ရှန်ဟိုင်းရှိ ကမ္ဘာ့ထိပ်တန်းကုမ္ပဏီ ၅၀၀ စာရင်းဝင် ကုမ္ပဏီများ ထုတ်လုပ်ရေးပြန်လည်စတင်

2022-04-27 18:55:33 |သတင်းအရင်းအမြစ် 新华网

တရုတ်နိုင်ငံ အရှေ့ပိုင်း ရှန်ဟိုင်းမြို့တွင် အလိုအလျောက်မောင်းနှင်သော ပို့ဆောင်ရေးမော်တော်ယာဉ် လမ်းကြောင်း ဖော်ဆောင်နေသော အလုပ်သမားတစ်ဦးအား ဧပြီ ၂၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

 

တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့တွင် ကိုဗစ်-၁၉ ရောဂါ တစ်ကျော့ပြန်ဖြစ်ပွါးနေစဉ်မှာပင် တရုတ်မော်တော်ကား ထုတ်လုပ်သူ SAIC Motor ရှိ အလုပ်သမား ၄,၀၀၀ ကျော်မှာ ဗိုင်းရပ်စ်ကြောင့် ရပ်နားထားရာမှ လုပ်ငန်းပြန်လည်စတင်လျက်ရှိကြောင်း သိရသည်။
ဧပြီ ၁၈ ရက်မှစ၍ ကမ္ဘာ့ထိပ်တန်းကုမ္ပဏီ ၅၀၀ စာရင်းဝင် ကုမ္ပဏီ၏ မော်တော်ယာဉ်အလုံးစုံနှင့် အစိတ်အပိုင်းများ ထုတ်လုပ်သူများနှင့် ထောက်ပံ့သယ်ပို့ရေးလုပ်ငန်းခွဲ သည် လုပ်ငန်းနှင့် ထုတ်လုပ်မှု ပြန်လည်စတင်ခြင်းအတွက် စမ်းသပ်မှု စတင်ခဲ့ကြောင်း၊ ဝန်ထမ်းများ၊ ထောက်ပံ့ကွင်းဆက်၊ ထုတ်လုပ်ရေးစီမံခန့်ခွဲမှုနှင့် ကူးစက်ရောဂါ ကာကွယ်ရေးဆောင်ရွက်ချက်များကို အလေးထားဆောင်ရွက်လျက်ရှိကြောင်း SAIC Motor ၏ ခရီးသည်တင်မော်တော်ယာဉ်ရုံးခွဲ အကြီးအကဲ Huang Jianying က ပြောကြားခဲ့သည်။

တရုတ်နိုင်ငံ (ရှန်ဟိုင်း) ရှေ့ပြေး လွတ်လပ်သောကုန်သွယ်မှုဇုန်တွင် တည်ရှိသော အဆိုပါ ရုံးခွဲ စက်ရုံမှ ဧပြီ ၁၉ ရက်က ပထမဆုံး ပေါ်ထွက်လာခဲ့ချိန်မှစ၍ မော်တော်ယာဉ်အပြီးအစီး ၇၀၀ ကျော် ထွက်ရှိလာခဲ့ကြောင်း သိရသည်။

ထောက်ပံ့မှုကွင်းဆက် ဆက်လက်တည်ငြိမ်နေပါက စက်ရုံ၏ ထုတ်လုပ်မှုမှာ ဖြည်းဖြည်းချင်း မြင့်တက်လာမည်ဖြစ်ကြောင်း ၎င်းရုံးခွဲ၏ လက်ထောက်အထွေထွေမန်နေဂျာ Ji Qiwei က ပြောခဲ့သည်။

“ထုတ်လုပ်ရေးရော ကူးစက်ရောဂါကာကွယ်ရေးရော နှစ်ခုလုံးက ထိထိရောက်ရောက်အရေးပါကြောင်း ကျွန်တော်တို့ မှတ်ယူထားပါတယ်” ဟု Huang က ဆိုသည်။

