက်ခံရသူမှာ ကျန်းမာသော ကလေးများ ဖြစ်နေသည်။ ဧပြီလ ၂၁ ရက်နေ့အထိ အင်္ဂလန်နိုင်ငံအပြင် အမေရိကန်၊ စပိန်၊ အစ္စရေး၊ ဒိန်းမတ်၊ အိုင်ယာလန်၊ ဟော်လန်၊ အီတလီ၊ နော်ဝေး၊ ပြင်သစ်၊ ရူမေးနီးယားနှင့် ဘယ်လ်ဂျီယမ်စသည့်နိုင်ငံတို့၌လည်း အဆိုပါရောဂါ ကြုံတွေ့နေကြရသည်။

ဂျပန်နိုင်ငံအသံလွှင့်ဌာနဖြစ်သည့် Japan Broadcasting Corporation ၏ သတင်းအရ ဂျပန်တွင် အသက် ၁၆ နှစ်အောက် ကလေးတစ်ဦးသည် ဥရောပနှင့် အမေရိကန်နိုင်ငံတို့တွင် ကြုံတွေ့နေရသော အသည်းရောင်ရောဂါလက္ခဏာ ဖြစ်နိုင်ဖွယ်လူနာတွေ့ရှိခဲ့ကြောင်း ကြေညာခဲ့သည်။

ယခုလတ်တလောတင်ပြသော ရောဂါလက္ခဏာဆိုင်ရာအကြောင်းအရာအရ လူနာများသည် ဝမ်းလျှောခြင်း၊ အန်ခြင်း စသည့်ရောဂါလက္ခဏာများ ခံစားကြရပြီး များသောအားဖြင့် ဖျားနာခြင်းလက္ခဏ မရှိပေ။ ထို့ပြင် အဖြစ်များသော အသည်းရောင်ဗိုင်းရပ်ရောဂါပိုး A၊ B၊ C ၊ D နှင့် E တို့ကိုလည်း မတွေ့ရှိကြောင်း သိရသည်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ ကြေညာချက်အရ ယခုအကြိမ် အသည်းရောင်ရောဂါကူးစက်ခံရသော ကလေးများသည် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံခြင်းမရှိသောကြောင့် ကိုဗစ်-၁၉ ကာကွယ်ဆေး၏ ဆိုးကျိုးထိခိုက်မှုကြောင့် အသည်းရောင်ရောဂါဖြစ်ပွားခြင်း ဟူသောယူဆချက်ကို လက်ခံခြင်း မရှိသေးပေ။ ယခုအချိန်တွင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့သည် သက်ဆိုင်ရာအခြေအနေကို အနီးကပ် ကြီးကြပ်စောင့်ကြည့်နေပြီး တစ်ချိန်တည်းတွင် အင်္ဂလန်စသည့်နိုင်ငံနှင့် သက်ဆိုင်ရာဆေးကုခြင်းများ ပူးပေါင်းဆောင်ရွက်မှုကို ပြုလုပ်နေကြောင်း သိရသည်။
(အရင်းအမြစ် - Guangming နေ့စဥ်သတင်းစာ၊ ဘာသာပြန် - Yunnan gateway)