ရှီက လူငယ်များနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် Renmin တက္ကသိုလ်သို့ သွားရောက်လည်ပတ်

2022-04-26 20:31:51 |သတင်းအရင်းအမြစ် 新华网

တရုတ်နိုင်ငံကွန်မြူနစ်ပါတီ ဗဟိုကော်မတီ(CPC) အထွေထွေအတွင်းရေးမှူးချုပ် ရှီကျင့်ဖိန်သည် ၂၀၂၂ ခုနှစ် ဧပြီ ၂၅ ရက်တွင် ပေကျင်းမြို့ရှိ Renmin တက္ကသိုလ်မှ ကျောင်းသားကျောင်းသူများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံစဉ် (ဆင်ဟွာ)

 

တရုတ်နိုင်ငံကွန်မြူနစ်ပါတီ ဗဟိုကော်မတီ(CPC) အထွေထွေအတွင်းရေးမှူးချုပ် ရှီကျင့်ဖိန်သည် မေ ၄ ရက်တွင် ကျရောက်မည့် တရုတ်နိုင်ငံ၏ “လူငယ်များနေ့”ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ယနေ့ ဧပြီ ၂၅ ရက်တွင် ပေကျင်းမြို့ရှိ Renmin တက္ကသိုလ် (Renmin University of China) သို့သွားရောက်လည်ပတ်ကာ ကျောင်းသားကျောင်းသူများနှင့်ရင်းရင်းနှီးနှီးတွေ့ဆုံ နှုတ်ဆက်ခဲ့ကြောင်း သိရသည်။

ရှီသည် ယင်းတက္ကသိုလ်ရှိ တွေးခေါ်ယုံကြည်ချက်- နိုင်ငံရေးအသိပညာ၏ ပြုပြင်ပြောင်းလဲမှု နှင့် တီထွင်ဆန်းသစ်မှုအကြောင်းအရာ သင်ကြားပို့ချပေးနေသည့် တွေးခေါ်ယုံကြည်ချက်- နိုင်ငံရေးပညာရပ်ဆိုင်ရာ အသိဉာဏ်ဗဟုသုတစာသင်ခန်းတစ်ခုသို့သွားရောက်လေ့လာခဲ့သည်။

ထို့ပြင် ရှီသည် ကျောင်း၏သမိုင်းကြောင်း ၊ ယင်း၏ သင်ကြားရေး နှင့် သုတေသနအပိုင်းအောင်မြင်မှုများကို လေ့လာသိရှိနိုင်ရန် တက္ကသိုလ်ပြတိုက် နှင့် စာကြည့်တိုက်သို့လည်း သွားရောက်ခဲ့ပြီး ရှေးဟောင်း စာအုပ်စာပေများ နှင့် ပညာရပ်ဆိုင်ရာရေးသားချက်များ အသုံးပြုခြင်း နှင့် ကာကွယ်စောင့်ရှောက်ခြင်း ကြိုးပမ်းအားထုတ်မှုများအပြင် သုသေတနရလဒ်များအား တိုးမြှင့်လုပ်ဆောင်ခြင်းနှင့်ပတ်သက်၍လည်း ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။

တရုတ်ကွန်မြူနစ်ပါတီဗဟိုကော်မတီအထွေထွေအတွင်းရေးမှူးချုပ်ရှီကျင့်ဖိန်သည် ယင်းတက္ကသိုလ်ရှိ ဆရာဆရာမများ နှင့်ကျောင်းသားကျောင်းသားများနှင့်အတူ စကားဝိုင်းဆွေးနွေးမှုတစ်ခုတွင် သဘာပတိအဖြစ်ဆောင်ရွက်ခဲ့ကြောင်းလည်း သိရသည်။ (Xinhua)