စက်ရုံသည် ဘေးကင်းလုံခြုံရေးစမ်းသပ်မှုမလုပ်ဆောင်မီ ကူးစက်ရောဂါကာကွယ်ရေး၊ ကျန်းမာရေး စောင့်ကြည်ခြင်းနှင့် အရေးပေါ်ဆိုင်ရာ မြောက်များစွာသော အစီအစဉ်များကို ဖော်ဆောင်နေသည်သာမက လုံခြုံရေး၊ ထောက်ပံ့သယ်ပို့ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးဆိုင်ရာ ကျွမ်းကျင်ပညာရှင်အဖွဲ့ ၈ ဖွဲ့ကိုလည်း ဖွဲ့စည်းထားကြောင်း၊ ယင်းအဖွဲ့များသည် ရောဂါကာကွယ်ရေး ဆောင်ရွက်ချက်များ အကောင်အထည်ဖော်ခြင်းနှင့် ထုတ်လုပ်ရေး၊ စက်ပစ္စည်းများနှင့် နေထိုင်သောဧရိယာ်များ၌ ပိုးသတ်ဆေးဖျန်းခြင်းများကို တာဝန်ယူလျက်ရှိကြောင်း သိရသည်။

ထောက်ပံ့ကွင်းဆက်နှင့် ထောက်ပံ့သယ်ပို့ကဏ္ဍာရှိ စိန်ခေါ်မှုများအဖြစ် SAIC Motor သည် ကူးစက်ရောဂါ ကာကွယ်ရေးနှင့် ထုတ်လုပ်မှု ပြန်လည်စတင်ရေး အဆင့်မြှင့်တင်ရာ၌ အထောက်အကူပြုသလို ရောင်းချသူများ၏ ထုတ်လုပ်မှုစွမ်းရည်၊ စက်ရုံနှင့် ကုန်ကြမ်းပစ္စည်းများ၏ ဘက်စုံပြည့်စုံသော စစ်တမ်းတစ်ခုကိုလည်း ဆောင်ရွက်လျက်ရှိကြောင်း Huang က ဆိုသည်။

အမေရိကန် မော်တော်ကားထုတ်လုပ်သူ Tesla ၏ ရှန်ဟိုင်းစက်ရုံကလည်း ဧပြီ ၁၉ ရက်တွင် ထုတ်လုပ်မှု တရားဝင်ပြန်လည်စတင်ကြောင်းနှင့် အလုပ်သမား ၈,၀၀၀ ခန့် လုပ်ငန်းခွင်သို့ ပြန်လည်ဝင်ရောက်နေပြီဖြစ်‌ကြောင်း ကုမ္ပဏီက ပြောကြားခဲ့သည်။

ကုမ္ပဏီအနေဖြင့် အနီးကပ်စီမံခန့်ခွဲမှုအောက်တွင် လုပ်ငန်းလုပ်ဆောင်သွားမည်ဖြစ်ကြောင်းနှင့် ကမ္ဘာ့ဈေးကွက်သို့ တင်ပို့မှုများကိုလည်း ဖြည်းဖြည်းချင်း ဆောင်ရွက်သွားမည်ဖြစ်သည်။
ဧပြီ ၁၉ ရက် နံနက်ပိုင်းတွင် ဘတ္တရီနှင့် မော်တော်ကား အလုပ်ရုံများ ထုတ်လုပ်ရေးပြန်လည်စတင်လျက် ရှိကြောင်းနှင့် စက်ရုံမှာမူ မွန်းလွဲပိုင်း၌ မော်တော်ယာဉ်ထုတ်လုပ်မှု တရားဝင်စတင်ခဲ့ကြောင်း ယင်းစက်ရုံ၏ ထုတ်လုပ်မှုနှင့် လည်ပတ်မှု ဒါရိုက်တာ Song Gang ၏ ပြောကြားချက်အရ သိရသည်။

“ပထမဆုံးနေ့မှာတော့ ထုတ်လုပ်ရေးက ပုံမှန်နှုန်းထက် ၈၀ ကနေ ၉၀ ရာခိုင်နှုန်းအထိ လည်ပတ်နိုင်ပြီးတော့ စက်ရုံအနေနဲ့ အပြည့်အဝလည်ပတ်စွမ်းဆောင်နိုင်ရေးအတွက် ထုတ်လုပ်မှုကို ဖြည်းဖြည်းချင်း မြှင့်တင်သွားမှာပါ” ဟု Song က ဆိုသည်။

စက်ရုံဝန်ထမ်းများအားလုံးကို နေ့တိုင်း nucleic acid စစ်ဆေးမှု ပြုလုပ်သွားမည်ဖြစ်သည်။ စက်ရုံ၏ ထုတ်လုပ်ရေးနှင့် ရုံးခန်းဧရိယာများကိုလည်း ပိုးသတ်ဆေးဖျန်းခြင်းလုပ်ငန်းကို တင်းတင်းကျပ်ကျပ် ဆောင်ရွက်ရန် ညွှန်ကြားထားသလို ကူးစက်ရောဂါကာကွယ်ရေး ဆောင်ရွက်ချက်များကို ဘေးကင်းသော ကုန်ထုတ်လုပ်မှုဖြစ်စေရန် ဆောင်ရွက်လျက်ရှိကြောင်း ကုမ္ပဏီက ပြောခဲ့သည်။

