တရုတ်နိုင်ငံမှ ကူညီပံ့ပိုးသော လာအို စာတိုက်နှင့်ကြေးနန်း နည်းပညာ အင်စတီကျု စီမံကိန်း စတင်

2022-04-27 18:54:10 |သတင်းအရင်းအမြစ် 新华网

လာအိုနိုင်ငံ မြို့တော် ဗီယင်ကျန်းတွင် ကျင်းပသည့် တရုတ်နိုင်ငံမှ ကူညီပံ့ပိုးသော လာအို စာတိုက်နှင့်ကြေးနန်း နည်းပညာ အင်စတီကျု ပန္နတင်အခမ်းအနားအား ဧပြီ ၂၅ ရက်တွင် တွေ့ရစဉ်(ဆင်ဟွာ)

တရုတ်နိုင်ငံမှ ကူညီပံ့ပိုးသည့် လာအို စာတိုက်နှင့်ကြေးနန်း နည်းပညာ အင်စတီကျု စီမံကိန်းတည်ဆောက်မှုကို ဧပြီ ၂၅ ရက်တွင် တရားဝင် စတင်ခဲ့သည်။ အဆိုပါစီမံကိန်း ပန္နတင်အခမ်းအနားကို လာအိုနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံအမတ်ကြီး ကျန်းကျိုက်တုန်းနှင့် လာအိုနိုင်ငံ နည်းပညာနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ဝန်ကြီး Boviengkham Vongdaraတို့ တက်ရောက်ခဲ့ကြသည်။
လာအိုနိုင်ငံ မြို့တော် ဗီယင်ကျန်းတွင် တည်ရှိသည့် ယင်းစီမံကိန်းတွင် ဆောက်လုပ်ရေး ဧရိယာ စတုရန်မီတာ ၅,၅၀၀ တွင် စာသင်ခန်း၊ ဓါတ်ခွဲခန်း၊ စာကြည်တိုက် စသည့်တို့ပါဝင်သော စာသင်ကျောင်းဆောင် တည်ဆောက်သွားမည်ဖြစ်ကြောင်း သိရသည်။ China Railway Construction Group Co., Ltd. (CRCG)က ခေတ်မီအဆောက်အဦဒီဇိုင်းကို အခြေခံကာ လာအိုရိုးရာအစဉ်အလာအမှတ်သင်္ကေတများ ပေါင်းစည်း၍ ဒေသ၏အမှတ်သညာနှင့်အမျိုးသားရေးလက္ခဏာများပါဝင်သည့် ပညာရေးမွမ်းမံစခန်းအဖြစ် တည်ဆောက်မည် ဖြစ်ကြောင်း သိရသည်။

အခမ်းအနားတွင် တရုတ် သံအမတ်ကြီး ကျန်းကျိုက်တုန်းက ကံကြမ္မာတူအကျိုးတူအသိုက်အဝန်းအနေဖြင့် လာအို၏ပညာရေးကဏ္ဍအဆင့်မြှင့်တင်ရေး၊ လူရည်ချွန်ပျိုးထောင်ရေးအတွက် ဆက်လက်ကူညီပံ့ပိးသွားမည်ဖြစ်ပြီး လာအို လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးနှင့်နှစ်နိုင်ငံ လက်တွေ့ပူးပေါင်းဆောင်ရွက်ရေးအတွက် ဝန်ဆောင်မှုပေးသွားမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

လာအိုနိုင်ငံ နည်းပညာနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ဝန်ကြီး Boviengkham Vongdaraက လာအိုနိုင်ငံ၏ သတင်းအချက်အလက် နည်းပညာ၊ ပညာရေးကဏ္ဍဖွံ့ဖြိုးရေးအတွက် တရုတ်နိုင်ငံက ကူညီအကျိုးဆောင်ပေးမှုအား ကျေးဇူးတင်ရှိကြောင်းနှင့် ပူးပေါင်းဆောင်ရွက်ရေးအလားအလာများကို နက်ရှိုင်းစွာ ဆောင်ရွက်ကာ လာအို-တရုတ် ပူးပေါင်းဆောင်ရွက်ရေးအဆင့်ကို မြှင့်တင်သွားမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဆောက်လုပ်ရေးစီမံကိန်းစတင်ပြီးနောက် တရုတ်နိုင်ငံမှ လာအိုနိုင်ငံရှိ ဆရာ၊ဆရာမများအား အသိအမှတ်ပြု သင်ကြားရေးမွမ်းမံသင်တန်းများ ဆောင်ရွက်ပေးမည်ဖြစ်ရာ ဆောက်လုပ်ရေးကာလအတွင်း ဆရာ၊ဆရာမနှင့်ကျောင်းသားကျောင်းသူ ၃၁၂ ဦးအား သင်ကြားပို့ချပေးနိုင်ရန် စီစဉ်ထားကြောင်း သိရသည်။ (Xinhua)