“ကျွန်တော်တို့ တရုတ်နိုင်ငံရဲ့ စီးပွားရေးကို အပြည့်အဝယုံကြည်မှုရှိပါတယ်” ဟု Tesla ဒုတိယဥက္ကဋ္ဌ Tao Lin က ပြောခဲ့သည်။ “ လက်ရှိ ထုတ်လုပ်မှု ပြန်လည်စတင်ခြင်းလုပ်ငန်းကနေ စိန်ခေါ်မှုတွေ ရင်ဆိုင်ဖြေရှင်းဖို့ တရုတ်နိုင်ငံရဲ့ စွမ်းဆောင်ရည်ကို ကျွန်တော်တို့ မြင်တွေ့ခဲ့ရပြီးဖြစ်သလို မကြာခင်မှာ ပုံမှန်ဖြစ်လာမယ်လို့ ကျွန်တော်တို့ ယုံကြည်ပါတယ်”

ထို့ပြင် အစိုးရဌာနများစွာကလည်း စီးပွားရေးလုပ်ငန်းများ နှင့် ထုတ်လုပ်မှုများ ဖြစ်နိုင်သမျှ မြန်မြန် ပြန်လည်စတင်နိုင်ရေး ကူညီရန် အချိန်နှင့်တစ်ပြေးညီနီးပါး ဆောင်ရွက်ချက်ရှိကြောင်း Tao က ပြောခဲ့သည်။

Tesla ကုမ္ပဏီက ဆက်စပ်သော အစိုးရဌာနများ၏ အကူအညီဖြင့် ကုန်ထုတ်လုပ်မှုလုပ်ငန်း ၁၀၀ ကျော်တွင် ထုတ်လုပ်မှု ပြန်လည်စတင်ခြင်းကို တက်ကြွစွာ ဆောင်ရွက်လျက်ရှိကြောင်း ပြောကြားခဲ့သည်။

ထို့ပြင် ပြင်သစ်နိုင်ငံမှ လက်လီရောင်းချကုမ္ပဏီ Carrefour က ရှန်ဟိုင်းရှိ ၎င်းတို့၏ စတိုးဆိုင်များအားလုံးကို မေ ၁ ရက်တွင် အွန်လိုင်းစီးပွားရေးပြန်လည်စတင်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ဧပြီ ၂၃ ရက်အထိ ရှန်ဟိုင်းမြို့ရှိ Carrefour စတိုးဆိုင် ၈၀ ရာခိုင်နှုန်းကျော်မှာ အွန်လိုင်းစီးပွားရေး ပြန်လည်စတင်လျက်ရှိကြောင်း သိရသည်။

Carrefour သည် ဧပြီလမှစ၍ ဒေသခံများအတွက် ကုန်စည်များ ပိုမိုကောင်းမွန်စွာ ပေးအပ်နိုင်ရန်နှင့် မရှိမဖြစ် အသုံးအဆောင်များ ပံ့ပိုးပေးနိုင်ရန် ထောက်ပံ့သယ်ပို့ကုမ္ပဏီများနှင့် လုပ်ငန်းဆောင်ရွက်လျက်ရှိသည်။ စတိုးဆိုင်များကလည်း ယခုအခါ တစ်ရက်လျှင် မှာယူမှု ၁၀၀,၀၀၀ ကျော် ပေးပို့နိုင်ရန် အွန်လိုင်းစီးပွားရေး ပြန်လည်စတင်နေပြီဖြစ်ကြောင်း သိရသည်။

ရှန်ဟိုင်းမြို့ရှိ အဓိက စီးပွားရေးလုပ်ငန်း ၆၆၆ ခု၏ ၇၀ ရာခိုင်နှုန်းမှာ ကိုဗစ်-၁၉ ရောဂါ တစ်ကျော့ပြန်ဖြစ်ပွားနေသည့်ကြားမှ ထုတ်လုပ်ရေးလုပ်ငန်း ပြန်လည်စတင်နေပြီဖြစ်ကြောင်း ဒုတိယမြို့တော်ဝန် Zhang Wei က ဧပြီ ၂၂ ရက်က ပြောကြားခဲ့သည်။ (Xinhua)